Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်စေရန် ကူညီပေးခြင်းများအတွက် အိန္ဒိယနိုင်ငံကို မြန်မာသံအမတ်ကြီး ချီးကျူး

ဂျန်ဇက် (NSS) - ဇန်နဝါရီ ၁

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး နှင့် အခြေခံအဆောက်အဦး စီမံကိန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ကူညီပေးခြင်းများအတွက် အိန္ဒိယအစိုးရကို ကျေးဇူးတင်ကြောင်း အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်က ချီးကျူးပြောဆိုလိုက်ကြောင်းသိရသည်။


မြန်မာနိုင်ငံတွင်အာဏာရယူမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အမေရိကန်အပါအ ဝင် အနောက်အုပ်စုနိုင်ငံများက အိန္ဒိယကို ဖိအားပေးခဲ့သော်လည်း အိန္ဒိယအစိုးရက နစက နှင့် ပုံမှန်ဆက်ဆံရေးများပြုလုပ်ခဲ့ကာ မြန်မာနိုင်ငံအတွင်းပြုလုပ်ရန် စီစဉ်ထားသည့် စီမံကိန်းများကို ဆက်လက်လုပ်ကိုင်ခဲ့ကြောင်းသိရသည်။

ဖွံ့ဖြိုးတိုးတက်ရေး နှင့် နည်းပညာပိုင်း ပူးပေါင်းဆောင်ရွက်မှုများက အိန္ဒိယနှင့် မြန်မာနိုင်ငံကြား အပြန်အလှန်ဆက်ဆံမှုအားလုံးထဲတွင် အဓိကအရေးပါသော အခန်းကဏ္ဍကပါဝင်ခဲ့ကြောင်း မြန်မာသံအမတ်ကြီးကပြောသည်။အိန္ဒိယနိုင်ငံသည် ယခုနှစ်အတွင်း ကုလားတန် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကိုပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့သလို အိန္ဒိယ-မြန်မာ- ထိုင်းနိုင်ငံတို့ ချိတ်ဆက်မည့် အရှည် ၁၄၀၀ ကီလိုမီတာရှိ အမြန်လမ်းကို ၇၀ ရာခိုင်နှုန်းပြီးစီးအောင် ကူညီပေးခဲ့ကြောင်း သိရသည်။ ကုလားတန်ဘက်စုံဖွံ့ဖြိုးတိုး တက်ရေး စီမံကိန်းသည် မြန်မာနိုင်ငံတွင် အိန္ဒိယနိုင်ငံက ပြုလုပ်သော စီမံကိန်းများထဲတွင် အဓိကအရေးပါသော စီမံကိန်းဖြစ်ခဲ့ကြောင်းသိရသည်။အဆိုပါစီမံကိန်းတွင် ရခိုင်ပြည်နယ် စစ်တွေမြို့မှ ချင်းပြည်နယ်ပလက်ဝမြို့သို့အရှည် ၁၅၈ ကီလိုမီတာရှိသော ရေလမ်းကြောင်း နှင့် ပလက်ဝမြို့မှ အိန္ဒိယနှင့်မြန်မာနယ်စပ်ဒေသဖြစ်သော Zorinpui  သို့ချိတ်ဆက်မည့် အရှည် ၁၀၉ ကီလိုမီတာရှိသော ကုန်းလမ်းကြောင်း ဖောက်လုပ်ခြင်းများ ပါဝင်ခဲ့ကြောင်းသိရသည်။

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးသည် အိန္ဒိယနှင့် မြန်မာနိုင်ငံကြား သံတမန်ဆက်ဆံရေးတည်ထောင်သည့် ၇၅ နှစ်ပြည့်အခမ်းအနားတွင် မိန့်ခွန်းပြောဆိုချိန်အတွင်း ထိုကဲ့သို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။အိန္ဒိယနိုင်ငံရှိ မြန်မာသံရုံးတွင်ကျင်းပသော အဆိုပါအခမ်းအနားကို အိန္ဒိယပြည်ပရေးရာ နှင့် ယဉ်ကျေးမှုဝန်ကြီး Meenakshi Lekhi ၊ ရုရှားသံအမတ်ကြီး၊ ထိုင်းသံအမတ်ကြီး ၊ မွန်ဂိုလီယား နှင့် အခြားနိုင်ငံများ၏သံရုံးကိုယ် စားလှယ်များတက်ရောက်ခဲ့ကြောင်းသိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ယခု (၂၀၂၄)ခုနှစ်အတွင်း စီးပွားရေး ပိုမိုကောင်းမွန်ရန် အဓိက ကြိုးပမ်းသွားမည်ဟု တပ်ချုပ်ပြော

RECENT POSTS
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved