Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အနောက်အုပ်စုနိုင်ငံများက ယူကရိန်းသို့ထောက်ပံ့ပေးခဲ့သည့်အကူအညီများ၏ စုစုပေါင်းတန်ဖိုးကို ရုရှားစစ်ဘက် ခန့်မှန်း

Pika (NSS) - ဇန်နဝါရီ ၇

ရုရှားနှင့် ပဋိပက္ခအတွင်း ယူကရိန်းသို့ ပြည်ပနိုင်ငံများက ကူညီထောက်ပံ့ပေးခဲ့သောအကူအညီများ၏ အသေးစိတ် အချက်အလက်များကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောဆိုခဲ့ကြောင်း သိရသည်။

ယူကရိန်း၏ ကျောထောက်နောက်ခံနိုင်ငံများသည် သမ္မတဇီလန်စကီးကို ကူညီရန်အတွက် အမေရိကန်ဒေါ်လာ (၂ဝ၃)ဘီလျံကျော် သုံးစွဲခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။


ရုရှားနှင့် တိုက်ပွဲများအတွင်း ယူကရိန်းတပ်ဖွဲ့များကို နိုင်ငံပေါင်း(၅၄)နိုင်ငံက အကူအညီများထောက်ပံ့ပေးခဲ့ ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ထို့အပြင် အမေရိကန် နှင့် နေတိုးတို့၏ အာကာသ ယာဉ် (၅ဝဝ)ကျော်သည် ယူကရိန်း၏ လိုအပ်ချက်များအတွက် အလုပ်လုပ်ဆောင်ပေးလျက်ရှိကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါအကူအညီများထဲတွင် စစ်ဘက်ဆိုင်ရာ စောင့်ကြည့်ရေးဂြိုလ်တု(၇ဝ)ကျော် ပါဝင်ကြောင်း ရုရှားကာကွယ် ရေးဝန်ကြီးဌာနက ပြောထားသည်။ ယူကရိန်းတပ်ဖွဲ့များသည် SpaceX ကုမ္ပဏီပိုင်ရှင်ဖြစ်သည့် ကမ္ဘာကျော် ဘီလျံနာသူဋ္ဌေးကြီး အီလွန်မတ်ထံမှ Starlink ဂြိုလ်တုပေါင်း(၂ဝဝဝဝ)ကျော်အပေါ် မှီခိုနေရကြောင်း အဆိုပါ အချက်အလက်များအရ သိရသည်။


ယူကရိန်းအစိုးရသည် ၎င်း၏ ကျောထောက်နောက်ခံနိုင်ငံများထံမှ ဒုံးကျည်နှင့် အမြောက်လက်နက် (၁၆ဝဝ)ကျော်၊ လေကြောင်းရန်ကာကွယ်ရေးစနစ်(၂ဝဝ)ကျော်၊ တင့်ကား နှင့် သံချပ်ကာယာဉ်(၅၂၂ဝ) စီး နှင့် ဒရုန်းပေါင်း(၂၃ဝဝဝ)ကျော်တို့ကို ရရှိခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောခဲ့သည်။

ထို့အပြင် ရုရှားနှင့်စစ်ပွဲတွင် ယူကရိန်းဖက်မှ ပါဝင်တိုက်ခိုက်ရန်အတွက် နိုင်ငံခြားကြေးစားစစ်သား(၁၃၅ဝဝ)ကျော် ယူကရိန်းသို့လာရောက်ခဲ့ကြောင်း ရုရှားစစ်တပ်က ခန့်မှန်းပြောခဲ့သည်။ ယူကရိန်းသို့လာရောက်ခဲ့သည့် နိုင်ငံခြား ကြေးစားစစ်သားများထဲတွင် ဥရောပတိုက်မှ လူ(၈၅ဝဝ)ကျော်၊ တောင်အမေရိက နှင့် မြောက်အမေရိကတိုက်မှ လူ(၂၇ဝဝ)ကျော် နှင့် အခြားလူများမှာ အာရှ နှင့် အာဖရိကတို့မှ ဖြစ်ကြောင်း ရုရှားစစ်တပ်က ပြောခဲ့သည်။

ရုရှားနှင့်တိုက်ပွဲများအတွင်း ယူကရိန်းဖက်မှတိုက်ခိုက်ပေးခဲ့သည့် နိုင်ငံခြားကြေးစားစစ်သား (၅၆ဝဝ)ကျော် သေဆုံးခဲ့ပြီး အခြားလူ(၅၆ဝဝ) မှာ စစ်မြေပြင်မှ ထွက်ပြေးသွားခဲ့ကြကြောင်း ရုရှားအစိုးရတာဝန်ရှိသူများက ခန့်မှန်းပြောဆိုခဲ့သည်။ 

လက်ရှိအချိန်တွင် ယူကရိန်းစစ်တပ်မှာ နိုင်ငံခြားကြေးစားစစ်သား (၁၉ဝဝ) ကျော်သာ ကျန်ရှိတော့ကြောင်း ရုရှားဖက်က ထပ်မံခန့်မှန်းပြောထားသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အမေရိကန်အစိုးရက ဂါဇာပဋိပက္ခကျယ်ပြန့်လာနိုင်ခြေနှင့်ပတ်သက်ပြီး တုံ့ပြန်မှုများလုပ်ဆောင်ရန် အစီအစဉ်များ ကို ရေးဆွဲနေကြောင်း Politico ဖော်ပြ

RELATED POSTS
RECENT POSTS
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved