Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဆရာတော်ကြီးများနှင့် လူပုဂ္ဂိုလ် စုစုပေါင်း (၅၀၀)ကျော်ကို နစကမှ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ လှူဒါန်းပေးအပ်

Pearl (NSS) - ဇန်နဝါရီ ၄

ဆရာတော်ကြီးများနှင့် လူပုဂ္ဂိုလ် စုစုပေါင်း (၅၀၀)ကျော်ကို နစကမှ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ လှူဒါန်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ 


နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့(ဇန်နဝါရီလ ၄ ရက်) တွင် ဆရာတော်ကြီးများ၊ ဂန္ထဓုရပရိယတ္တိဝန်‌‌ဆောင် စာချဆရာတော်များ၊ ဝိပဿနာဓုရပဋိပတ္တိ ဝန်ဆောင် ကမ္ဗဌာန်းနည်းပြဆရာတော်များ၊ နယ်လှည့်ဓမ္မကထိက၊ ပြည်တွင်း၊ ပြည်ပသာသနာပြုပုဂ္ဂိုလ်များ နှင့် ဗုဒ္ဓသာသနာတော်ကို ပစ္စည်းလေးပါးတို့ဖြင့် ထူးခြားစွာထောက်ပံ့လှူဒါန်းနေကြသည့် ပုဂ္ဂိုလ်များအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များကို ဆက်ကပ်လှူဒါန်းအပ်နှင်းခဲ့သည်။

ထိုသို့ ဆပ်ကပ်လှူဒါန်းအပ်နှင်းခဲ့ရာ  အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်အား  တနင်္သာရီတိုင်း၊  ထားဝယ်မြို့ ၊  ဇေယျဝတီ ကျောင်းတိုက်တွင် သီတင်းသုံးသော ဘဒ္ဒန္တသူရိယ အပါအဝင် ဆရာတော်ကြီး (၇)ပါးအား ဆက်ကပ် လှူဒါန်းအပ်နှင်းခဲ့ကြောင်း သိရသည်။

အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်အားလည်း ကရင်ပြည်နယ်၊  အမှတ် (၉)ရပ်ကွက် ၊ ခေမာရာမစာသင်တိုက် မှ ဘဒ္ဒန္တ သောပါက နှင့် ပြည်ပဘွဲ့ခံဆရာတော်ကြီး (၃)ပါးအပါအဝင်  စုစုပေါင်း(၂၁)ပါးကို  လှူဒါန်းအပ်နှင်းခဲ့ကြောင်း သိရသည်။

အလားတူ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်အား ဆရာတော်ကြီး (၂၅)ပါး နှင့် သီလရှင်ဆရာကြီး (၂)ပါးကို လည်းကောင်း၊ မဟာဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်အား   ဆရာတော်ကြီး  (၅၀)ပါး နှင့် သီလရှင်ဆရာကြီး (၇)ပါးကို လည်းကောင်း၊ ဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်အား   ဆရာတော်ကြီး  (၅၃)ပါး နှင့် သီလရှင်ဆရာကြီး (၂၀)ပါးတို့ကို အပ် နှင်းခဲ့သည်။ 

ထို့ပြင် မဟာ ဓမ္မာကထိကဗဟုဇနဟိတဓရဘွဲ့တံဆိပ်တော်အား   ဆရာ တော်ကြီး (၂)ပါးနှင့် ဓမ္မာကထိက ဗဟုဇနဟိတဓရဘွဲ့တံဆိပ်တော်အား   ဆရာတော်ကြီး (၄)ပါးတို့ကို လည်းကောင်း၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်အား ဆရာတော်ကြီး(၇)ပါးကိုလည်းကောင်း၊  အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇဘွဲ့တံဆိပ်တော်အား  ဆရာတော်ကြီး(၄၇)ပါး၊  ပြည်ပဘွဲ့ခံဆရာတော်ကြီး(၃)ပါးတို့ကိုလည်းကောင်း၊ မဟာ သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော် အား ဆရာတော်ကြီး (၈၉)ပါး၊ ပြည်ပဘွဲ့ခံဆရာတော်ကြီး (၄)ပါး ၊  သီလရှင် ဆရာကြီး (၇)ပါး နှင့် လူပုဂ္ဂိုလ် (၅) ဦးကိုလည်းကောင်း၊ သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်အား  ဆရာတော်ကြီး  (၇၄) ပါး၊ ပြည်ပဘွဲ့ခံ ဆရာတော်ကြီး (၁)ပါး ၊  သီလရှင်ဆရာကြီး (၅)ပါးနှင့် လူပုဂ္ဂိုလ် (၁) ဦး၊ ပြည်ပဘွဲ့ခံလူပုဂ္ဂိုလ် (၁) ဦးတို့ကို အပ်နှင်းခဲ့ကြောင်း သိရသည်။ 

အဂ္ဂမဟာကမ္မဋ္ဌာနာစရိယဘွဲ့တံဆိပ်တော်အား ဆရာတော်ကြီး(၇)ပါး၊ ပြည်ပဘွဲ့ခံဆရာတော်ကြီး (၁)ပါး နှင့် မဟာ ကမ္မဋ္ဌာနာ စရိယ ဘွဲ့တံဆိပ်တော်အား ဆရာတော်ကြီး  (၉) ပါး၊ ကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်အားဆရာတော်ကြီး  (၁၇) ပါး တို့ကိုလည်း အပ်နှင်းခဲ့သည်။ 

ထို့နောက် အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရဘွဲ့တံဆိပ်တော်အား ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်နေ ဒေါက်တာ မောင်မောင်ဦး ကို လည်းကောင်း၊  အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ်တော်အား မန္တလေးတိုင်း၊ မဟာအောင်မြေ မြို့နယ်နေ ဒေါ်စန်းစန်းဝေ  နှင့် ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မ)နေ ဒေါ်နုနုဝေတို့ကို အပ်နှင်းခဲ့ကြောင်း သိရသည်။ 

အလားတူ သီရိသုဓမ္မမဏိဇောတဓရဘွဲ့တံဆိပ်တော်အား မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်နေ ဦးမန်းစိန်၊ ချမ်းမြသာစည်မြို့နယ်နေ ဦးဝမ်ရှင်းရွှေ နှင့်  ရန်ကုန်တိုင်း၊ သာကေတမြို့နယ်နေ ဦးအောင်ကိုဇော် တို့ကို လည်း ကောင်း၊  သီရိသုဓမ္မသိင်္ဂီဘွဲ့တံဆိပ်တော်ကို ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်နေ ဒေါ်တင်ညွန့် အပါအဝင် (၆)ဦးတို့ကို အပ်နှင်းခဲ့သည်။ 

ထို့ပြင် သီဟသုဓမ္မမဏိဇောတဓရဘွဲ့တံဆိပ်တော်အား ပြည်ပဘွဲ့ခံလူပုဂ္ဂိုလ်တစ်ဦး အပါအဝင် (၅)ဦး ၊ သီဟ  သုဓမ္မသိင်္ဂီဘွဲ့တံဆိပ်တော်အား လူပုဂ္ဂိုလ် (၄)ဦး နှင့် သုဓမ္မမဏိဇောတဓရဘွဲ့တံဆိပ်တော်အား လူပုဂ္ဂိုလ် (၄)ဦး ၊ သုဓမ္မသိင်္ဂီ   ဘွဲ့တံဆိပ်တော်အား လူပုဂ္ဂိုလ် (၁၄)ဦး တို့ကို အပ်နှင်းခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ယနေ့(ဇန်နဝါရီ ၄ ရက်) ၊ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့၌ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် ဆရာတော်ကြီးများနှင့် လူပုဂ္ဂိုလ် (၅၀၈)ဦးကို  သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ပေးအပ်ခဲ့ကြောင်း သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရုရှား၏လေကြောင်းတိုက်ခိုက်မှုများကို ဗီဒီယိုလွှင့်တင်ခဲ့သည့် ယူကရိန်း blogger လေးဦး ဖမ်းဆီးခံရ

RECENT POSTS
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved