Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဒရုန်းအစင်းရေ (၁၄၉၉) စင်း ပါဝင်သည့် ဝေဟင်သရုပ်ပြပွဲက ကမ္ဘာ့ဂင်းနစ်စံချိန်နှစ်ခုကို ချိုးဖျက်

Pika (NSS) - ဒီဇင်ဘာ ၂၅ 

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် North Richland Hills မြို့တွင် ဒရုန်းများဖြင့် ပြုလုပ်သော သရုပ်ပြပွဲတစ်ခုသည် ကမ္ဘာ့ဂင်းနစ်စံချိန်သစ်နှစ်ခုကို ချိုးဖျက်နိုင်ခဲ့ကြောင်း သိရသည်။


Sky Elements Drone Shows (USA) သည် ဒရုန်းများဖြင့် သရုပ်ပြပွဲကို ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါဒရုန်းသရုပ်ပြပွဲကို North Richland Hills မြို့တွင် ဒီဇင်ဘာလ(၁၇)ရက်က ပြုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ ကမ္ဘာ့ဂင်းနစ်စံချိန်နှစ်ခု ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်သည်။

စိတ်ကူးယဉ်ဇာတ်ကောင်ပုံဖြစ်သည့် The Nutcracker ရုပ်ပုံသည် ဒရုန်း(၁၄၉၉)စင်းဖြင့် ဖန်တီးထား သည့် စိတ်ကူးယဉ်ဇာတ်ကောင်တစ်ခု၏ အကြီးဆုံးဝေဟင်သရုပ်ပြမှုအတွက် ကမ္ဘာ့ဂင်းနစ်စံချိန်သစ် တင်နိုင်ခဲ့ခြင်းဖြစ် သည်။ Sky Elements Drone Shows (USA) သည် ဒရုန်းများကို ကောင်းကင်သို့ လွှတ်တင်ကာ အနီရောင်၊ အဖြူရောင် နှင့် အပြာရောင်တို့ဖြင့် အုတ်ခုံတစ်ခုပေါ်တွင် ဂုဏ်ယူဝင့်ကြွားစွာရပ်နေသော The Nutcracker ရုပ်ပုံ ကို ဖန်တီးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။


ထို့အပြင် အဆိုပါဒရုန်းအစင်းရေ (၁၄၉၉)စင်းဖြင့် အပြင်ဘက်တွင် နှင်းများကျနေသည့် ပြတင်းပေါက်တစ်ခု၏ ရှေ့တွင် ခရစ္စမတ်သစ်ပင်တစ်ပင်ရှိနေသည့်ရုပ်ပုံကို သရုပ်ပြခဲ့ပြီးနောက် ဒရုန်းများဖြင့် အကြီးဆုံးဝေဟင်ရုပ်ပုံ ဖန်တီးနိုင်ခဲ့ခြင်းအတွက် ကမ္ဘာ့ဂင်းနစ်စံချိန်သစ် ထပ်မံချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါသရုပ်ပြပွဲအတွက် ဒရုန်းအစင်းရေ(၁၅ဝဝ)ကို လွှတ်တင်ခဲ့သော်လည်း ဒရုန်းတစ်စင်းမှာ လွှတ်တင်ရာတွင် အခက်အခဲများရှိခဲ့သည့်အတွက် ဖယ်ထုတ်ခဲ့ရခြင်းဖြစ်ကြောင်း၊ ဒရုန်းများဖြင့် သရုပ်ပြမှုများလုပ်ဆောင်ရန် အတွက် အဖွဲ့ဝင်(၄ဝ)ဦးကို စုစည်းခဲ့ရကြောင်းလည်း သိရသည်။ 


"ကျွန်တော့်မွေးရပ်မြေမှာ ဂင်းနစ်စံချိန်သစ်နှစ်ခုကို ချိုးဖျက်နိုင်ခဲ့တာဟာ တကယ်ကို ဝမ်းသာဖို့ကောင်းပါတယ်။ မိသားစုတွေဆီကို အားလပ်ရက်အချိန်လေးတွေ ယူပေးတာထက် ပိုကောင်းတာမရှိဘူးလို့ ကျွန်တော်ထင်ပါတယ်။ ပြီးတော့ ဒီရှိုးပွဲက ဒီလောက်ပါပဲ" ဟု Dallas/Fort Worth-based Sky Elements Drone Shows ၏ Chief Pilot ဖြစ်သူ Preston Ward က ပြောသည်။

ထို့အပြင် အမြင့်ပေ(၇ဝဝ)ခန့်ရှိသော ဒရုန်းပြပွဲသည် တက္ကဆက်ပြည်နယ်တွင် ပြုလုပ်ခဲ့သမျှပြသမှုအားလုံးတွင် အကြီးဆုံး နှင့် အမြင့်ဆုံး ဒရုန်းပြသမှုတစ်ခုဖြစ်ခဲ့ကြောင်းလည်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တစ်မိနစ်ကျော်အတွင်း မီတာ(၁ဝဝ)အရှည်ရှိ ကြိုးတန်းပေါ် အမြန်ဆုံးလမ်းလျှောက်ပြနိုင်သူ

RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved