ဟားမက်စ်ခေါင်းဆောင်သေဆုံးမှုကိုလက်တုံ့ပြန်မှုအဖြစ် အစ္စရေးနိုင်ငံဘက်ခြမ်းကို ဒုံးကျည်အစင်းပေါင်း ၆ဝ ကျော် ပစ်ခတ်ခဲ့ဟု ဟစ်ဘိုလာအုပ်စုပြော
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၆
လက်ဘနွန်အခြေစိုက် ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ဟာ ဟားမက်စ်ခေါင်းဆောင်တစ်ဦး လက်ဘနွန်နိုင်ငံအတွင်း သတ်ဖြတ်ခံရခြင်းကိုကနဦးလက်တုံ့ပြန်မှုအဖြစ် ဇန်နဝါရီ ၆ ရက်မှာ အစ္စရေးနိုင်ငံဘက်ခြမ်းကို ရော့ကတ်ဒုံးကျည် အများအပြား ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။
ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့က ၎င်းတို့ဟာ အစ္စရေးနိုင်ငံ ဘက်ခြမ်းကို ဒုံးကျည်အစင်းပေါင်း အနည်းဆုံး ၆၂ စင်း ပစ်ခတ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ အဆိုပါတိုက်ခိုက်မှုတွေဟာ ဟားမက်စ်ခေါင်းဆောင် အယ်အော်ရော်ရီ အသတ်ခံရမှုကိုလက်တုံ့ပြန်မှုအဖြစ် တိုက်ခိုက်ခဲ့တာမျိုးဖြစ်ကြောင်း ဟစ်ဘိုလာအုပ်စုက ပြောပါတယ်။
အစ္စရေးဟာ ပြီးခဲ့တဲ့ရက်ပိုင်းက လက်ဘနွန်နိုင်ငံရှိ ဟားမက်စ်ခေါင်းဆောင် အော်ရော်ရီကို လေကြောင်းက လုပ်ကြံတိုက်ခိုက်ခဲ့ကြောင်း ပြောပါတယ်။ အစ္စရေးစစ်တပ်ကတော့ လက်ဘနွန်နိုင်ငံဘက်ခြမ်းကနေ အစ္စရေးနိုင်ငံ မြောက်ပိုင်းကို ရော့ကတ်ဒုံးကျည်အစင်းပေါင်း ၄ဝ ကျော်သာ ပစ်ခတ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
ဟစ်ဘိုလာအုပ်စုဟာ အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အစ္စရေးနိုင်ငံ မြောက်ပိုင်းကို ပစ်မှတ်ထားပြီးတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။ ဟစ်ဘိုလာအုပ်စုရဲ့တိုက်ခိုက်မှုတွေကြောင့် အစ္စရေးနဲ့ ဟစ်ဘိုလာအုပ်စုကြား အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး တင်းမာမှုအရှိန် ပိုမိုမြင့်တက်လာနေ ကြောင်း သိရပါတယ်။
အစ္စရေးရဲ့တုံ့ပြန်တိုက်ခိုက်မှုတွေကြောင့် လက်ဘနွန်အခြေစိုက် ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ဝင် အနည်းဆုံး ၁ဝဝ ကျော်သေဆုံးထားကြောင်း သတင်းများထွက်ပေါ်နေဆဲဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နိုင်ငံတွင် ပထမဆုံးပြည်တွင်းထုတ် လျှပ်စစ်လေယာဉ်ကို အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့ဟုဆို
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ