မွေးဖွားချိန်မှစ၍ ကာကွယ်ဆေးမထိုးနှံရသေးသော ကလေးဦးရေ အများဆုံးနိုင်ငံများထဲတွင် မြန်မာနိုင်ငံ ပါဝင်နေဟု ယူနီဆက်ဖ်အဖွဲ့ပြော
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၂၉
ကမ္ဘာတစ်ဝန်းတွင် မွေးဖွားချိန်မှစ၍ ကာကွယ်ဆေးမထိုးနှံရသေးသော ကလေးဦးရေ အများဆုံးနိုင်ငံများထဲတွင် မြန်မာနိုင်ငံ ပါဝင်နေကြောင်း ကုလသမဂ္ဂအဖွဲ့အစည်းဖြစ်သော ယူနီဆက်ဖ်အဖွဲ့က သတင်းထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံသည် ယခင်ကပင် အရှေ့တောင်အာရှတွင် အသက် ၅ နှစ်အောက် ကလေးသေဆုံးနှုန်း အမြင့်မားဆုံး နှင့်ရင်ဆိုင်နေရသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ ကာကွယ်ဆေးမထိုးနှံ့နိုင်ခြင်းက ကလေးများ၏ အနာဂတ် ကောင်းကျိုးအတွက် သိသာထင်ရှားသော ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်စေကြောင်း ယူနီဆက်ဖ်အဖွဲ့က ဆိုသည်။
ကိုဗစ်-၁၉ ကပ်ရောဂါ နှင့် အာဏာအငြင်းပွားမှုများကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းများ ပိတ်ထား ရခြင်း၊ ပညာရေးပြတ်တောက်ခြင်းတို့ကြောင့် ကလေးများ၏ ပညာရေး နှင့် အိပ်မက်များကို အဟန့်အတား ဖြစ်စေရုံသာမက နိုင်ငံ၏ အနာဂတ်စီးပွားရေး ထုတ်လုပ်နိုင်စွမ်းကိုလည်း ပြင်းပြင်းထန်ထန် အန္တရာယ်ဖြစ်စေနိုင် ကြောင်း ကလေးငယ် ၄ သန်းကျော်သည် ပညာသင်ကြားခွင့် ပျောက်ဆုံးနေပြီး တိုက်ခိုက်မှုများတွင် ပစ်မှတ်ထား ခံရခြင်း၊ တိုက်ခိုက်မှုများအတွင်းသို့ အတင်းအဓမ္မ လူသစ်စုဆောင်းခံရခြင်း၊ မတရားဖမ်းဆီးထိန်းသိမ်းခံရခြင်း နှင့် အရွယ်မတိုင်မီ လက်ထပ်ထိမ်းမြားစေခြင်းများ အပါအဝင် ပြင်းထန်သောချိုးဖောက်မှု နှင့် အလွဲသုံးစားပြုမှု အန္တရာယ်များ ပိုမိုမြင့်မားစွာ ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂအဖွဲ့က ဆိုသည်။
မြန်မာနိုင်ငံရှိ ကလေးသူငယ် ၆ သန်းသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေပြီး လက်ရှိဖြစ်ပွားနေသော ပဋိပက္ခ၏အကြီးမားဆုံးသောဝန်ထုပ်ဝန်ပိုးကို ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂအဖွဲ့အစည်းတစ်ခုဖြစ်သော ယူနီဆက်ဖ်က ပြောသည်။
ထို့အပြင် မကြာမီနှစ်များတွင် ကလေးငယ် တစ်သန်းသည် အခြေခံကာကွယ်ဆေးထိုးနှံမှုများအား ရယူနိုင်မှု မရှိ ခြင်းကြောင့် ကာကွယ်ဆေးများဖြင့် တားဆီးနိုင်သော ရောဂါများဖြစ်နိုင်ချေ များပြားလျက်ရှိနေကြောင်း အသက် ၆ လမှ ၂၃ လအတွင်း ကလေးငယ် စုစုပေါင်း ၇၅ ရာခိုင်နှုန်းကျော်သည် ကျန်းမာရေးနှင့် ညီညွတ်သောအစားအစာ အနိမ့်ဆုံးပမာဏရရှိမှု မရှိခြင်းကြောင့် အာဟာချို့တဲ့မှု ဖြစ်နိုင်ချေရှိနေကြောင်း ယူနီဆက်ဖ်က ဆိုသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျေးရွာနှစ်ရွာအား အုပ်ချုပ်ရသည့် အုပ်ချုပ်ရေးမှူးနှင့်ဇနီးဖြစ်သူတို့ကို PDF အဖွဲ့က သေနတ်ဖြင့် အချက်ပေါင်း များစွာ ပစ်ခတ်သတ်ဖြတ်ခဲ့
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ