ကျပ်သန်း(၄၀၀၀)ကျော်အကုန်အကျခံကာ တည်ဆောက်ထားသည့် ပြည့်မြို့ပြည်သူ့ဆေးရုံကြီး၏ ငါးထပ်ကုသဆောင်သစ် ဖွင့်လှစ်
ယွန်း (NSS) - ဇန်နဝါရီ ၆
စီမံကိန်းတန်ဖိုး ငွေကျပ်သန်း(၄၀၀၀)ကျော် အကုန်အကျခံတည်ဆောက်ထားသလည့် ပဲခူးတိုင်း၊ ပြည့်မြို့ပြည်သူ့ဆေးရုံကြီး၏ ငါးထပ်ကုသဆောင်သစ်ကို ယမန်နေ့(ဇန်နဝါရီလ ၅ ရက်)က စတင်ဖွင့်လှစ်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ ငါးထပ်ကုသဆောင်သစ်သည် (၂၄၀ x ၆၇) ပေ ကျယ်ဝန်းပြီး ၂၀၂၁ ခုနှစ် ဧပြီလ ၂၀ ရက်တွင် စတင်ဆောက်လုပ်ခဲ့ကာ ၂၀၂၃ ခုနှစ် အောက်တို ဘာလ ၁၀ ရက်တွင်လုပ်ငန်းများ ပြီးစီးခဲ့ကြောင်း သိရသည်။
စီမံကိန်းတန်ဖိုး ငွေကျပ် ၄၇၃၅ ဒသမ ၇ သန်း အကုန်အကျခံ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အရေးပေါ်နှင့် ပြင်ပလူနာဌာန၊ ဓာတ်မှန်ဌာန၊ ဓာတ်ခွဲခန်း၊ ခွဲစိတ်ခန်းခုနစ်ခန်းနှင့် အထူးကြပ်မတ် ကုသဆောင်(ICU)၊ ခွဲစိတ်လူနာကုသဆောင်၊ သားဖွားမီးယပ် လူနာကုသဆောင်များပါဝင်ကာ လူနာများ အဆင်ပြေစေရေးအတွက် ဓာတ်လှေကား နှစ်စင်းလည်း တပ်ဆင်ထားကြောင်း သိရသည်။
ထို့ပြင် ပဲခူးတိုင်းအတွင်းရှိ ပန်းတောင်းမြို့၊ လက်ပံတန်းမြို့၊ ကြို့ပင်ကောက်မြို့ နှင့် နတ္တလင်းမြို့တို့၌ ကုသဆောင်သစ်များ ဖွင့်လှစ်မည်ဖြစ်ကြောင်း ပြည့်မြို့ပြည်သူ့ဆေးရုံးကြီး၏ ငါးထပ်ကုသဆောင်သစ်ဖွင့်ပွဲတက်ရောက်ခဲ့သည့် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း အသိပေးပြောကြားသည်။
ပဲခူးတိုင်းတွင် ခုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး နှစ်ရုံအပါအဝင် ဆေးရုံပေါင်း(၁၁၂)ရုံ ဖွင့်လှစ်ထားပြီး လူနာကုတင် (၃၆၆၂) ကုတင်အထိ လက်ခံကုသပေးနေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စမ်းချောင်းမြို့နယ်ရှိ ထွေအုပ်ရုံးအနီး အသံဗုံးပေါက်ကွဲမှုဖြစ်ပွား
RELATED POSTS
06 Sep 2024 | ကျန်းမာရေး,နိုင်ငံတကာ
31 Aug 2024 | ကျန်းမာရေး,နိုင်ငံတကာ
27 Aug 2024 | ကျန်းမာရေး,ပြည်တွင်း
26 Aug 2024 | ကျန်းမာရေး,နိုင်ငံတကာ