ယူကရိန်းရဲ့တိုက်ခိုက်မှုတွေကြောင့် ရုရှားပိုင်နက် ဘယ်ဂိုရော့မြို့မှာ အနည်းဆုံး လူပေါင်း ၁၄ ဦး သေဆုံး
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၃၁
ရုရှားနိုင်ငံ ဘယ်ဂိုရော့မြို့ကို ယူကရိန်းရဲ့တိုက်ခိုက်မှုတွေကြောင့် ကလေးနှစ်ဦး အပါအဝင် ရုရှားနိုင်ငံသား အနည်းဆုံး ၁၄ ဦးသေဆုံးကာ ၁ဝ၈ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ ရုရှားဟာ ယူကရိန်းနဲ့ ရုရှားနယ်စပ်ဒေသဖြစ်တဲ့ ဘယ်ဂိုရော့မြို့ကို ကလက်စတာဗုံးများ နဲ့ ဒီဇင်ဘာ ၃ဝ ရက်က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဲဒီတိုက်ခိုက်မှုတွေ ကို လက်စားချေသွားမယ်လို့ ရုရှားအစိုးရက သတင်းထုတ်ပြန်ထားပါတယ်။
ယူကရိန်းနိုင်ငံ ခါကောဗ့်မြို့ကနေ ရုရှားနိုင်ငံဘက်ခြမ်းကို ဒုံးကျည်အမျိုးမျိုးနဲ့ ပစ်ခတ်ခဲ့ပြီး ဈေးဝယ်စင်တာ၊ လူနေ အဆောက်အဦးနဲ့ ကားတွေအပြင် ဘာသာရေးအဆောက်အဦးတွေကိုလည်း ထိမှန်ခဲ့ကြောင်း ရုရှားအစိုးရက ပြောပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ယူကရိန်းရဲ့တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး အရေးပေါ် လုံခြုံရေးကောင်စီအစည်း အဝေးခေါ်ယူပေးဖို့ တိုက်တွန်းတောင်းဆိုထားကြောင်း သိရပါတယ်။ ရုရှား ဘယ်ဂိုရော့ဒေသ အုပ်ချုပ်ရေးမှူး ဖြစ်သူက လေကြောင်း သတိပေးချက်အသံကြားတာနဲ့တစ်ပြိုင်နက် ဒေသတွေဟာ ဘေးလွတ်ရာကို အမြန်ဆုံး ထွက်ပြေး ရွှေ့ပြောင်းစေလိုကြောင်း ပြောပါတယ်။
ဘယ်ဂိုရော့မြို့ဟာ ယူကရိန်းနိုင်ငံမြောက်ပိုင်း နဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ ရုရှားပိုင်နက်ဖြစ်ပြီး ယူကရိန်းနဲ့ ရုရှားတို့ စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း ကျည်ဆံများ၊ ဒရုန်းများ မကြာခဏ ကျရောက်ခဲ့ဖူးကြောင်း သိရပါတယ်။ ယူကရိန်း သတင်းဌာနတွေကတော့ ယူကရိန်းမြို့တွေအပေါ် ရုရှားရဲ့ဗုံးကြဲတိုက်ခိုက်မှုတွေကို လက်တုံ့ပြန်မှုအဖြစ် ရုရှားပိုင်နက်မြို့တွေရှိ စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တာမျိုးဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ယူကရိန်းနဲ့ ရုရှားတို့ဟာ ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း လက်ရှိအချိန်အထိ အပစ်ခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး ရယူနိုင်တာမျိုးမရှိသေးဘဲ စစ်ပွဲဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
CNG ယာဥ်အစီးရေပေါင်း (၃ဝဝဝဝ)နီးပါးကို ကုန်းတွင်း နှင့် ကမ်းလွန်မှထုတ်လုပ်သည့် သဘာဝဓာတ်ငွေ့ကုဗပေ သန်း (၂ဝ)ခန့် နေ့စဥ်ဖြန့်ဖြူးပေးနေ
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း