Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မန္တလေးတိုင်းအတွင်း တစ်ရက်တည်း၌ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် အုပ်ချုပ်ရေးမှူး အပါအဝင် (၂)ဦး သေဆုံးကာ (၂)ဦး ဒဏ်ရာရရှိ

Pearl (NP News) - မတ် ၁၇

မန္တလေးတိုင်းအတွင်း တစ်ရက်တည်း၌ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် အမျိုးသား (၂)ဦးသေဆုံး၊ (၂)ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။

ပြီးခဲ့သည့် မတ်လ (၁၄)ရက်၊ နံနက် (၈)နာရီ (၃ဝ) မိနစ်အချိန်ခန့်တွင် မြင်းခြံမြို့နယ်၊ မီးပေါက်ကျေးရွာနှင့် ကံနီ ကျေးရွာသွား မြေသားလမ်းပေါ်၌ အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံ၍ သေဆုံးနေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါဖြစ်စဥ်မှာ မီးပေါက်ကျေးရွာတွင် နေထိုင်သူ ဦးဇော်မင်းသည် ၎င်း၏နေအိမ်၌ ဇနီးဖြစ်သူနှင့်အတူရှိနေစဉ် အကြမ်းဖက်အမျိုးသား (၆) ဦးက ဆိုင်ကယ် (၃) စီးဖြင့် ရောက်ရှိလာပြီး ဖမ်းဆီးခေါ်ဆောင်သွားကာ အခင်းဖြစ် နေရာအရောက်၌ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။

အလားတူ ထိုနေ့ နံနက် (၁၁) နာရီအချိန်တွင် စဉ့်ကူးမြို့နယ်၊ ကျွန်းကြီးကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆက်လက် ထုတ်ပြန်ထားသည်။

အဆိုပါကျေးရွာတွင်နေထိုင်သော ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရဲထွန်းသည် ၎င်း၏နေအိမ်၌ မိသားစုနှင့်အတူရှိနေ စဉ် အကြမ်းဖက်အဖွဲ့ (၈) ဦးခန့် ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန် ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ထိုနေ့ နေ့လည် (၁) နာရီအချိန်ခန့်တွင် တောင်သာမြို့နယ်၊ အောင်ချမ်းသာကျေးရွာအနီးတွင် သေနတ် ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား (၂) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးရွာတွင်နေထိုင်သော ကိုလွှမ်းနိုင် နှင့် ထနောင်းကုန်းကျေးရွာတွင် နေထိုင်သော ကိုတိုးချမ်းတို့ အပါအဝင် (၅) ဦးသည် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုလျက်ရှိသည့် ဇဂျမ်းကျေးရွာအခြေခံပညာအထက်တန်း ကျောင်းမှ လုံခြုံရေးလုပ်ငန်းများကူညီဆောင်ရွက်ပြီး ထနောင်းကုန်းကျေးရွာသို့ ဆိုင်ကယ် (၃) စီးဖြင့် ပြန်လာစဉ် ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။

ထိုသို့ ပြန်လာစဉ် အခင်းဖြစ်နေရာအရောက်၌ အကြမ်းဖက်အဖွဲ့ (၆) ဦးခန့်မှ သေနတ်များဖြင့် ဝိုင်းဝန်းချောင်း မြောင်း ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကိုလွှမ်းနိုင်နှင့် ကိုတိုးချမ်းတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင် ရန် တောင်သာမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ထားရှိကြောင်း သိရသည်။


Zawgyi Version;

မႏၲေလးတိုင္းအတြင္း တစ္ရက္တည္း၌ ေသနတ္ျဖင့္ ပစ္ခတ္ခံရမႈေၾကာင့္ အုပ္ခ်ဳပ္ေရးမႉး အပါအဝင္ (၂)ဦး ေသဆုံးကာ (၂)ဦး ဒဏ္ရာရရွိ

Pearl (NP News) - မတ္ ၁၇

မႏၲေလးတိုင္းအတြင္း တစ္ရက္တည္း၌ ေသနတ္ျဖင့္ ပစ္ခတ္ခံရမႈေၾကာင့္ အမ်ိဳးသား (၂)ဦးေသဆုံး၊ (၂)ဦး ဒဏ္ရာ ရရွိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ထံမွ သတင္းရရွိသည္။

ၿပီးခဲ့သည့္ မတ္လ (၁၄)ရက္၊ နံနက္ (၈)နာရီ (၃ဝ) မိနစ္အခ်ိန္ခန႔္တြင္ ျမင္းၿခံၿမိဳ႕နယ္၊ မီးေပါက္ေက်း႐ြာႏွင့္ ကံနီ ေက်း႐ြာသြား ေျမသားလမ္းေပၚ၌ အမ်ိဳးသားတစ္ဦး ေသနတ္ျဖင့္ပစ္ခတ္ခံ၍ ေသဆုံးေနေၾကာင္း ရဲတပ္ဖြဲ႕ထံမွ သိရသည္။

အဆိုပါျဖစ္စဥ္မွာ မီးေပါက္ေက်း႐ြာတြင္ ေနထိုင္သူ ဦးေဇာ္မင္းသည္ ၎၏ေနအိမ္၌ ဇနီးျဖစ္သူႏွင့္အတူရွိေနစဥ္ အၾကမ္းဖက္အမ်ိဳးသား (၆) ဦးက ဆိုင္ကယ္ (၃) စီးျဖင့္ ေရာက္ရွိလာၿပီး ဖမ္းဆီးေခၚေဆာင္သြားကာ အခင္းျဖစ္ ေနရာအေရာက္၌ ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္ခဲ့သျဖင့္ ၎တြင္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိခဲ့၍ ေသဆုံးခဲ့ျခင္း ျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုသည္။

အလားတူ ထိုေန႔ နံနက္ (၁၁) နာရီအခ်ိန္တြင္ စဥ့္ကူးၿမိဳ႕နယ္၊ ကြၽန္းႀကီးေက်း႐ြာ၌ ေသနတ္ျဖင့္ ပစ္ခတ္ခံရ၍ အမ်ိဳးသားတစ္ဦး ေသဆုံးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆက္လက္ ထုတ္ျပန္ထားသည္။

အဆိုပါေက်း႐ြာတြင္ေနထိုင္ေသာ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးရဲထြန္းသည္ ၎၏ေနအိမ္၌ မိသားစုႏွင့္အတူရွိေန စဥ္ အၾကမ္းဖက္အဖြဲ႕ (၈) ဦးခန႔္ ေရာက္ရွိလာၿပီး ေသနတ္ျဖင့္ပစ္ခတ္ထြက္ေျပးသြားခဲ့သျဖင့္ ၎တြင္ က်ည္ထိမွန္ ဒဏ္ရာမ်ား ရရွိကာ အခင္းျဖစ္ေနရာ၌ ေသဆုံးခဲ့ေၾကာင္း သိရသည္။

အလားတူ ထိုေန႔ ေန႔လည္ (၁) နာရီအခ်ိန္ခန႔္တြင္ ေတာင္သာၿမိဳ႕နယ္၊ ေအာင္ခ်မ္းသာေက်း႐ြာအနီးတြင္ ေသနတ္ ျဖင့္ ပစ္ခတ္ခံရ၍ အမ်ိဳးသား (၂) ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

အဆိုပါ ေက်း႐ြာတြင္ေနထိုင္ေသာ ကိုလႊမ္းႏိုင္ ႏွင့္ ထေနာင္းကုန္းေက်း႐ြာတြင္ ေနထိုင္ေသာ ကိုတိုးခ်မ္းတို႔ အပါအဝင္ (၅) ဦးသည္ တကၠသိုလ္ဝင္စာေမးပြဲေျဖဆိုလ်က္ရွိသည့္ ဇဂ်မ္းေက်း႐ြာအေျခခံပညာအထက္တန္း ေက်ာင္းမွ လုံၿခဳံေရးလုပ္ငန္းမ်ားကူညီေဆာင္႐ြက္ၿပီး ထေနာင္းကုန္းေက်း႐ြာသို႔ ဆိုင္ကယ္ (၃) စီးျဖင့္ ျပန္လာစဥ္ ျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုသည္။

ထိုသို႔ ျပန္လာစဥ္ အခင္းျဖစ္ေနရာအေရာက္၌ အၾကမ္းဖက္အဖြဲ႕ (၆) ဦးခန႔္မွ ေသနတ္မ်ားျဖင့္ ဝိုင္းဝန္းေခ်ာင္း ေျမာင္း ပစ္ခတ္တိုက္ခိုက္ခဲ့သျဖင့္ ကိုလႊမ္းႏိုင္ႏွင့္ ကိုတိုးခ်မ္းတို႔တြင္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိခဲ့၍ ေဆးကုသႏိုင္ ရန္ ေတာင္သာၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ပို႔ေဆာင္ထားရွိေၾကာင္း သိရသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာနိုင်ငံ၏ ပြည်တွင်းပဋိပက္ခများ ပြေလည်ချုပ်ငြိမ်းရန် တရုတ်နိုင်ငံ၏ ကြားဝင်ဆောင်ရွက်မှုအပေါ် “ဝ” တပ်ဖွဲ့ဦးဆောင်သော FPNCC အဖွဲ့ ကြိုဆို

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved