Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
PPP ပါတီ ၊ မွန်ညီညွတ်ရေးပါတီ နှင့် ရခိုင်ပြည်နယ်အင်အားစုပါတီတို့ UEC တွင် ပါတီမှတ်ပုံတင်ပြန်လည်လျှောက်ထား

ရဲပြည့် (NP News) - မတ် ၁၆


ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ၊ မွန်ညီညွတ်ရေးပါတီ (MUP) နှင့် ရခိုင်ပြည်နယ် အင်အားစုပါတီတို့သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)သို့ နိုင်ငံရေးပါတီမှတ်ပုံတင်ခွင့် ပြန်လည်လျှောက်ထားခဲ့ကြောင်း သိရသည်။ 


အဆိုပါ ပါတီသုံးခုသည် မတ်လ ၁၅ ရက်တွင် နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေ ပုဒ်မ ၂၅ အရ ပါတီဆက် လက်တည်ထောင်ခွင့်လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း UEC မှ ထုတ်ပြန်ထားသည်။ 


ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) သည်  နစက၏ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာသက်သက်ခိုင် နှင့် စီးပွားရေးလုပ်ငန်းရှင်အများစု တည်ထောင်ထားသည့် ပါတီဖြစ်ပြီး ၂ဝ၂ဝ အထွေထွေ ရွေးကောက်ပွဲတွင် ပါတီရုံးများ မဖွင့်နိုင်ခဲ့သည့် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်များမှအပ ကျန်တိုင်းနှင့် ပြည်နယ် ၁၁ ခုတွင် ကိုယ်စားလှယ်လောင်း ၂၃ဝ ကျော်ဖြင့် ရွေးကောက်ပွဲ ဝင်ပြိုင်သွားမည်ဟု ကြေညာခဲ့သည့်ပါတီဖြစ်သည်။


မွန်ညီညွတ်ရေးပါတီသည်  မွန်ပြည်နယ်အခြေစိုက် အင်အားကြီးပါတီတစ်ခုဖြစ်ပြီး ၂ဝ၁၉ ခုနှစ် ဇူလိုင်လ ၁၁ ရက်တွင် မွန်ညီညွတ်ရေးပါတီကို မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ နှင့် မွန်အမျိုးသားပါတီတို့ ပူးပေါင်း၍ ပါတီတစ်ခုတည်းအဖြစ် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ 


ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီသည် ရခိုင်ပြည်နယ်အခြေစိုက်ပါတီတစ်ခုဖြစ်ပြီး ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ် ခြောက်ခုမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်ပါတီတစ်ခုဖြစ်သည်။  


လက်ရှိတွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ လျှောက်ထားသည့် ပါတီ ၆ ပါတီရှိပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ လျှောက်ထားသော  ပါတီ ၂ဝ ပါတီဖြစ်၍ စုစုပေါင်း ၂၆ ပါတီရှိပြီးဖြစ်ကြောင်း UEC မှ ထုတ်ပြန်ထားသည်။


အဆိုပါ  ၂၆ ပါတီတွင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီ (၆)ပါတီ နှင့် တိုင်းဒေသကြီး သို့မ ဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီ (၂ဝ) ပါတီဖြစ်ပြီး ယင်းပါတီများအား တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

zawgyi version


ရဲပြည့် (NP News) - မတ် ၁၆















Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ခြေတဖက်မသန်သူနင်းလာသော ဆိုက်ကားနှင့် ကားတို့ ယာဥ်တိုက်မှုဖြစ်ပွားခဲ့ရာ ဆိုက်ကားနင်းသူ သေဆုံး

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved