Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကုလသမဂ္ဂအကြီးတန်းအရာရှိတစ်ဦးကို ဘာကီနာဖာဆို အစိုးရ နှင်ထုတ်

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၂၄

ဘာကီနာဖာဆိုရဲ့စစ်အစိုးရဟာ ဒီဇင်ဘာလ ၂၃ ရက်မှာ ကုလသမဂ္ဂရဲ့အကြီးတန်းအရာတစ်ဦးကို နိုင်ငံအတွင်းကထွက်ခွာဖို့ နှင်ထုတ်လိုက်ကြောင်းသိရပါတယ်။

ကုလသမဂ္ဂရဲ့အကြီးတန်းအရာရှိကို ဘာကြောင့်နှင်ထုတ်သလဲဆိုတဲ့အချက်ကိုဘာကီနာဖာဆိုအစိုးရက ရှင်းလင်းတာမျိုး မရှိကြောင်းသိရပါတယ်။

ဒါပေမယ့် ဘာကီနာဖာဆို သံတမန်အသိုင်းအဝိုင်းက အဆိုပါကုလသမဂ္ဂသံတမန်ဟာ နိုင်ငံလုံခြုံရေးယိုယွင်းနေခြင်းအပေါ် စိုးရိမ်မှုမြင့်တက်တယ်လိုဆိုကာ ကုလသမဂ္ဂဝန်ထမ်းတွေကို ရွှေ့ပြောင်းဖို့စီစဉ်ခဲ့ကြောင်း၊ ၎င်းရဲ့လုပ်ရပ်က နိုင်ငံဂုဏ်သိက္ခကျအောင်လုပ်ဆောင်ခြင်းဖြစ်တဲ့အတွက် နှင်ထုတ်ခံရခြင်းဖြစ်ကြောင်းပြောပါတယ်။

ဘာကီနာဖာဆို နိုင်ငံခြားရေးဝန်ကြီးဌာနက ကုလသမဂ္ဂရဲ့အကြီးတန်းအရာရှိတစ်ဦးဖြစ်တဲ့ ဘာဘာရာမန်ဇီကို နိုင်အတွင်းက ချက်ချင်းထွက်ခွာဖို့ အမိန့်ပေးခဲ့ကြောင်းသိရပါတယ်။

ဘာကီနာဖာဆိုနိုင်ငံဟာ ကမ္ဘာ့နိုင်ငံများထဲအဆင်းရဲဆုံးနိုင်ငံတွေထဲပါဝင်နေပြီး အယ်ကိုင်ဒါ ၊ ISIS အစွန်းရောက်အဖွဲ့များရဲ့အကြမ်းဖက်မှုများကိုရင်ဆိုင်နေရတဲ့ နိုင်ငံဖြစ်ပြီး အကြမ်းဖက်မှုများကြောင့် လူထောင်ချီသေဆုံးကာ (၂) သန်းနီးပါး လူသားချင်းဆိုင်ရာ စာနာမှုအကူညီများလိုအပ်နေကြောင်းသိရပါတယ်။ အစိုးရရဲ့စွမ်းဆောင်မှု အားနည်းချက်အပေါ် ပြည်သူများက ယုံကြည်မှုများကျဆင်းခဲ့ပြီး ဆန္ဒပြပွဲများဖြစ်ပွားခဲ့ရာ ဒီနှစ်အတွင်း စစ်အာဏာသိမ်းမှုနှစ်ကြိမ်ဖြစ် ပွားခဲ့ဖူးကြောင်းသိရပါတယ်။

ကုလသမဂ္ဂအဖွဲ့ကြီးကတော့ ကုလသမဂ္ဂအကြီးတန်းသံတမန် နှင်ထုတ်ခံရခြင်းနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာမှတ်ချက်ပြုပြောဆိုခြင်းမရှိသေးကြောင်းသိရပါတယ်။ ဘာကီနာဖာဆို အကြီးတန်းသံတမန်များက "နိုင်ငံအတွင်းမှာရှိနေတဲ့ ကုလသမဂ္ဂဝန်ထမ်းတွေနဲ့ မိသားစုတွေကို နိုင်ငံအတွင်းကရွှေ့ပြောင်းစေဖို့ လုပ်ဆောင်တာက နိုင်ငံဂုဏ်သိက္ခာကျစေတယ်။ ဒါဟာ သူ့ရဲ့တစ်ဖက်သတ်ဆုံးဖြတ်ချက်နဲ့လုပ်နေတာဖြစ်တယ်။ နိုင်ငံပုံရိပ်ကို ကျဆင်းစေလိုတဲ့အပြင် ရင်းနှီးမြှုပ်နှံ့မှု လာရောက်ဖို့ကိုလည်း အဟန့်တားဖြစ်စေတယ်။ ဒါ့ပြင်၎င်းဟာ ကျွန်တော်တို့နိုင်ငံမှာအလုပ်လုပ်နေတဲ့ ကုလသမဂ္ဂ အေဂျင်စီ (၃၃)ခုကိုလည်း ကျွန်တော်တို့နဲ့အလုပ်မလုပ်ဖို့တားမြစ်ထားတယ်"လို့ပြောပါတယ်။

zawgyi version









Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နစက၏ NSPNC က ပြန်လည်ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအပေါ် တက်ရောက်နိုင်ခြင်းမရှိသေးဟု EAO(၇)ဖွဲ့ အကြောင်းပြန်

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved