Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
Trademark ဥပဒေ အာဏာသက်ဝင်ခြင်းနှင့်စပ်လျဉ်း၍ ပြည်နယ်နှင့် တိုင်းများ၌ ဆွေးနွေးပွဲများ ဆက်တိုက်ဆောင်ရွက်

Tun Mon Thet (NP News) – မတ် ၁၈


၂ဝ၂၃ ခုနှစ်၊ ဧပြီလ (၁) ရက်တွင် စတင်အာဏာသက်ဝင်တော့မည့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေနှင့် စပ်လျဉ်း၍ ပြည်နယ်နှင့်တိုင်းများ၌ အသိပညာပေးဆွေးနွေးပွဲများကို ဆက်တိုက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 


ယင်းဆွေးနွေးပွဲများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် အများပြည်သူနှင့် စီးပွားရေးလုပ်ငန်းရှင်များ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေဆိုင်ရာ အသိပညာဗဟု သုတများတိုးပွားစေရန် ရည်ရွယ်၍ ဦးစီးကျင်းပနေခြင်းဖြစ်သည်။ 


ဧရာဝတီတိုင်း၊ ပုသိမ်မြို့၌ မတ်လ ၁၄ ရက်က လည်းကောင်း၊ ပဲခူးတိုင်း၊ ပဲခူးမြို့၌ မတ်လ ၁၆ ရက်က လည်းကောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ မတ်လ ၁၇ ရက်က လည်းကောင်း အသီးသီးကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။ 


မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကုန်စည်ဒိုင်ခန်းမ၌ မတ်လ ၁၇ ရက်က ကျင်းပခဲ့သည့် ဆွေနွေးပွဲသို့ မွန် ပြည်နယ် အစိုးရအဖွဲ့ စီးပွားရေးဝန်ကြီး၊ ပြည်နယ်စားသုံးသူရေးရာ ဦးစီးဌာနနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များ အပါအဝင် သက် ဆိုင်ရာ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ စုစုပေါင်း ၁၁၉ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။  


ဆက်လက်ပြီး မန္တလေးတိုင်း၊ မန္တလေးမြို့၌ မတ်လ ၂၉ ရက်တွင် လည်းကောင်း၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ မတ်လ ၃၁ ရက်တွင်လည်းကောင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။ 


ဉာဏပစ္စည်းအခွင့်အရေးဆိုင်ရာ မူပိုင်ခွင့်ဥပဒေကို ပြည်ထောင်စုလွှတ်တော်က ၂ဝ၁၉ ခုနှစ်အတွင်း ဥပဒေ (၄)ခု အဖြစ် - ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် (Trademark) ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့် (Industrial Design Rights) ၊ တီထွင်မှု မူပိုင်ခွင့် (Patent) နှင့် စာပေနှင့် အနုပညာမူပိုင်ခွင့် (Copyright) တို့ကို ပြဋ္ဌာန်းခဲ့သည်။ 


ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ အာဏာသက်ဝင်ပြီးနောက် စက်မှုဒီဇိုင်းမူပိုင်ခွင့် ဥပဒေ၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေတို့ကို ၂ဝ၂၃ ခုနှစ်တွင်လည်းကောင်း၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေကို ၂ဝ၂၄ ခုနှစ်တွင်လည်းကောင်း အာဏာသက်ဝင်နိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် လျှောက်ထားရာတွင် အခကြေးငွေကောက်ခံနိုင်ရေးအတွက် မူပိုင်ခွင့်ဦးစီးဌာန နှင့် CB ဘဏ်၊ AYA ဘဏ်တို့အကြား ဘဏ်လုပ်ငန်းဝန်ဆောင်မှု (၅)နှစ် သက်တမ်းစာချုပ် ကိုလည်း ပြီးခဲ့သည့် မတ်လ ၉ ရက် လက်မှတ်ရေးထိုးခဲ့သည်။ ဝန်ဆောင်ခအခကြေးငွေများ သတ်မှတ်ခြင်းအမိန့်ကြော်ငြာစာကိုလည်း ဥပဒေအာဏာသက်ဝင်ချိန်တွင် ထုတ်ပြန်နိုင်ရန် ကြိုတင်ခွင့်ပြုချက်ရရှိထားပြီးဖြစ်ကြောင်းသိရသည်။

zawgyi version

Trademark ဥပေဒ အာဏာသက္ဝင္ျခင္းႏွင့္စပ္လ်ဥ္း၍ ျပည္နယ္ႏွင့္ တိုင္းမ်ား၌ ေဆြးေႏြးပြဲမ်ား ဆက္ တိုက္ေဆာင္႐ြက္


Tun Mon Thet (NP News) – မတ္ ၁၈


၂ဝ၂၃ ခုႏွစ္၊ ဧၿပီလ (၁) ရက္တြင္ စတင္အာဏာသက္ဝင္ေတာ့မည့္ ကုန္အမွတ္တံဆိပ္မူပိုင္ခြင့္ ဥပေဒႏွင့္ စပ္လ်ဥ္း၍ ျပည္နယ္ႏွင့္တိုင္းမ်ား၌ အသိပညာေပးေဆြးေႏြးပြဲမ်ားကို ဆက္တိုက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။ 


ယင္းေဆြးေႏြးပြဲမ်ားကို စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၊ မူပိုင္ခြင့္ဦးစီးဌာနအေနျဖင့္ အမ်ားျပည္သူႏွင့္ စီးပြားေရးလုပ္ငန္းရွင္မ်ား ကုန္အမွတ္တံဆိပ္ မူပိုင္ခြင့္ဥပေဒဆိုင္ရာ အသိပညာဗဟု သုတမ်ားတိုးပြားေစရန္ ရည္႐ြယ္၍ ဦးစီးက်င္းပေနျခင္းျဖစ္သည္။ 


ဧရာဝတီတိုင္း၊ ပုသိမ္ၿမိဳ႕၌ မတ္လ ၁၄ ရက္က လည္းေကာင္း၊ ပဲခူးတိုင္း၊ ပဲခူးၿမိဳ႕၌ မတ္လ ၁၆ ရက္က လည္းေကာင္း၊ မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕၌ မတ္လ ၁၇ ရက္က လည္းေကာင္း အသီးသီးက်င္းပၿပီးစီးခဲ့ေၾကာင္း သိရသည္။ 


မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕၊ ကုန္စည္ဒိုင္ခန္းမ၌ မတ္လ ၁၇ ရက္က က်င္းပခဲ့သည့္ ေဆြေႏြးပြဲသို႔ မြန္ ျပည္နယ္ အစိုးရအဖြဲ႕ စီးပြားေရးဝန္ႀကီး၊ ျပည္နယ္စားသုံးသူေရးရာ ဦးစီးဌာနႏွင့္ ဌာနဆိုင္ရာမ်ားမွ တာဝန္ရွိသူမ်ား၊ အေသးစား၊ အငယ္စားႏွင့္ အလတ္စား စီးပြားေရး လုပ္ငန္းရွင္မ်ား အပါအဝင္ သက္ ဆိုင္ရာ အသင္းအဖြဲ႕မ်ားမွ ကိုယ္စားလွယ္မ်ား၊ စုစုေပါင္း ၁၁၉ ဦး တက္ေရာက္ခဲ့ေၾကာင္း သိရသည္။  


ဆက္လက္ၿပီး မႏၲေလးတိုင္း၊ မႏၲေလးၿမိဳ႕၌ မတ္လ ၂၉ ရက္တြင္ လည္းေကာင္း၊ ရွမ္းျပည္နယ္၊ ေတာင္ႀကီးၿမိဳ႕၌ မတ္လ ၃၁ ရက္တြင္လည္းေကာင္း လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္းသိရသည္။ 


ဉာဏပစၥည္းအခြင့္အေရးဆိုင္ရာ မူပိုင္ခြင့္ဥပေဒကို ျပည္ေထာင္စုလႊတ္ေတာ္က ၂ဝ၁၉ ခုႏွစ္အတြင္း ဥပေဒ (၄)ခု အျဖစ္ - ကုန္အမွတ္တံဆိပ္မူပိုင္ခြင့္ (Trademark) ၊ စက္မႈဒီဇိုင္းမူပိုင္ခြင့္ (Industrial Design Rights) ၊ တီထြင္မႈ မူပိုင္ခြင့္ (Patent) ႏွင့္ စာေပႏွင့္ အႏုပညာမူပိုင္ခြင့္ (Copyright) တို႔ကို ျပ႒ာန္းခဲ့သည္။ 


ကုန္အမွတ္တံဆိပ္မူပိုင္ခြင့္ဥပေဒ အာဏာသက္ဝင္ၿပီးေနာက္ စက္မႈဒီဇိုင္းမူပိုင္ခြင့္ ဥပေဒ၊ စာေပႏွင့္အႏုပညာမူပိုင္ခြင့္ဥပေဒတို႔ကို ၂ဝ၂၃ ခုႏွစ္တြင္လည္းေကာင္း၊ တီထြင္မႈမူပိုင္ခြင့္ဥပေဒကို ၂ဝ၂၄ ခုႏွစ္တြင္လည္းေကာင္း အာဏာသက္ဝင္ႏိုင္ရန္ ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။


ကုန္အမွတ္တံဆိပ္မူပိုင္ခြင့္ ေလွ်ာက္ထားရာတြင္ အခေၾကးေငြေကာက္ခံႏိုင္ေရးအတြက္ မူပိုင္ခြင့္ဦးစီးဌာန ႏွင့္ CB ဘဏ္၊ AYA ဘဏ္တို႔အၾကား ဘဏ္လုပ္ငန္းဝန္ေဆာင္မႈ (၅)ႏွစ္ သက္တမ္းစာခ်ဳပ္ ကိုလည္း ၿပီးခဲ့သည့္ မတ္လ ၉ ရက္ လက္မွတ္ေရးထိုးခဲ့သည္။ ဝန္ေဆာင္ခအခေၾကးေငြမ်ား သတ္မွတ္ျခင္းအမိန႔္ေၾကာ္ျငာစာကိုလည္း ဥပေဒအာဏာသက္ဝင္ခ်ိန္တြင္ ထုတ္ျပန္ႏိုင္ရန္ ႀကိဳတင္ခြင့္ျပဳခ်က္ရရွိထားၿပီးျဖစ္ေၾကာင္းသိရသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကမ္ဘာ့ရွှေဈေးမြင့်တက်လာမှုကြောင့် ပြည်တွင်းရွှေဈေး တက်လာသော်လည်း အရောင်းအဝယ်နည်းပါးဟုဆို

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved