Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာနိုင်ငံ၏ ပြည်တွင်းပဋိပက္ခများ ပြေလည်ချုပ်ငြိမ်းရန် တရုတ်နိုင်ငံ၏ ကြားဝင်ဆောင်ရွက်မှုအပေါ် “ဝ” တပ်ဖွဲ့ဦးဆောင်သော FPNCC အဖွဲ့ ကြိုဆို

မျိုးကြီး (NP News) - မတ် ၁၇

မြန်မာနိုင်ငံ၏ ပြည်တွင်းပဋိပက္ခများ ပြေလည်ချုပ်ငြိမ်းရန် တရုတ်နိုင်ငံ၏ ကြားဝင်ဆောင်ရွက်မှုအပေါ် “ဝ”တပ်ဖွဲ့ဦးဆောင်သော FPNCC အဖွဲ့က ကြိုဆိုကြောင်း အသိပေးပြောဆိုထားသည်။

မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်(၇)ဖွဲ့စည်းထားသော ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC) က မတ်လ ၁၆ ရက်တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

FPNCC ၏ လုပ်ငန်းအစည်းအဝေးကို “ဝ” ပြည်နယ်၊ ပန်ခမ်းမြို့၌ မတ်လ ၁၅ ရက် နှင့် ၁၆ ရက်တို့တွင် ကျင်းပခဲ့ပြီးနောက် ယခုကဲ့သို့ထုတ်ပြန်လာခဲ့ခြင်းလည်း ဖြစ်သည်။

အဆိုပါအစည်းအဝေး၌ ၂ဝ၂၁ ခုနှစ်နောက်ပိုင်း တိုးမြင့်ဖြစ်ပေါ်လာသော ပြည်တွင်းပဋိပက္ခများနှင့် ကိုဗစ်-၁၉ကပ်ရောဂါစတင်ဖြစ်ပွားခဲ့ချိန်တွင် ဖြစ်ပွားခဲ့သည့် ပြည်တွင်း၊ ပြည်ပရေးရာများကို ပြန်လည်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း FPNCC ဆိုသည်။

ထို့ပြင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ချင်းစီ၏ အဖွဲ့အစည်းအတွင်း တည်ဆောက်မှုအခြေအနေများ၊ အဖွဲ့အစည်းတိုင်းမှ အလေးထားသည့်အကြောင်းကိစ္စရပ်များအပေါ်တွင်လည်း မှတ်ချက်ပေးဆွေးနွေးနိုင်ခဲ့ကြောင်း FPNCC အဖွဲ့၏ ထုတ်ပြန်ချက်၌ ပါရှိသည်။

မြန်မာ့ပြည်တွင်းရေးနှင့်ပတ်သက်၍ မိမိတို့နယ်စပ်ဒေသရှိ လူနည်းစုတိုင်းရင်းသားလူမျိုးများ အနေဖြင့် ဗမာပြည်မနှင့် အလုံးစုံငြိမ်းချမ်းရေးတည်ဆောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတစ်ရပ်ကို တည်ထောင်ကြရမည်ဟု ယူဆကြောင်း FPNCC ပြောဆိုထားသည်။

၎င်းအယူအဆကို အကောင်အထည်ဖော်ရန် နည်းလမ်းမျိုးစုံရှိနေသော်လည်း နောက်ဆုံး၌ မိမိတို့ လူနည်းစုတိုင်းရင်းသားများ၏ အင်အားနှင့်အစွမ်းအစများကိုသာ အားကိုးရမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် FPNCC အနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတောအတွင်း အခက်အခဲများကို ရင်ဆိုင်ကျော်ဖြတ်နိုင်ရန် နှောင် ကြိုးမဲ့အကူအညီများ ပေးအပ်ခဲ့သည့် တရုတ်အစိုးရကို ကျေးဇူးအထူးတင်ကြောင်းလည်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောဆိုထားသည်။

FPNCC အနေဖြင့် တရုတ်အစိုးရနှင့်ဆက်လက် လက်တွဲကာ နယ်စပ်ဒေသတည်ငြိမ်ရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် လူဝင်မှု၊ ကုန်သွယ်ကူးသန်းသွားလာရေးကဏ္ဍအသီးသီးတွင်လည်း ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော ပြည်တွင်းပဋိပက္ခများ ပြေလည်ချုပ်ငြိမ်းသွားရေးအတွက် တရုတ်နိုင်ငံ၏ ကြားဝင်ဆောင်ရွက်မှုအပေါ် ကြိုဆိုထောက်ခံကြောင်းလည်း FPNCC က အသိပေးကြေညာထားသည်။

ယခုရက်ပိုင်းအတွင်း ပန်ခမ်းမြို့၌ ကျင်းပသည့် FPNCC အစည်းအဝေးသို့ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ရှမ်း/ရှေ့အထူးဒေသ(၄) ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီ(PSC)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ မြန်မာနိုင်ငံအမှန်တရားနှင့်တရားမျှတသောအမျိုးပါတီ(MNTJP)၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF)တို့မှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။


Zawgyi Version;

ျမန္မာႏိုင္ငံ၏ ျပည္တြင္းပဋိပကၡမ်ား ေျပလည္ခ်ဳပ္ၿငိမ္းရန္ တ႐ုတ္ႏိုင္ငံ၏ ၾကားဝင္ေဆာင္႐ြက္မႈအေပၚ “ဝ” တပ္ဖြဲ႕ဦးေဆာင္ေသာ FPNCC အဖြဲ႕ ႀကိဳဆို

မ်ိဳးႀကီး (NP News) - မတ္ ၁၇

ျမန္မာႏိုင္ငံ၏ ျပည္တြင္းပဋိပကၡမ်ား ေျပလည္ခ်ဳပ္ၿငိမ္းရန္ တ႐ုတ္ႏိုင္ငံ၏ ၾကားဝင္ေဆာင္႐ြက္မႈအေပၚ “ဝ”တပ္ဖြဲ႕ဦးေဆာင္ေသာ FPNCC အဖြဲ႕က ႀကိဳဆိုေၾကာင္း အသိေပးေျပာဆိုထားသည္။

ေျမာက္ပိုင္းမဟာမိတ္လက္နက္ကိုင္(၇)ဖြဲ႕စည္းထားေသာ ျပည္ေထာင္စုႏိုင္ငံေရးေဆြးေႏြးညႇိႏႈိင္းေရးေကာ္မတီ(FPNCC) က မတ္လ ၁၆ ရက္တြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ေၾကညာခဲ့ျခင္းျဖစ္သည္။

FPNCC ၏ လုပ္ငန္းအစည္းအေဝးကို “ဝ” ျပည္နယ္၊ ပန္ခမ္းၿမိဳ႕၌ မတ္လ ၁၅ ရက္ ႏွင့္ ၁၆ ရက္တို႔တြင္ က်င္းပခဲ့ၿပီးေနာက္ ယခုကဲ့သို႔ထုတ္ျပန္လာခဲ့ျခင္းလည္း ျဖစ္သည္။

အဆိုပါအစည္းအေဝး၌ ၂ဝ၂၁ ခုႏွစ္ေနာက္ပိုင္း တိုးျမင့္ျဖစ္ေပၚလာေသာ ျပည္တြင္းပဋိပကၡမ်ားႏွင့္ ကိုဗစ္-၁၉ကပ္ေရာဂါစတင္ျဖစ္ပြားခဲ့ခ်ိန္တြင္ ျဖစ္ပြားခဲ့သည့္ ျပည္တြင္း၊ ျပည္ပေရးရာမ်ားကို ျပန္လည္ေဆြးေႏြးမႈမ်ားျပဳလုပ္ခဲ့ေၾကာင္း FPNCC ဆိုသည္။

ထို႔ျပင္ လက္နက္ကိုင္အဖြဲ႕တစ္ဖြဲ႕ခ်င္းစီ၏ အဖြဲ႕အစည္းအတြင္း တည္ေဆာက္မႈအေျခအေနမ်ား၊ အဖြဲ႕အစည္းတိုင္းမွ အေလးထားသည့္အေၾကာင္းကိစၥရပ္မ်ားအေပၚတြင္လည္း မွတ္ခ်က္ေပးေဆြးေႏြးႏိုင္ခဲ့ေၾကာင္း FPNCC အဖြဲ႕၏ ထုတ္ျပန္ခ်က္၌ ပါရွိသည္။

ျမန္မာ့ျပည္တြင္းေရးႏွင့္ပတ္သက္၍ မိမိတို႔နယ္စပ္ေဒသရွိ လူနည္းစုတိုင္းရင္းသားလူမ်ိဳးမ်ား အေနျဖင့္ ဗမာျပည္မႏွင့္ အလုံးစုံၿငိမ္းခ်မ္းေရးတည္ေဆာက္ၿပီး ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စုတစ္ရပ္ကို တည္ေထာင္ၾကရမည္ဟု ယူဆေၾကာင္း FPNCC ေျပာဆိုထားသည္။

၎အယူအဆကို အေကာင္အထည္ေဖာ္ရန္ နည္းလမ္းမ်ိဳးစုံရွိေနေသာ္လည္း ေနာက္ဆုံး၌ မိမိတို႔ လူနည္းစုတိုင္းရင္းသားမ်ား၏ အင္အားႏွင့္အစြမ္းအစမ်ားကိုသာ အားကိုးရမည္ျဖစ္ေၾကာင္းလည္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထို႔ျပင္ FPNCC အေနျဖင့္ ကိုဗစ္-၁၉ ကပ္ေရာဂါကာလအေတာအတြင္း အခက္အခဲမ်ားကို ရင္ဆိုင္ေက်ာ္ျဖတ္ႏိုင္ရန္ ေႏွာင္ ႀကိဳးမဲ့အကူအညီမ်ား ေပးအပ္ခဲ့သည့္ တ႐ုတ္အစိုးရကို ေက်းဇူးအထူးတင္ေၾကာင္းလည္း ၎တို႔၏ ထုတ္ျပန္ခ်က္တြင္ ထည့္သြင္းေျပာဆိုထားသည္။

FPNCC အေနျဖင့္ တ႐ုတ္အစိုးရႏွင့္ဆက္လက္ လက္တြဲကာ နယ္စပ္ေဒသတည္ၿငိမ္ေရး၊ က်န္းမာေရး၊ လူမႈေရးႏွင့္ လူဝင္မႈ၊ ကုန္သြယ္ကူးသန္းသြားလာေရးက႑အသီးသီးတြင္လည္း ပူးေပါင္းလုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ဆက္လက္ၿပီး ျမန္မာႏိုင္ငံအတြင္း ျဖစ္ေပၚေနေသာ ျပည္တြင္းပဋိပကၡမ်ား ေျပလည္ခ်ဳပ္ၿငိမ္းသြားေရးအတြက္ တ႐ုတ္ႏိုင္ငံ၏ ၾကားဝင္ေဆာင္႐ြက္မႈအေပၚ ႀကိဳဆိုေထာက္ခံေၾကာင္းလည္း FPNCC က အသိေပးေၾကညာထားသည္။

ယခုရက္ပိုင္းအတြင္း ပန္ခမ္းၿမိဳ႕၌ က်င္းပသည့္ FPNCC အစည္းအေဝးသို႔ “ဝ” ျပည္ေသြးစည္းညီၫြတ္ေရးပါတီ(UWSP)၊ ကခ်င္လြတ္လပ္ေရးအဖြဲ႕(KIO)၊ ရွမ္း/ေရွ႕အထူးေဒသ(၄) ၿငိမ္းခ်မ္းေရးႏွင့္စည္းလုံးေရးေကာ္မတီ(PSC)၊ ရွမ္းျပည္တိုးတက္ေရးပါတီ(SSPP)၊ ျမန္မာႏိုင္ငံအမွန္တရားႏွင့္တရားမွ်တေသာအမ်ိဳးပါတီ(MNTJP)၊ ရကၡိဳင္အမ်ိဳးသားအဖြဲ႕ခ်ဳပ္(ULA)၊ ပေလာင္ျပည္နယ္လြတ္ေျမာက္ေရးတပ္ဦး(PSLF)တို႔မွ ေခါင္းေဆာင္မ်ား တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာအမျိုးသားလေကြောင်းလိုင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ(၂ဝ)၏ နိုင်ငံခြားငွေ ဝယ်ယူရောင်းချခွင့်လိုင်စင် ဗဟိုဘဏ် ရုပ်သိမ်း

RELATED POSTS
RECENT POSTS
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved