ဥရောပသမဂ္ဂစစ်တပ်ကို ဖွဲ့စည်းရန် အီတလီနိုင်ငံခြားရေးဝန်ကြီး တောင်းဆို
Pika (NSS) - ဇန်နဝါရီ ၈
ဥရောပသမဂ္ဂသည် ငြိမ်းချမ်းရေးထိန်းသိမ်းရန် နှင့် ပဋိပက္ခများကို တားဆီးရာတွင် အခန်းကဏ္ဍတစ်ခုမှ ပါဝင်နိုင် သည့် ၎င်း၏ ကိုယ်ပိုင်ပေါင်းစပ် စစ်တပ်တစ်ခုကို ဖွဲ့စည်းသင့်ကြောင်း အီတလီနိုင်ငံခြားရေးဝန်ကြီး အန်တိုနီယိုတာဂျနီက ပြောကြားခဲ့သည်။
ထို့အပြင် ကာကွယ်ရေးဆိုင်ရာ ဥရောပပူးပေါင်းဆောင်ရွက်မှုသည် ၎င်းဦးဆောင်သည့် Forza Italia ပါတီအတွက် အဓိကဦးစားပေးဖြစ်ကြောင်း အန်တိုနီယိုတာဂျနီက ပြောကြားခဲ့သည်။
အန်တိုနီယိုတာဂျနီက "ကျွန်တော်တို့ ကမ္ဘာ့ငြိမ်းချမ်းရေးထိန်းသိမ်းသူတွေဖြစ်ချင်ရင် ဥရောပစစ်တပ်တစ်တပ်ကို လိုအပ်ပါတယ်။ ပြီးတော့ ဒါဟာ ထိရောက်တဲ့ ဥရောပနိုင်ငံခြားရေးမူဝါဒတစ်ခုရှိဖို့ အခြေခံကျတဲ့ ကြိုတင် သတ်မှတ်ချက်တစ်ခုပဲဖြစ်ပါတယ်။ အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ ရုရှားတို့လို့ အင်အားကြီးနိုင်ငံတွေရှိနေတဲ့ ကမ္ဘာကြီးမှာ အီတလီ၊ ဂျာမနီ၊ ပြင်သစ် ဒါမှမဟုတ် ဆလိုဗေးနီးယန်းနိုင်ငံသားတွေကို အရှေ့အလယ်ပိုင်းဒေသနဲ့ အင်ဒို-ပစိဖိတ်ဒေသပဋိပက္ခတွေကနေ ကာကွယ်ပေးနိုင်မယ့် တစ်ခုတည်းသောအရာက ဥရောပသမဂ္ဂပဲ ဖြစ်ပါတယ်" ဟု ပြောခဲ့သည်။
ဥရောပကောင်စီ နှင့် ဥရောပကော်မရှင်ဥက္ကဋ္ဌတို့၏ လက်ရှိဖွဲ့စည်းပုံထက် အဖွဲ့ဝင်နိုင်ငံပေါင်း(၂၇)နိုင်ငံ ပါဝင်သော ဥရောပသမဂ္ဂသည် ၎င်း၏ ဦးဆောင်မှုကို ပိုမိုချော့မွေ့စေရန်အတွက် ဥက္ကဋ္ဌတစ်ဦးတည်းသာ ရှိသင့်ကြောင်း အန်တိုနီယိုတာဂျနီက ပြောကြားခဲ့သည်။ ပြီးခဲ့သည့်နှစ်တွင် အီတလီနိုင်ငံရေးသမား Silvio Berlusconi သေဆုံးခဲ့ပြီးနောက် အန်တိုနီယိုတာဂျနီသည် Forza Italia ပါတီခေါင်းဆောင်ဖြစ်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သားသတ်ရုံသို့ ပို့ဆောင်မည့် ခွေးအကောင်ရေ(၂ဝဝ)ကျော်ပါသည့် ထရပ်ကားကို အင်ဒိုနီးရှားရဲတပ်ဖွဲ့ ကြားဖြတ်ဟန့်တားကာ ဖမ်းဆီး
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း