Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နိုင်ငံပိုင်နှင့် ပုဂ္ဂလိက စက်ရုံများ စွမ်းအားပြည့်လည်ပတ်ပါက (၁)နှစ်လျှင် သံမဏိတန်ချိန် (၁)သန်းခန့် ထုတ်လုပ်နိုင်မည်ဟုဆို

ယွန်း (NP News) - မတ် ၁၆


နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် သံမဏိစက်ရုံများ စက်စွမ်းအားပြည့် လည်ပတ်ပါက (၁)နှစ်လျှင် သံမဏိတန်ချိန်(၁)သန်းခန့် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။


စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ‌ဒေါက်တာချာလီသန်းက မတ်လ(၁၅)ရက်တွင် ရန်ကုန်မြို့ အလုံမြို့ရှိ UMFCCI တွင် ကျင်းပခဲ့သည့် ဆွေးနွေးပွဲ၌ အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။


ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဆောက်လုပ်ရေးနယ်ပယ်တွင် သံမဏိလိုအပ်ချက်သည် ဆက်တိုက်မြင့်မားနေပြီး မြန်မာနိုင်ငံတွင်လည်း နှစ်စဥ် သံမဏိတန်ချိန်(၃)သန်းခန့် အသုံးပြုနေရကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။


ပြည်တွင်းရှိ နိုင်ငံပိုင်နှင့် ပုဂ္ဂလိက သံမဏိစက်ရုံများ စက်စွမ်းအားပြည့်လည်ပတ်ထုတ်လုပ်ပါက တစ်နှစ်လျှင် သံမဏိတန်ချိန်(၁)သန်းခန့်ထုတ်လုပ်နိုင်မည်ဖြစ်ပြီး လိုအပ်သော သံမဏိတန်ချိန်(၂)သန်းခန့်ကိုသာ ပြည်ပမှတင်သွင်းရမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုထားသည်။


ထို့ကြောင့် နိုင်ငံတွင်း၌ သံနှင့်သံမဏိ ထုတ်လုပ်ရန် သံသတ္တုရိုင်းသိုက်နှင့် ကျောက်မီးသွေးများ အထိုက် အလျောက်ရှိပြီး သယံဇာတများနှင့် ကိုက်ညီသည့် နည်းပညာများကို အသုံးချ၍ ပြည်တွင်းလိုအပ်ချက်ကို ပြည့်မီကျော်လွန်အောင် ထုတ်လုပ်ရန်လိုကြောင်း ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောဆိုခဲ့သည်။ 


ထိုသို့ ထုတ်လုပ်နိုင်ပါက ပြည်ပမှဝယ်ယူတင်သွင်းမှုများကို လျှော့ချနိုင်မည်ဖြစ်ပြီး နိုင်ငံခြားငွေအသုံးပြုမှုကိုလည်း သက်သာစေနိုင်မည်ဖြစ်ကြောင်း သိရသည်။ 


ပြည်တွင်း၌ သံမဏိထုတ်လုပ်ရာတွင် စံချိန်စံညွှန်းပြည့်မီရန် လိုအပ်သကဲ့သို့ သဘာဝပတ် ဝန်းကျင် ထိခိုက်မှုမရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးကဆိုသည်။


လက်ရှိတွင် ဝန်ကြီးဌာနအနေဖြင့် သံနှင့်သံမဏိပစ္စည်းများဆိုင်ရာ စံချိန်စံညွှန်း(၁၂)ကိုလည်း သတ်မှတ်ရေးဆွဲထုတ်ပြန်ထားပြီးဖြစ်ကာ ထပ်မံ၍လည်းရေးဆွဲလျက်ရှိကြောင်း သိရသည်။

zawgyi version

ႏိုင္ငံပိုင္ႏွင့္ ပုဂၢလိက စက္႐ုံမ်ား စြမ္းအားျပည့္လည္ပတ္ပါက (၁)ႏွစ္လွ်င္ သံမဏိတန္ခ်ိန္ (၁)သန္းခန႔္ ထုတ္လုပ္ႏိုင္မည္ဟုဆို


ယြန္း (NP News) - မတ္ ၁၆


ႏိုင္ငံပိုင္ႏွင့္ ပုဂၢလိကပိုင္ သံမဏိစက္႐ုံမ်ား စက္စြမ္းအားျပည့္ လည္ပတ္ပါက (၁)ႏွစ္လွ်င္ သံမဏိတန္ခ်ိန္(၁)သန္းခန႔္ ထုတ္လုပ္ႏိုင္မည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။


စက္မႈဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ‌ေဒါက္တာခ်ာလီသန္းက မတ္လ(၁၅)ရက္တြင္ ရန္ကုန္ၿမိဳ႕ အလုံၿမိဳ႕ရွိ UMFCCI တြင္ က်င္းပခဲ့သည့္ ေဆြးေႏြးပြဲ၌ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။


ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ား၏ ေဆာက္လုပ္ေရးနယ္ပယ္တြင္ သံမဏိလိုအပ္ခ်က္သည္ ဆက္တိုက္ျမင့္မားေနၿပီး ျမန္မာႏိုင္ငံတြင္လည္း ႏွစ္စဥ္ သံမဏိတန္ခ်ိန္(၃)သန္းခန႔္ အသုံးျပဳေနရေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။


ျပည္တြင္းရွိ ႏိုင္ငံပိုင္ႏွင့္ ပုဂၢလိက သံမဏိစက္႐ုံမ်ား စက္စြမ္းအားျပည့္လည္ပတ္ထုတ္လုပ္ပါက တစ္ႏွစ္လွ်င္ သံမဏိတန္ခ်ိန္(၁)သန္းခန႔္ထုတ္လုပ္ႏိုင္မည္ျဖစ္ၿပီး လိုအပ္ေသာ သံမဏိတန္ခ်ိန္(၂)သန္းခန႔္ကိုသာ ျပည္ပမွတင္သြင္းရမည္ျဖစ္ေၾကာင္း ၎ကဆက္လက္ေျပာဆိုထားသည္။


ထို႔ေၾကာင့္ ႏိုင္ငံတြင္း၌ သံႏွင့္သံမဏိ ထုတ္လုပ္ရန္ သံသတၱဳ႐ိုင္းသိုက္ႏွင့္ ေက်ာက္မီးေသြးမ်ား အထိုက္ အေလ်ာက္ရွိၿပီး သယံဇာတမ်ားႏွင့္ ကိုက္ညီသည့္ နည္းပညာမ်ားကို အသုံးခ်၍ ျပည္တြင္းလိုအပ္ခ်က္ကို ျပည့္မီေက်ာ္လြန္ေအာင္ ထုတ္လုပ္ရန္လိုေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက တိုက္တြန္းေျပာဆိုခဲ့သည္။ 


ထိုသို႔ ထုတ္လုပ္ႏိုင္ပါက ျပည္ပမွဝယ္ယူတင္သြင္းမႈမ်ားကို ေလွ်ာ့ခ်ႏိုင္မည္ျဖစ္ၿပီး ႏိုင္ငံျခားေငြအသုံးျပဳမႈကိုလည္း သက္သာေစႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။ 


ျပည္တြင္း၌ သံမဏိထုတ္လုပ္ရာတြင္ စံခ်ိန္စံၫႊန္းျပည့္မီရန္ လိုအပ္သကဲ့သို႔ သဘာဝပတ္ ဝန္းက်င္ ထိခိုက္မႈမရွိေအာင္ ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း စက္မႈဝန္ႀကီးကဆိုသည္။


လက္ရွိတြင္ ဝန္ႀကီးဌာနအေနျဖင့္ သံႏွင့္သံမဏိပစၥည္းမ်ားဆိုင္ရာ စံခ်ိန္စံၫႊန္း(၁၂)ကိုလည္း သတ္မွတ္ေရးဆြဲထုတ္ျပန္ထားၿပီးျဖစ္ကာ ထပ္မံ၍လည္းေရးဆြဲလ်က္ရွိေၾကာင္း သိရသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

PPP ပါတီ ၊ မွန်ညီညွတ်ရေးပါတီ နှင့် ရခိုင်ပြည်နယ်အင်အားစုပါတီတို့ UEC တွင် ပါတီမှတ်ပုံတင်ပြန်လည်လျှောက်ထား

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved