ရွာငံမြို့နယ်၌ ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွက် သဲတူးဖော်စဉ် ကမ်းပါးပြိုကျ၍ လူတစ်ဦး သေဆုံး
သန့်ဇင် (NSS) - ဇန်နဝါရီ ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်တွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွက် သဲတူးဖော်စဉ် ကမ်းပါးပြိုကျ၍ လူတစ်ဦး သေဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ရွာငံမြို့ထံမှ သိရသည်။
ယမန်နေ့(ဒီဇင်ဘာလ ၃၁ ရက်)၊ ညနေ ၅ နာရီခွဲအချိန်ခန့်တွင် ရွာငံမြို့နယ်၊ အင်းကုန်းကျေးရွာ အရှေ့ဘက်တွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ဆုံးသွားတဲ့လူက ဆောင်လုပ်ရေးလုပ်ငန်းက သဲတင်တဲ့ထော်လာဂျီမောင်းတဲ့လူပါ။ သူနဲ့သူ့အလုပ်သမားတွေက သဲလာတူးကြတာ။ မှောင်တော့ အ လုပ်သမားတွေက ပြန်သွားတဲ့အချိန် သူတစ်ယောက်ပဲ တူးကျန်ခဲ့တာ။ အဲဒီအချိန်မှာ အပေါ်က ကမ်းပါးကပြိုကျလာပြီး သူ့အပေါ်ပိသွားတာပါ” ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ရွာငံမြို့မှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် ရွာငံမြို့တွင်နေထိုင်သည့် အသက်(၃၅)နှစ်ဝန်းကျင် အမျိုးသားသည် သဲကမ်းပါးပြိုကျပိမိခဲ့ပြီး အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့လည်း သူ့မိသားစုက ခေါ်လို့သွားတဲ့အချိန်မှာ ည ၁၁နာရီ ၅၀ ဝန်းကျင်လောက်မှာ သဲတွေအောက်ကနေပြန်တွေ့တာ။ ခုလိုမျိုးဖြစ်စဉ်က အရင်(၂၀၁၆)ခုနှစ်က တစ်ခါဖြစ်ဖူးတယ်။ အကြံပြုချင်တာတော့ ခုလိုလုပ်တဲ့လူတွေအတွက် သေချာဂရုစိုက်ပြီး လုပ်စေချင်တာပါပဲ”ဟု ၎င်းကဆက် လက်ပြောသည်။
ထို့ကြောင့် သေဆုံးသူအမျိုးသား၏ရုပ်အလောင်းအား မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ရွာငံမြို့မှ ရွာငံမြို့ပြည်သူ့ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်စေရန် ကူညီပေးခြင်းများအတွက် အိန္ဒိယနိုင်ငံကို မြန်မာသံအမတ်ကြီး ချီးကျူး
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း