Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နိုင်ငံပေါင်း(၁၅)နိုင်ငံမှ ရဟန်း၊ သီလရှင် နှင့် လူပုဂ္ဂိုလ်များဝင်ရောက်ဖြေဆိုသည့် ဒီပလိုမာ(ဗုဒ္ဓဓမ္မ)သင်တန်းဝင်ခွင့်စာမေးပွဲရန်ကုန်၌ကျင်းပ

ကျော် (NSS) - ဇန်နဝါရီ ၉

နိုင်ငံပေါင်း (၁၅)နိုင်ငံမှ ရဟန်း၊ သီလရှင် နှင့် လူပုဂ္ဂိုလ်များဝင်ရောက်ဖြေဆိုသည့် အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ ၂၀၂၄-၂ဝ၂၅ ပညာသင်နှစ် ဒီပလိုမာ (ဗုဒ္ဓဓမ္မ)သင်တန်းဝင်ခွင့်ရေးဖြေစာမေးပွဲအား ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါ စာမေးပွဲအား ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ဓမ္မပါလကုန်းမြေရှိ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ စာသင်ခန်းများအတွင်း၌ ယနေ့ (ဇန်နဝါရီလ ၉ ရက်)မှစတင်ကာ ကျင်းပခဲ့ခြင်းဖြစ်သည်။

စာမေးပွဲအား မြန်မာနိုင်ငံမှ ရဟန်း၊ သီလရှင်၊ လူပုဂ္ဂိုလ်များက ကိုယ်တိုင်လာရောက်ဖြေဆိုခဲ့ကြပြီး အခြားသောနိုင်ငံပေါင်း (၁၄)နိုင်ငံမှ ရဟန်း၊ သီလရှင် နှင့် လူပုဂ္ဂိုလ်များက Virtual Zoom Meeting Online System တို့ဖြင့်ဝင်ရောက်ဖြေဆိုခဲ့ကြကာ ဖြေဆိုသူပေါင်း (၁၇၈)ပါး/ဦး ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ရေးဖြေစာမေးပွဲဖြေဆိုပြီးပါက မနက်ဖြန် (ဇန်နဝါရီလ ၁၀ ရက်)တွင် လူတွေ့နှုတ်ဖြေစာမေးပွဲအား ဆက်လက်ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ဒီပလိုမာ(ဗုဒ္ဓဓမ္မ) သင်တန်းအသီးသီးကို မြန်မာနိုင်ငံ အပါအဝင်   ပြည် တွင်း၊ ပြည်ပ ၁၈ နိုင်ငံမှ သင်တန်းသား ရဟန်း၊ သီလရှင်၊ လူပုဂ္ဂိုလ် စုစုပေါင်း ၃၁၁ ပါး/ဦးတို့က တက်ရောက်သင်ယူလျက်ရှိကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ   ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်ကို ၁၉၉၈ ခုနှစ်တွင် စတင်တည်ထောင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

တက္ကသိုလ်တွင် ထေရဝါဒ ဗုဒ္ဓသာသနာတော် ကမ္ဘာတစ်ဝန်းလုံးတွင် ပြန့်ပွားစေရန်၊ ထေရဝါဒပိဋကတ်တော်များကို မူရင်းအတိုင်း လေ့လာသင်ယူလိုသည့် ပြည်တွင်း၊ ပြည်ပသင်တန်းသားများအား    လေ့ကျင့်သင်ကြားပေးနိုင်ရန်၊ ထေရဝါဒဗုဒ္ဓသာသနာ ပြန့်ပွားရေးအတွက် ပြည်တွင်း၊ ပြည်ပရှိ ဗုဒ္ဓဘာသာဆိုင်ရာ တက္ကသိုလ်များ၊ တက္ကသိုလ်၏ ရည်မှန်းချက်ကို အထောက်အကူပြုစေမည့် အခြားတက္ကသိုလ်များနှင့်အပြန်အလှန်ပူးပေါင်း ဆောင်ရွက်နိုင်စေရန်၊ ထေရဝါဒဗုဒ္ဓသာသနာ ပြန့်ပွားထွန်းကားရေးအတွက် နိုင်ငံတကာသို့ သာသနာပြုစေလွှတ်နိုင်ရန် အစရှိသော ရည်ရွယ်ချက်များဖြင့် ထေရဝါဒဗုဒ္ဓသာသနာပြုသင်တန်း အသီးသီးကို ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။ 


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် တိုက်စစ်မှူးအသစ် ခေါ်ယူမည်မဟုတ်ကြောင်း အာဆင်နယ်နည်းပြပြော

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved