အလှဘုရင်မဟောင်း ဟောင်ကောင်မင်းသမီးဘွန်နီလဲ့ ကိုယ့်ကိုယ်ကို သတ်သေခဲ့
ရောင်နီ (NSS) - ဒီဇင်ဘာ ၂၈
ဟောင်ကောင်မင်းသမီး၊ အလှဘုရင်မဟောင်း ဘွန်နီလဲ့တက်ခ်ရင် (၄၆ နှစ်) ဟာ ဒီဇင်ဘာ ၂၆ ရက်က ကွယ်လွန်ခဲ့ကြောင်း သိရပါတယ်။
သူမဟာ North Point ရှိ Park Belvedere နေအိမ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး၊ ကိုယ့်ကိုယ်ကိုယ် မီးသွေးမီးနဲ့ရှို့ပြီး သတ်သေတယ်လို့ ယူဆရပါတယ်။ သူမသတိလစ်မေ့မြောနေတာကို သားဖြစ်သူက တွေ့ရှိခဲ့ပြီး ဒီဇင်ဘာ ၂၆ ရက်(အင်္ဂါနေ့) မွန်းလွဲ ၁ နာရီ ၁၂ မိနစ်မှာ ရဲကို တိုင်ကြားခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် သူမကို Ruttonjee ဆေးရုံ ပို့ဆောင်ခဲ့ပြီး မကြာမီ သူမ သေဆုံးကြောင်း အတည်ပြုခဲ့ပါတယ်။
သူမရဲ့နေအိမ်မှာ သတ်သေမှုစာရွက်စာတမ်းမတွေ့ရှိတာကြောင့် သေဆုံးရတဲ့အကြောင်းရင်းကို အတည်မပြုနိုင်သေးဘဲ အလောင်းကို ခွဲစိတ်စစ်ဆေးဖို့ ဆောင်ရွက်နေပါတယ်။ သူမဟာ ဒီဇင်ဘာ ၂၅ ရက်က သူမရဲ့သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့တွေ့ဆုံခဲ့သေးတာကို သူမရဲ့ Instagram ပိုစ့်တွေအရ တွေ့ရပါတယ်။
သူမဟာ Young And Dangerous 3 ဇာတ်ကားမှာ လုကြိုက်များခဲ့သလို ၁၉၉၅ ခုနှစ် ATV Miss Asia Pageant ရဲ့ ဒုတိယဆုရှင်လည်းဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးနိုင်ငံအပေါ်ပြုလုပ်ခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့ တိုက်ခိုက်မှုက အီရန်ဗိုလ်ချုပ်အတွက် လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း အီရန်စစ်ဘက်ပြော
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း