တပ်မတော်၏ ရဟတ်ယာဉ်တစ်စင်း ပစ်ချခံခဲ့ရဟုဆို
မြူနစ် (NSS) - ဇန်နဝါရီ ၃
တပ်မတော်၏ ရဟတ်ယာဉ်တစ်စင်းကို ကချင်လက်နက်ကိုင်အဖွဲ့ KIA က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါရဟတ်ယာဉ်သည် ယနေ့(ဇန်နဝါရီလ ၃ ရက်) နေ့လည်ပိုင်းအချိန်တွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ နာဖော့တောင်ကြောတစ်ဝိုက်၌ ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
"ဖြစ်စဉ်က မှန်တယ်လို့ သိရတယ်။ အောက်ကနေ ပစ်လိုက်တာပေါ့။ မှန်ပါတယ်"ဟု တပ်မတော်(လေ)နှင့်နီးစပ်သော သတင်းအရင်းအမြစ်တစ်ဦးက NP News ကိုပြောသည်။
၎င်းရဟတ်ယာဉ်သည် တပ်မတော်လုံခြုံရေးအဖွဲ့ဝင်များထံသို့ ရိက္ခာလာပို့သည့် ရဟတ်ယာဉ်တစ်စင်းဖြစ်ပြီး KIA အဖွဲ့၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပျက်ကျဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။
KIA အဖွဲ့ကလည်း တပ်မတော်၏ ရဟတ်ယာဉ်ကို ၎င်းတို့ ပစ်ချခဲ့ခြင်းဖြစ်ကြောင်း မီဒီယာအချို့ကို ထုတ်ဖော်ပြောဆို ထားသည်။
သို့သော် အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ နစကသတင်းထုတ်ပြန်ရေးအဖွဲ့ကို မီဒီယာများက ဆက်သွယ်မေးမြန်းထား သော်လည်း လက်ရှိအချိန်ထိ တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်းမျိုး မရှိသေးပေ။
ပြီးခဲ့သော ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း၌ တပ်မတော်၏ လေ့ကျင့်ရေးအပေါ့စား တိုက်ခိုက်ရေးလေယာဉ်တစ်စင်း သည်လည်း စက်ချို့ယွင်းကာ ပျက်ကျခဲ့သောဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားကို ရန်ကုန်မြို့ပြည်သူ့ရင်ပြင်၌ ကျင်းပ
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ