ရွှေဘိုမြို့နယ်တွင် အကြမ်းဖက်သမားများက Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်မှုကြောင့် အရပ်သား (၁)ဦးသေဆုံးကာ (၂)ဦး ထိခိုက်ဒဏ်ရာရရှိ
Pearl (NSS) - ဒီဇင်ဘာ ၃၀
ရွှေဘိုမြို့နယ်တွင် အကြမ်းဖက်သမားများက Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်မှုကြောင့် အရပ်သား(၁)ဦးသေဆုံးကာ (၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၈ ရက် ၊ ညနေ ၄ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့နယ်၊ မြင်းစီးကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါမြင်းစီးကျေးရွာအတွင်းသို့ PDF အဖွဲ့ဝင်များက ကျေးရွာ၏ အနောက်ဘက် မီတာ ၃၅၀၀ ခန့်အကွာရှိ မအူပင်(အရှေ့) ကျေးရွာဘက်မှနေ၍ Drone အသုံးပြုပြီး Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့ကြောင်း နစကမှ ဆိုသည်။
ထိုသို့ Drop Bomb ဖြင့် ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် ကျေးရွာအတွင်းရှိ အရပ်သား (၁) ဦး သေဆုံးပြီး ၂ ဦး ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် ဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
လက်ရှိတွင် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်ထား သည်။
ပြီးခဲ့သော နိုဝင်ဘာလတွင်လည်း စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှိ ခရိုင်မီးသတ်စခန်းကို အကြမ်းဖက်သမား (၁)ဦးက လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် လက်ထောက်မီးသတ်ဦးစီးမှူး အပါအဝင် လူ(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန္တလေးမြို့တွင် သဲတင် FAW ကားနှင့်ဆိုင်ကယ်တို့ တိုက်မိရာမှ သားအမိ(၂)ဦးထိခိုက်ဒဏ်ရာရ
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ