ယူကရိန်းနဲ့ ရုရှားနိုင်ငံကြား စစ်ပွဲကာလသမိုင်းတစ်လျှောက် အကြီးမားဆုံး အကျဉ်သားလဲလှယ်မှုတွေ ပြုလုပ်
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၄
ယူကရိန်း နဲ့ ရုရှားနိုင်ငံကြား စစ်ပွဲဖြစ်ပွားနေပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းမှာ အကျဉ်းသားတွေကို အပြန်အလှန် လဲလှယ်ခဲ့ကြောင်းသိရပါတယ်။
အဆိုပါ အကျဉ်းသားများအပြန်အလှန် လဲလှယ်မှုအရေအတွက်ဟာ စစ်ပွဲကာလအတွင်း အကြီးမားဆုံးအရေအတွက်တစ်ခုဖြစ်ခဲ့ကြောင်းသိရပါတယ်။
ယူကရိန်း နဲ့ ရုရှားတို့ကြား အကျဉ်းသားများအပြန်အလှန်လဲလှယ်နိုင်ဖို့ ယူအေအီးနိုင်ငံက ကြားဝင်စေ့စပ်ပေးခဲ့ပြီး ယူကရိန်းက ရုရှားအကျဉ်းသား ၂၄၈ ဦး ပြန်လွှတ်ပေးခဲ့သလို ရုရှားကလည်း ယူကရိန်းအကျဉ်းသား ၂၃၀ ဦး ပြန်လွှတ်ပေးခဲ့ကြောင်းသိရပါတယ်။ အဆိုပါအကျဉ်းသား လဲလှယ်မှုဟာ ပြီးခဲ့တဲ့သြဂုတ်လနောက်ပိုင်း ပြုလုပ်ခဲ့တဲ့ အကျဉ်းသားလဲလှယ်မှုတွေထဲမှာ အကြီးမားဆုံးလဲလှယ်မှုအရေအတွက်ဖြစ်ကြောင်းသိရပါတယ်။
ယူကရိန်း သမ္မတ ဇီလန်စကီးက "ကျွန်တော်တို့ နိုင်ငံသားတွေ မိခင်နိုင်ငံကို ပြန်လည်ရောက်ရှိခဲ့တယ်။ ယူကရိန်းပြည်သူတွေအပြင် ယူကရိန်းစစ်သားတွေ၊ လုံခြုံရေးအဖွဲ့တွေလည်းပြန်လွတ်မြောက်ခဲ့တယ်"လို့ပြောပါတယ်။
ယူကရိန်းနဲ့ ရုရှားတို့ဟာ စစ်ပွဲစတင်ခဲ့တဲ့ ၂၀၂၂ ခုနှစ်နောက်ပိုင်းကတည်းက အကျဉ်းသားတွေ အပြန်အလှန် လဲလှယ်ခဲ့ပေမယ့် စေ့စပ်ဆွေးနွေးရာမှာ အဆင်မပြေမှုတွေကြောင့် အကျဉ်းသားအများအပြား အပြန်အလှန် လွှတ်ပေးဖို့ အခက်အခဲဖြစ်ခဲ့ကြောင်းသိရပါတယ်။ ယူကရိန်းနဲ့ ရုရှားနိုင်ငံကြားဖြစ်ပွားနေတဲ့စစ်ပွဲဟာ (၂)နှစ်နီးပါးရှိနေပေမယ့် လက်ရှိအချိန်အထိ အပစ်ခတ်ရပ်စဲရေးဆွေးနွေးနိုင်ခြင်းမရှိသေးဘဲ စစ်ပွဲတွေဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။
ယူကရိန်းဟာ သိမ်းပိုက်ခံထားရတဲ့ ပိုင်နက်နယ်မြေလေးကို ပြန်လည်ရယူနိုင်ဖို့ တိုက်ခိုက်နေပေမယ့် လက်ရှိအချိန်အထိပြန်လည်သိမ်းပိုက်နိုင်ခြင်းမျိုးမရှိသေးဘဲ မျှော်လင့်သလောက် အောင်မြင်မှုမရသေးကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
“အ”သုံးလုံးကျေ သင်တန်းကဲ့သို့ စာတတ်မြောက်ရေးလှုပ်ရှားမှုကို နိုင်ငံတစ်ဝန်းအကောင်အထည်ဖော်မည်
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း