စမ်းချောင်းမြို့နယ်ရှိ ထွေအုပ်ရုံးအနီး အသံဗုံးပေါက်ကွဲမှုဖြစ်ပွား
Pearl (NSS) - ဇန်နဝါရီ ၆
စမ်းချောင်းမြို့နယ် ထွေအုပ်ရုံးအနီး အသံဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း စမ်းချောင်းမြို့ခံများထံမှ သိရသည်။
ယနေ့ (ဇန်နဝါရီလ ၆ ရက်) ၊ နေ့လည် (၁၁) နာရီ အချိန်ခန့်တွင် ရန်ကုန် တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်းမပေါ်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ အကြမ်းဖက်သမားများက လက်ပစ်ဗုံးဖြင့် ပစ်ပေါက်တိုက်ခိုက်မှုကြောင့် ရုံးအနီးတွင် ပေါက်ကွဲမှုဖြစ် ပွားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းခဲ့ရာ အသံဗုံးပေါက်ကွဲခြင်းသာဖြစ်ကြောင်း သိရသည်။
"အသံဗုံး ပေါက်တာလို့ ပြောတယ်။ ဘာမှတော့ ထိခိုက်မှုမရှိဘူး" ဟု စမ်းချောင်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက NSS ကို ပြောသည်။
ပေါက်ကွဲမှုကြောင့် လူ နှင့် ပစ္စည်း ထိခိုက်မှုမရှိကြောင်းသိရပြီး လက်ရှိတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာမှအိန္ဒိယသို့ မတ်ပဲနှင့်ပဲစင်းငုံ လွတ်လပ်စွာတင်ပို့ခွင့် ၂၀၂၅ ခုနှစ်အထိ ထပ်မံရရှိ
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
18 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ