အစ္စရေးနိုင်ငံအပေါ်ပြုလုပ်ခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့ တိုက်ခိုက်မှုက အီရန်ဗိုလ်ချုပ်အတွက် လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း အီရန်စစ်ဘက်ပြော
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၂၈
အောက်တိုဘာ ၇ ရက်က အစ္စရေးနိုင်ငံပေါ် ဟားမက်စ်လက်နက်ကိုင်အဖွဲ့တိုက်ခိုက်ခြင်းဟာ အီရန်ဗိုလ်ချုပ်ကြီး ဆိုလီယာမာနီ လုပ်ကြံခံရခြင်းအတွက် လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း အီရန်စစ်တပ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အီရန်စစ်တပ်ပြောရေးဆိုခွင့်ရှိသူ Ramezan Sharif က "အမေရိကန် နဲ့ အစ္စရေးတို့ဟာ အီရန် Quds Force ဗိုလ်ချုပ်ဟောင်း ဆိုလီယာနီကို လုပ်ကြံသတ်ဖြတ်ခဲ့ဖူးတယ်။ အဲဒီလုပ်ကြံသတ်ဖြတ်မှုအတွက် အောက်တိုဘာ ၇ ရက်မှာ ဟားမက်စ်အဖွဲ့က အစ္စရေးနိုင်ငံကို တိုက်ခိုက်ပြီး လက်စားချေခဲ့တာမျိုးဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ဟားမက်စ်အဖွဲ့ကို အသုံးချခဲ့တာဖြစ်တယ်။ အမေရိကန် နဲ့ အစ္စရေးနိုင်ငံအပေါ်လက်စားချေမှု တွေက မတူညီတဲ့ အချိန်၊ မတူညီတဲ့နေရာတွေမှာ ဆက်လက်ဖြစ်နေဦးမှာပါ" လို့ ပြောပါတယ်။
အီရန်စစ်တပ်ပြောရေးဆိုခွင့်ရှိသူရဲ့ပြောဆိုချက်များကို ဟားမက်စ်လက်နက်ကိုင်အဖွဲ့က ချက်ချင်းလက်တုံ့ပြန်ခဲ့ပါ တယ်။ ဟားမက်စ်လက်နက်ကိုင်အဖွဲ့က အောက်တိုဘာ ၇ ရက်နေ့ တိုက်ခိုက်မှုဟာ ပါလက်စတိုင်းပြည်သူတွေနဲ့ ပါလက်စတိုင်းလူအဖွဲ့အစည်းတွေကို ရန်စမှုတွေ လုပ်ဆောင်နေတဲ့အတွက် အစ္စရေးနိုင်ငံကို လက်တုံ့ပြန် တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း တုံ့ပြန်ထားပါတယ်။
အီရန်ဗိုလ်ချုပ်ကြီးဟောင်း ဆိုလီယာမာနီဟာ ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီလက အီရတ်နိုင်ငံအတွင်း အမေရိကန် နိုင်ငံရဲ့လေကြောင်းက ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဆိုလီယာမာနီဟာ အီရန် စစ်တပ်ရဲ့ပြည်ပရေးရာစစ်ဘက်ကိစ္စများကို တာဝန်ယူဆောင်ရွက်နေတဲ့ Quds Force အဖွဲ့ခေါင်းဆောင် အဖြစ် နှစ်ပေါင်း ၂ဝ ကျော်ကြာ တာဝန်ယူခဲ့သူဖြစ်ကြောင်း သိရပါတယ်။
အစ္စရေးဟာ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဆီးရီးယားနိုင်ငံမှာ အီရန်နိုင်ငံရဲ့ Quds Force အဖွဲ့ခေါင်းဆောင်တစ်ဦးကို လုပ်ကြံသတ်ဖြတ်ခဲ့ရာ အစ္စရေးနဲ့ အီရန်နိုင်ငံကြား တင်းမာမှုအရှိန်မြင့်တက်လာခဲ့ပါတယ်။ အီရန်အစိုးရက ၎င်းတို့ စစ်ဗိုလ်ချုပ် အသတ်ခံရမှုအတွက် ပြန်လည်လက်တုံ့ပြန်မှာဖြစ်ကြောင်း ခြိမ်းခြောက်ထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံတွင် ငှက်ဖျားရောဂါအလုံးစုံပျောက်ကင်းရန် ကနဦးအနေဖြင့် ရောဂါဖြစ်ပွားသည့်လူနာ လျှော့ချခြင်း လုပ်ငန်းများကို စတင်လုပ်ဆောင်နေ
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ