Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာ စေတီ၊ ပုထိုးများကို ဖြိုဖျက်သည့်လုပ်ရပ်အား ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုံ့ချ

မြူနစ် (NSS) - ဇန်နဝါရီ ၉

မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာ စေတီ၊ ပုထိုးများကို ဖြိုဖျက်သည့်လုပ်ရပ်အား ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ချကြောင်း IBEC ဆရာတော်က မိန့်ကြားထားသည်။


ယမန်နေ့ (ဇန်နဝါရီလ ၈ ရက်)တွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၊ ပွိုင့် ၂၂၀၂ တောင်ကုန်းပေါ်ရှိ စေတီတစ်ဆူကို ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA အဖွဲ့ဝင်ဟု ယူဆရသူတစ်ဦးက ဖျက်ဆီးနေသည့် ရုပ်သံဖိုင်သည် လူမှုကွန်ရက်စာမျက်နှာများတွင် ထွက်ပေါ်ပျံ့နှံ့ခဲ့သည်။

နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ်အလာနှင့် ယုံကြည်မှုများကို မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ်ကမျှ ဖျက်ဆီးစော်ကားခွင့်မရှိကြောင်း IBEC ဆရာတော်ဦးသောဘိတက NP News ကို မိန့်ကြားသည်။

“ဒါကတော့ လက်နက်ကိုင်အဖွဲ့အစည်းပဲဖြစ်ဖြစ်၊ နိုင်ငံရေးသဘောတရားအရ လုပ်ကြံတာပဲဖြစ်ဖြစ်၊ ဂျင်း(ချင်း)ထည့်တာ ပဲဖြစ်ဖြစ် နိုင်ငံတစ်နိုင်ငံရဲ့တန်ဖိုးက အဲဒီနိုင်ငံရဲ့ ယဉ်ကျေးမှုတွေ၊ ဓလေ့ထုံးတမ်းအစဉ်အလာတွေ၊ ယုံကြည်မှုတွေကို ဘယ်လိုအဖွဲ့အစည်းကမှ မစော်ကားရဘူးလေ။ အဲဒီလိုတွေလုပ်တာက ဒီမိုကရေစီချိုးဖောက်တယ်။ ယဉ်ကျေးမှုတွေကို ချိုးဖောက်တဲ့အတွက် ကုလသမဂ္ဂရဲ့စံတန်ဖိုးအရ မကိုက်ညီဘူး။ မကိုက်ညီတဲ့အတွက် တကယ်လို့ လုပ်ခဲ့တယ်ဆိုရင်တော့ IBEC ကျောင်းတော်အနေနဲ့ကတော့ မြန်မာနိုင်ငံရဲ့ Icon ဖြစ်တဲ့ ဗုဒ္ဓဘာသာဘုရားပုထိုးတွေ၊ စေတီတွေကို အဲဒီ လိုလုပ်တာကိုတော့ ပြင်းပြင်းထန်ထန်ရှုံ့ချတယ်။ ကန့်ကွက်တယ်”ဟု ဆရာတော်ဦးသောဘိတက မိန့်သည်။

ထို့ပြင် မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာ စေတီ၊ ပုထိုးများကို ယခုကဲ့သို့ဖျက်ဆီးစော်ကားခြင်း မပြုလုပ်ရန်လည်း ဆရာတော်က ထပ်မံမေတ္တာရပ်ခံထားသည်။

“ဘာသာရေးလွတ်လပ်ခွင့်ဆိုတဲ့ စကားမှာကိုက တစ်စုံတစ်ဦးက ယုံကြည်နှစ်သက်လို့ တန်ဖိုးထားလို့ ကိုးကွယ်နေတဲ့ ဝါဒတစ်ခုကို ဘယ်လိုအဖွဲ့အ စည်း၊ တစ်စုံတစ်ဦးကမှ သွားပြီးအနှောင့်အယှက်မပြုရဘူး။ အဲဒီလိုသွားပြီး အနှောင့်အယှက်ပြုပြီဆိုထဲက အဲဒီလိုလူတွေက ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ကုလသမဂ္ဂရဲ့စံတန်ဖိုးတွေနဲ့လည်း မကိုက်ညီသလို၊ မြန်မာ့ယဉ်ကျေး မှု စံတန်ဖိုးတွေကိုလည်း ဖျက်ဆီးရာရောက်တဲ့အတွက် လူမိုက်တွေ၊ လူရမ်းကားတွေကနေ လုပ်လေ့လုပ်ထရှိတဲ့စနစ်ပဲလို့ မှတ်ချက်ပြောချင်ပါတယ်” ဟု ဆရာတော် ဦးသောဘိတက ဆက်လက်မိန့်ကြားသည်။

MNDAA ဦးဆောင်သည့် မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင် (၃)ဖွဲ့သည် ပြီးခဲ့သော ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်မှစတင်ကာ ရှမ်းပြည် နယ် အရှေ့မြောက်ပိုင်းဒေသရှိ လုံခြုံရေးစခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်ရှိတွင်လည်း လောက်ကိုင်မြို့ကို အလုံးစုံထိန်းချုပ်ထားကြောင်း သိရသည်။

ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA အနေဖြင့် လောက်ကိုင်မြို့ကို အလုံးစုံထိန်းချုပ်ပြီးနောက်ပိုင်း၌ အထက်ပါကဲ့သို့ ဗီဒီယိုဖိုင် ထွက်ပေါ်ပျံ့နှံ့လာခဲ့ခြင်းဖြစ်သည်။

“မနေ့က ပုံလေးတွေ့လိုက်တော့ ထုတဲ့အချက်ရေက (၄)ချက်၊ (၅)ချက်လားမသိဘူး တွေ့တယ်။ စေတီပြိုပျက်သွားတဲ့အထိတော့ မမြင်ရဘူး။ သို့သော် ဒါက ပြိုကျသွားအောင်ထုတာလား၊ ဒါမှမဟုတ် ဗုဒ္ဓဘာသာဝင်တွေ မခံ ချင်စိတ်ဖြစ်အောင် လုပ်ကြံပြီးတော့ ဗီဒီယိုရိုက်တာလား ဒါတွေးရမယ်။ ဘုရားဆင်းတုတော်လေးတစ်ခုကိုလည်း ဓါးနဲ့ ခွဲခြမ်းပစ်တာလည်း ရှိတယ်လေ။ အဲဒီပုံလေးလည်း တွေ့တယ်။ အဲဒါလည်း ခံစားချက်တွေ တက်လာအောင် လုပ်တာလား။ အဲဒီခွဲတဲ့လူကလည်း ဘယ်လောက်အဆင့်ရှိတုန်း။ သူက တမင်သက်သက် ပြဿနာဖြစ်အောင် ခွဲတာလား။ ဒါမှမဟုတ် ရန်ငြှိုးနဲ့ခွဲတာလား။ စဉ်းစားဆင်ခြင်ရမယ်”ဟု သီတဂူဗုဒ္ဓတက္ကသိုလ်မှ ဆရာတော်ဦးကုမာရက NSS ကို မိန့်ကြားသည်။

သို့သော် ဘာသာတရားအားလုံး၏ အထွဋ်အမြတ်ထားရာ ပစ္စည်းဝတ္ထုများကို မဖျက်ဆီးသင့်ကြောင်း ဆရာတော်ဦးကုမာရက ထပ်မံမိန့်ကြားသည်။

“တစ်ဖက်ကပြောရရင်လည်း အများက တန်ဖိုးထားပြီးမှ လုပ်ထားတဲ့အရာဝတ္တုဖြစ်တဲ့အတွက်ကြောင့် ယဉ်ကျေးမှုရှုထောင်ကပဲ ဖြစ်ဖြစ်၊ ဘာသာရေးရှုထောင်ကပဲဖြစ်ဖြစ် ဒါမဖျက်ဆီးသင့်ဘူး။ ကိုယ့်ဗုဒ္ဓဘာသာမှ မဟုတ်ဘူး။ တခြားဘာသာတွေကိုလည်း မဖျက်ဆီးသင့်ဘူး။ ပုဂ္ဂိုလ်စွဲ၊ ဘာသာစွဲ၊ ဂိုဏ်းဃဂစွဲတွေ နဲ့ ဖျက်ဆီးမယ်ဆိုပါက အဲဒီလိုလိုက်ပြီး စော်ကားနေမယ်ဆိုရင် စော်ကားလို့လည်း ပြီးမှာမဟုတ်ဘူး။ စော်ကားမှုကို တုံ့ပြန်လို့လည်း ပြီးမှာမဟုတ်ဘူး။ ဘုန်းဘုန်းကတော့ အဲဒီလို မြင်တယ်”ဟု ဦးကုမာရက မိန့်ကြားသည်။

လောက်ကိုင်မြို့ ပွိုင့် ၂၂၀၂ တောင်ကုန်းပေါ်ရှိ စေတီတော်ကို ပြီးခဲ့သော ၂၀၁၅ ခုနှစ်တွင် တပ်မ (၉၉)မှ တပ်မတော်သားများနှင့် မိသားစုဝင်များက စုပေါင်းကာ တည်ထားကိုးကွယ်ခဲ့သော စေတီတစ်ဆူဖြစ်ကြောင်း စုံစမ်းသိရှိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တရုတ်သို့ ဖရဲသီး တင်ပို့ရာတွင် လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် အချိန်ကြာမြင့်ကာ ဆုံးရှုံးမှုများရှိနေ

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved