လားရှိုးမြို့သည် အားလုံးအေးချမ်းနေပြီဖြစ်ကြောင်း မန်ဆူဆရာတော်ကြီး မိန့်ကြား
မြူနစ် (NSS) - ဇန်နဝါရီ ၉
ရှမ်းပြည်နယ်၊ လားရှိုးမြို့သည် အားလုံးအေးချမ်းနေပြီဖြစ် ကြောင်း သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက် ဆရာတော်ဒေါက်တာဘဒ္ဒန္တပုညနန္ဒက မိန့်ကြားသည်။
မန်ဆူဆရာတော်ကြီးသည် ယနေ့(ဇန်နဝါရီလ ၉ ရက်)တွင် ရုပ်သံဗီဒီယိုဖိုင်ဖြင့် လူမှုကွန်ရက်မှတစ်ဆင့် အထက်ပါကဲ့သို့ အသိပေးမိန့်ကြားခဲ့ခြင်းဖြစ်သည်။
ယခုရက်ပိုင်းအတွင်း၌ MNDAA၊ TNLA၊ AA မြောက်ပိုင်းလက် နက်ကိုင် (၃)ဖွဲ့သည် လားရှိုးမြို့ကို ဝင်ရောက်တိုက်ခိုက်မည်ဟူ သော ကောလာဟလသတင်းများ လူမှုကွန်ရက်စာမျက်နှာများ၌ ပျံ့နှံ့နေလျက်ရှိကြောင်း သိရသည်။
ယင်းကဲ့သို့ သတင်းများကြောင့် လားရှိုးမြို့ခံပြည်သူများအနေ ဖြင့် စိုးရိမ်စိတ်များဖြစ်ပေါ်ကာ နေရပ်စွန့်ခွာရန် ပြင်ဆင်မှုများရှိနေကြောင်းလည်း သတင်းများ ပျံ့နှံ့နေလျက်ရှိသည်။
ထို့ကြောင့် မန်ဆူဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တပုညနန္ဒက “အခုဟာက ဘာမှမဖြစ်တော့ပါဘူး။ လားရှိုးမြို့က အားလုံး အေးချမ်းသွားပါပြီ။ ကျန်တဲ့အပိုင်းတွေလည်းပဲ တဖြည်းဖြည်းနဲ့ အေးချမ်းဖို့ အခြေအနေရှိပါတယ်။ ဒီလထဲတောင်မှ လမ်းပန်းဆက်သွယ်မှုတွေ၊ ဘာတွေ အားလုံးပြေလည်မယ်လို့ သတင်းကြားရတယ်။ အဲဒါကြောင့်မိုလို့ အေးအေးချမ်းချမ်းနဲ့ နေကြနော်။ ဘာမှ မဖြစ်ပါဘူး။ အေးချမ်းသွားပါပြီ။ အားလုံးကို မေတ္တာပို့ ပေးနေပါတယ်” ဟု မိန့်ကြားထားသည်။
ထို့ပြင် သက်ဆိုင်ရာလူကြီးများအနေဖြင့်လည်း ပြည်သူများ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာဖြင့် မိမိတို့နေရာအသီးသီး၌ ပြန်လည်နေထိုင်နိုင်ရေးအတွက် ဆောင်ရွက်နေပြီဖြစ်ကြောင်း ကြားသိရသည်ဟု မန်ဆူဆရာတော်ကြီးက ထပ်မံမိန့်ကြားထားသည်။
“လူကြီးတွေလည်းပဲ နားလည်မှုပေးပြီးတော့မှ အကုန်လုံး တိုင်းသူပြည်သားလူအများတွေ စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ ကိုယ့် နေရာကို အေးအေးဆေးဆေးပြန်နိုင်အောင် ဆောင်ရွက်နေပြီဖြစ်တဲ့အကြောင်း ကြားသိရတဲ့အတွက်ကြောင့် ဝမ်းမြောက် ဝမ်းသာ ရှိကြပါစေလို့ မေတ္တာပေးပို့ပါတယ်” ဟု ဆရာတော်ကြီးက ဆက်လက်မိန့်ကြားသည်။
လက်ရှိတွင် မြောက်ပိုင်းလက်နက်ကိုင် (၃)ဖွဲ့သည် လားရှိုးမြို့ပတ်ပတ်လည်ရှိ နေရာဒေသများတွင် ရောက်ရှိနေပြီဖြစ် ကြောင်း ကောလာဟလသတင်းများလည်း ပျံ့နှံ့နေလျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဇန်နဝါရီ ၉ ရက်အတွက် ပြည်တွင်းနှင့် နိုင်ငံတကာက သတင်းများ
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း