အလုပ်ကမ်းလှမ်းစာ စိစစ်သည့်လုပ်ငန်းစဥ်များကို ပြောင်းလဲမည်ဟု ဂျပန်ရှိမြန်မာသံရုံး ထုတ်ပြန်
ယွန်း (NSS) - ဇန်နဝါရီ ၅
အလုပ်ကမ်းလှမ်းစာ (Demand Letter) များ စိစစ်သည့်လုပ်ငန်းစဥ်များကို ပြောင်းလဲသွားမည်ဖြစ်ကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးကထုတ်ပြန်ထား သည်။
ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ၊ မြန်မာသံရုံးက ယနေ့(ဇန်နဝါရီလ ၅ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
မြန်မာသံရုံးအနေဖြင့် Demand Letter စိစစ်ခြင်း လုပ်ငန်းစဥ်ပိုမိုထိရောက်စေရန်အတွက် ယခု(ဇန်နဝါရီလ)မှစ၍ ပြောင်းလဲဆောင်ရွက်သွားမည်ဖြစ် ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် မြန်မာသံရုံးသို့ ပေးပို့လာသည့် Demand Letter များကို စိစစ်နိုင်ရန်အတွက် အချက်အလက်ပေးပို့ရန် ဂျပန်ကုမ္ပဏီတစ်ခုချင်းစီအား Fax ပေးပို့ခြင်းမပြုတော့ဘဲ သံရုံး၏လူမှုကွန်ယက်နှင့် website တွင် (၁)ပတ်လျှင် တစ်ကြိမ်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် သက်ဆိုင်ရာ ဂျပန်ကုမ္ပဏီများမှ ပြန်လည်ပေးပို့လာသော အချက်အလက်များကို သံရုံးက Demand Letter မှန်ကန်မှုရှိ/မရှိ စိစစ်သွားမည်ဖြစ်ပြီး စိစစ်မှန်ကန်သည့် ကုမ္ပဏီများစာရင်းကို အလုပ်သမားဝန်ကြီး ဌာနသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပြန်လည်ပေးပို့သွားမည်ဖြစ် ကြောင်း သိရသည်။
အဆိုပါစာရင်းများကို (၁၅)ရက်လျှင် (၁)ကြိမ်နှုန်းဖြင့် သံရုံး၏လူမှုကွန်ယက်တွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ့ပြည်တွင်းသတင်းများနဲ့ နိုင်ငံတကာက သတင်းများ
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း