ပဋိပက္ခများနှင့် အခွင့်အရေးချိုးဖောက်မှုကြောင့် ကလေးသူငယ်(၈)သန်း သည် ကာကွယ်ရေးဝန်ဆောင်မှုများ လိုအပ်နေဟုဆို
ယွန်း (NSS) - ဒီဇင်ဘာ ၂၅
များပြားလာသည့် ပဋိပက္ခများနှင့် အခွင့်အရေးချိုးဖောက်မှုများကြောင့် ကလေးငယ် (၈)သန်းသည် ကာကွယ်ရေးဝန်ဆောင်မှုများ လိုအပ်လျက်ရှိကြောင်း UNICEF MYANMAR က အသိပေးထုတ်ပြန်ထားသည်။
UNICEF MYANMAR က ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ပြင်းတွင်း၌ ဖြစ်ပွားနေဆဲဖြစ်သည့် များပြားလာသော ပဋိပက္ခများနှင့် အခွင့်အရေးချိုးဖောက်မှုများကြောင့် ကလေးသူငယ်(၈)သန်းသည် ကာကွယ်ရေးဝန်ဆောင်မှုများ လိုအပ်နေကြောင်း သိရသည်။
ထို့ပြင် ကိုဗစ်(၁၉)ကပ်ရောဂါ နှင့် တပ်မတော်ကအာဏာရယူမှုကြောင့် ဖြစ်ပေါ်လာသည့် လူထုအုံကြွမှုနှင့် မတည်ငြိမ်မှုများကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျောင်းများပိတ်ထားရခြင်းအပြင် ပညာရေးပြတ်တောက်ခြင်းတို့ဖြစ်ပေါ်ခဲ့ရာ ကလေးများ၏ပညာရေးများကို အဟန့်အတား ဖြစ်စေခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ကလေးငယ်(၆)သန်းတွင်လည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများလိုအပ်နေပြီး နေရပ် နှင့် အိုးအိမ်စွန့်ခွာ ထွက်ပြေး ရမှုများမြင့်တက်လာခြင်း နှင့် ဝန်ဆောင်မှုပြတ်တောက်ခြင်းများ ရင်ဆိုင်နေရကြောင်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း UNOCHA က အသိပေး ထုတ်ပြန်ထားသည်။
လက်ရှိတွင် လူသားချင်းစာနာမှုအကူအညီလိုအပ်ချက်များသည် အာဏာမရယူမီ လွန်ခဲ့သောသုံးနှစ်ကထက် (၁၉)ဆနီးပါးမြင့်တက်လာကြောင်း သိရသည်။
လူသားချင်းဆိုင်ရာစာနာမှုများအတွက် လိုအပ်ချက်များမြင့်တက်လာခြင်းကြောင့် လာမည့် ၂၀၂၄ ခုနှစ်အတွင်း လူဦးရေ ၅ ဒသမ ၃ သန်းအား အရေးပေါ်ကူညီမှုများဆောင်ရွက်ရန်လျာထားပြီး အဆိုပါကူညီမှုများအတွက် အမေရိကန်ဒေါ်လာ ၉၉၄ သန်းလိုအပ်ကြောင်း UNOCHA က ဆိုထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်ရေယာဉ် (၅)စင်း ထပ်မံတပ်တော်ဝင်၊ အိန္ဒိယသမုဒ္ဒရာအတွင်းရှိ မြန်မာ့ပင်လယ်ပြင်နှင့် ဆက်စပ်ပင်လယ်ပြင်များကို အင်အားဖြန့်ကြက်နိုင်ရန် ပြင်ဆင်နေ
RELATED POSTS
21 Sep 2024 | အထွေထွေ,ပြည်တွင်း
21 Sep 2024 | အထွေထွေ,နိုင်ငံတကာ
20 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း