စင်ကာပူက မြန်မာ အပါအဝင် အာရှနိုင်ငံသားအချို့ကို အရန်ရဲတပ်ဖွဲ့ဝင်အဖြစ်ခေါ်ယူခန့်အပ်ဖို့ စဉ်းစားနေဟုဆို
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၁၂
စင်ကာပူနိုင်ငံဟာ မြန်မာ ဖိလစ်ပိုင်၊ တရုတ် နှင့် အိန္ဒိယနိုင်ငံသားများကို အရန်ရဲတပ်ဖွဲ့ဝင်များ Auxiliary police officers (APOs) အဖြစ် ခေါ်ယူခန့်ထားဖို့ စဉ်းစာလျက်ရှိနေတယ်လို့ စင်ကာပူဥပဒေ နဲ့ ပြည်ထဲရေးဝန်ကြီး K Shanmugam က လွှတ်တော်အတွင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
စင်ကာပူနိုင်ငံဟာ အရန်ရဲတပ်ဖွဲ့ဝင်တွေကို စင်ကာပူနိုင်ငံသားတွေအပြင် မလေးရှားနဲ့ ထိုင်ဝမ်လူမျိုးတွေကို ခေါ်ယူခန့်အပ်ခဲ့ပေမယ့် လက်ရှိအချိန်မှာ ထိုင်ဝမ် လူမျိးများ ခေါ်ယူခန့်အပ်မှု လျော့နည်းကျဆင်းလာခဲ့တယ်လို့ သိရပါတယ်။
စင်ကာပူအရန်ရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေသူအားလုံးရဲ့ ၆၈ ရာခိုင်နှုန်းက စင်ကာပူနိုင်ငံသားတွေဖြစ်ပြီး မလေးရှား နဲ့ ထိုင်ဝမ်လူမျိုးတို့က ၃၂ ရာခိုင်နှုန်းရှိနေတယ်လို့ ဆိုပါတယ်။ စင်ကာပူပြည်ထဲရေးဝန်ကြီးဌာနက လက်ရှိအချိန်မှာ ထိုင်ဝမ်အပြင် အာရှဒေသအတွင်းရှိ နိုင်ငံများက နိုင်ငံသားတွေကို အရန်ရဲတပ်ဖွဲ့ဝင်တွေအဖြစ် လူသစ်စုဆောင်းဖို့ အစီစဉ်တွေရှိနေကြောင်း၊ လုံခြုံရေးဝန်ဆောင်မှုတွေအတွက် လိုအပ်ချက်တွေ ပြည့်မီအောင် အာရှနိုင်ငံအချို့က နိုင်ငံသားတွေကို စင်ကာပူအရန်ရဲတပ်ဖွဲ့ဝင်တွေအဖြစ် ခေါ်ယူခန့်ထားဖို့ စဉ်းစားနေကြောင်း ပြောဆိုထားပါတယ်။
ထိုင်ဝမ် မီဒီယာတွေက စင်ကာပူအရန်ရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်တဲ့ ထိုင်ဝမ်လူမျိုးတွေဟာ အလုပ်က ထွက်လိုနေကြောင်း၊ စင်ကာပူအရန်ရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ရမှုက အလွန်ပင်ပန်းနွမ်းလျကြောင်း၊ ထိုင်ဝမ်လူမျိုးတွေဟာ တစ်ရက်ကို အလုပ်ချိန် ၁၃ နာရီကျော် အလုပ်လုပ်ရပြီး တစ်လကို စင်ကာပူဒေါ်လာ ၂၆၇၅ ဒေါ်လာသာ ရရှိကြောင်း သိရပါတယ်။
စင်ကာပူအရန်ရဲတပ်ဖွဲ့ဟာ တရားဥပဒေစိုးမိုးရေးအတွက် စင်ကာပူရဲတပ်ဖွဲ့ကို ကူညီထောက်ပံ့ပေးရသူတွေဖြစ်ပြီး၊ အလုပ်ချိန်က အခြားသူတွေထက် ပိုများနေကြောင်း သိရပါတယ်။ စင်ကာပူဥပဒေနဲ့ ပြည်ထဲရေးဝန်ကြီး K Shanmugam က စင်ကာပူအရန်ရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်မယ့်လုပ်သားအရေအတွက် လျော့နည်းနေကြောင်း၊ စင်ကာပူနိုင်ငံမှာ အခြားအလုပ်ကိုင်အခွင့်အလမ်းတွေ ရွေးချယ်စရာရှိနေသလို ခန္ဓာကိုယ်ကြံ့ခိုင်မှုပိုင်းအခြေအနေများအရလည်း စင်ကာပူအရန်ရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်မယ့်အရေအတွက် ကျဆင်းလာခြင်းဖြစ်ကြောင်း ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လားရှိုးမြို့နယ်ရှိ နားကွမ်းတံတား မိုင်းခွဲဖျက်ဆီးခံရ
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း