Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကမ္ဘာ့ရွှေဈေးမြင့်တက်လာမှုကြောင့် ပြည်တွင်းရွှေဈေး တက်လာသော်လည်း အရောင်းအဝယ်နည်းပါးဟုဆို

NP News - မတ် ၁၈


ကမ္ဘာ့ရွှေဈေးမြင့်တက်လာမှုကြောင့် ပြည်တွင်း၌ ရွှေဈေးတက်လာသော်လည်း အရောင်းအဝယ်နည်းပါးကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။


ကမ္ဘာ့ရွှေဈေးနှုန်းသည် ယခင်က တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၈ဝဝ ကျော်ရှိရာမှ ယနေ့ (မတ်လ ၁၈ ရက်) တွင် ၁၉၈၉ ဒေါ်လာအထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။


“ကမ္ဘာ့ရွှေဈေးတော့ တက်တယ်။ ပြည်တွင်းရွှေဈေးကတော့ ကမ္ဘာ့ရွှေဈေးနဲ့ဆိုရင် သုံးသိန်းလောက် ခွာပြီးတော့ တက်ပါတယ်။ ကမ္ဘာ့ရွှေးဈေးကတက်တော့ ပြည်တွင်းရွှေလည်း လိုက်တော့တက်တာပဲ။ ဒါပေမယ့် အရောင်းအဝယ်တော့ မဖြစ်ဘူး။ ပြောရရင်တော့ ဈေးကအမြင့်ပိုင်းမှာဖြစ်နေတယ်” ဟု အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က NP News ကို ပြောသည်။


ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းအနေဖြင့် ယနေ့၌ ရွှေတစ်ကျပ်သားလျှင် ငွေကျပ် (၂၃)သိန်းကျော် ဈေးဖွင့်ထားသည်ကို တွေ့ရှိရသည်။


သို့သော်လည်း ပြင်ပရွှေဈေးကွက်အတွင်း၌ အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် (၂၉)သိန်းနှင့် သိန်း (၃ဝ)ကြားတွင် ဈေးပေါက်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။


“မြန်မာဈေးကွက်ကို သိပ်အများကြီး သက်ရောက်မှုမရှိနိုင်ဘူး။ နိုင်ငံခြားက ရွှေတင်သွင်းတာမှ မဟုတ်ဘဲ ကိုယ့်တွင်းထဲကပဲ ထွက်တဲ့အတွက်ပါ။ ဈေးနှုန်းကတော့ ကမ္ဘာ့ဈေးနဲ့ချိန်ပြီးတော့ တွက်ရတာဖြစ်တဲ့အတွက် နည်းနည်းလိုက်တက်ရတယ်။ မတက်လို့ရှိရင် နယ်စပ်ဖြတ်ကျော်ရောင်းဝယ်ရေးတွေနဲ့က သူများနောက်ကို အကုန်လုံးပါကုန်မှာပေါ့” ဟု ဥက္ကဋ္ဌ ဦးမျိုးမြင့်က သုံးသပ်ပြောဆိုထားသည်။


ပြင်ပရွှေဈေးကွက်၌ ယခင်က အခေါက်ရွှေတစ်ကျပ်သားလျှင် (၂၈)သိန်းကျော်သာရှိရာမှ လက်ရှိတွင် (၂၉)သိန်းကျော်အထိ မြင့်တက်လာခဲ့သည်ကိုလည်း တွေ့ရှိရသည်။

zawgyi version



NP News - မတ် ၁၈















Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လှည်းကူးမြို့တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချ အဆုံးစီရင်

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved