ဘင်္ဂလားဒေရှ့်ဝန်ကြီးချုပ်ရှိတ်ဟာစီနာ ၄ ကြိမ်ဆက်တိုက် ဝန်ကြီးချုပ်တာဝန်ယူခွင့်ရဖို့ အလားလာများနေ
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၇
ဘင်္ဂလားဒေရှ့်အတိုက်ခံပါတီဟာ ဒီနေ့ ဇန်နဝါရီ ၇ ရက်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲကို အတိုက်အခံပါတီက သပိတ်မှောက်ထားတဲ့အတွက် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ ဦးဆောင်တဲ့ အေဝါမီလိဂ်ပါတီဟာ ရွေးကောက်ပွဲမှာ ငါးကြိမ်မြောက်အနိုင်ရမှုနဲ့အတူ ဝန်ကြီးချုပ်ရှိတ်ဟာစီနာဟာလည်း ဘင်္ဂလားဒေရှ့်ဝန်ကြီးချုပ်အဖြစ် လေးကြိမ် ဆက်တိုက် တာဝန်ထမ်းဆောင်ခွင့်ရဖွယ်ရှိနေကြောင်း သိရပါတယ်။
ဘင်္ဂလားဒေ့ရှ့်နိုင်ငံမှာ အထွေထွေရွေးကောက်ပွဲကို ဇန်နဝါရီလ ၇ ရက်မှာ စတင်ကျင်းပနေပြီး ညနေ ၄ နာရီကျော်မှာ မဲပေးမှု အဆုံးသတ်မှာဖြစ်ကြောင်း သိရပါတယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကနဦးရလဒ်တွေကို ဇန်နဝါရီလ ၈ ရက်မှာ ထုတ်ပြန်သွားဖွယ်ရှိနေကြောင်း သိရပါတယ်။
လူအခွင့်အရေးအုပ်စုများက လူဦးရေ သန်းပေါင်း ၁၇ဝ ကျော်ရှိနေတဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံဟာ တစ်ပါတီတည်းက နှစ်အတန်ကြာအုပ်ချုပ်မယ့်လမ်းကြောင်းကို ဦးတည်နေကြောင်း ဝေဖန်ထားပါတယ်။ ဘင်္ဂလားဒေရှ့်အတိုက်ခံ ပါတီဖြစ်တဲ့ (BNP) နဲ့အခြားပါတီငယ်တွေဟာ ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ထားပါတယ်။ အမေရိကန် နဲ့ အနောက်အုပ်စုနိုင်ငံတွေက ရွေးကောက်ပွဲကို လွတ်လပ်မျှတတဲ့ရွေးကောက်ပွဲဖြစ်စေဖို့ တိုက်တွန်း တောင်းဆိုထားပါတယ်။
ဘင်္ဂလားဒေ့ရှ့်နိုင်ငံအတွင်းရှိ မဲပေးခွင့်ရှိသူ လူပေါင်း သန်း ၁၂ဝ ကျော်ဟာ လွှတ်တော်နေရာပေါင်း ၃ဝဝ အတွက် ကိုယ်စားလှယ်ပေါင်း ၂ဝဝဝ နီးပါးကို မဲပေးရွေးချယ်ရမှာဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ့်အတိုက်ခံပါတီက ရွေးကောက်ပွဲမကျင်းပခင် ရှိတ်ဟာစီနာ ဦးဆောင်တဲ့ အာဏာရပါတီ ရာထူးက နှုတ်ထွက်ဖို့ နဲ့ ကြားဖြတ်အစိုးရ ဖွဲ့စည်းပြီး ရွေးကောက်ပွဲကို လွတ်လပ်စွာကျင်းပဖို့ တောင်းဆိုထားကြောင်း သိရပါတယ်။
ဒါပေမယ့် ဝန်ကြီးချုပ် ရှိတ်ဟာစီနာကတော့ အတိုက်ခံအုပ်စုရဲ့တောင်းဆိုချက်တွေကို ငြင်းဆန်ပယ်ချထားကာ စီစဉ်ထားတဲ့အတိုင်း ရွေးကောက်ပွဲကို ဆက်လက်ကျင်းပခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၀၂၃ ခုနှစ်အတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူ (၁၆၀၀၀)ကျော်ရှိခဲ့ပြီး ရန်ကုန်အပါအဝင် ဒေသ(၅)ခု၌ အများဆုံးဖြစ်ပွားခဲ့
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ