ဘယ်ဂိုရောမြို့တိုက်ခိုက်ခံရမှုကြောင့် ရုရှားနိုင်ငံရှိ မြို့အချို့မှာ နှစ်သစ်ကူးပွဲတော်တွေ ကျင်းပနိုင်ခြင်းမရှိခဲ့ဟုဆို
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၁
ရုရှားနိုင်ငံရဲ့နယ်စပ်မြို့ ဘယ်ဂိုရော့မြို့တိုက်ခိုက်ခံရပြီးနောက် ရုရှားနိုင်ငံရှိမြို့တွေမှာ နှစ်သစ်ကူး ပွဲတော်တွေ ကျင်းပမယ့်အစီအစဉ်ကို ဖျက်သိမ်းခဲ့ရကြောင်း သိရပါတယ်။
ရုရှားနိုင်ငံရှိ မြို့ပေါင်း အနည်းဆုံး ၁၂ မြို့ဟာ ယူကရိန်းရဲ့တိုက်ခိုက်မှုကိုရင်ဆိုင်ခဲ့ရတဲ့ ဘယ်ဂိုရောမြို့နဲ့အတူ ဝမ်းနည်းကြောင်းပြသနိုင်ဖို့ နှစ်သစ်ကူးပွဲတော်တွေ ကျင်းပမယ့်အစီအစဉ်တွေကို ဖျက်သိမ်းခဲ့တာဖြစ်ကြောင်း သိရပါတယ်။
ယူကရိန်းဟာ ရုရှားနယ်စပ်မြို့ရှိ လူနေအဆောက်အဦးတွေကိုလည်းတိုက်ခိုက်ခဲ့ရာ ရုရှားနိုင်ငံသား ၂၄ ဦး သေဆုံး ကာ အနည်းဆုံး ၁ဝ၈ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ ရုရှားနိုင်ငံ မာဂါဒမ်မြို့အုပ်ချုပ်ရေးမှူးက "ဘယ်ဂိုရော့ မြို့ဟာ တိုက်ခိုက်ခံရမှုတွေကြောင့် လူသေဆုံးမှုတွေရှိနေချိန်မှာ ကျွန်တော်တို့က ပျော်ရွှင်ပွဲတွေ ကျင်းပဖို့ သင့်တော်မှုမရှိဘူး" လို့ ပြောပါတယ်။
ဒါ့အပြင် Blagoveshchensk မြို့တော်ဝန်ကလည်း "ကျွန်တော်တို့ဟာ စီစဉ်ထားတဲ့ နှစ်သစ်ကူးပွဲတော် ကျင်းပမယ့် ကိစ္စကိုဖျက်သိမ်းခဲ့တယ်။ မီးရှုးမီးပန်းဖောက်မယ့်အစီအစဉ်တွေကို ဖျက်သိမ်းခဲ့ရတယ်။ အနာဂတ်မှာပဲ အောင်ပွဲခံအခမ်းအနားကို လုပ်ဆောင်သွားမယ်" လို့ ပြောပါတယ်။
လက်ရှိအချိန်မှာ ဘယ်ဂိုရော့မြို့အတိုက်ခံရမှုနဲ့ပတ်သက်ပြီး ယူကရိန်းနဲ့ ရုရှားနိုင်ငံကြား တင်းမာမှုအရှိန်မြင့်တက်လျက်ရှိနေကြောင်း သိရပါတယ်။ ရုရှားအစိုးရဟာ ဘယ်ဂိုရော့ရှိ အရပ်ဘက်ဆိုင်ရာအဆောက်အဦးများ ပစ်ခတ်တိုက်ခိုက်ခံရမှုတွေအတွက် ယူကရိန်းကို လက်တုံ့ပြန်တိုက်ခိုက်သွားမှာဖြစ်ကြောင်း ပြောဆိုထားပါတယ်။
ယူကရိန်းဟာ ရုရှားရဲ့ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခံရမှုတွေကို လက်တုံ့ပြန်နိုင်ဖို့ နယ်စပ်ဒေသမြို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ကုလသမဂ္ဂအဖွဲ့ကိုယ်တိုင်ကလည်း ဘယ်ဂိုရော့မြို့ တိုက်ခိုက်ခဲ့တဲ့ ယူကရိန်းရဲ့လုပ်ရပ်တွေကို လက်မခံနိုင်ကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်လမ်းကို ဇန်နဝါရီလ (၂)ရက် နှင့် (၄)ရက်တို့တွင် ခေတ္တပိတ်ထားမည်
RELATED POSTS
08 Nov 2024 | အထွေထွေ,ပြည်တွင်း
08 Nov 2024 | အထွေထွေ,နိုင်ငံတကာ
31 Oct 2024 | အထွေထွေ,နိုင်ငံတကာ