Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နစက၏ NSPNC က ပြန်လည်ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအပေါ် တက်ရောက်နိုင်ခြင်းမရှိသေးဟု EAO(၇)ဖွဲ့ အကြောင်းပြန်

မျိုးကြီး (NP News) - ဒီဇင်ဘာ ၂၄

နစက၏ NSPNC က ပြန်လည်ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအပေါ် တက်ရောက်နိုင်ခြင်းမရှိသေးကြောင်း EAO (၇)ဖွဲ့မှ အကြောင်းပြန်ထားကြောင်း သတင်း ရရှိသည်။

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်သည့် NSPNC က ဒီဇင်ဘာလ ၁၉ ရက် ရက်စွဲဖြင့် NCA ရေးထိုးထားသည့် EAO (၇)ဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲကို နေပြည်တော်၌ ဒီဇင်ဘာလ ၂၇၊ ၂၈၊ ၂၉ ရက်တို့တွင် ပြုလုပ်ရန်ပါရှိပြီး တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့မှ တစ်ဖွဲ့ချင်းစီ၏ ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်(၃)ဦးဖြင့် တက်ရောက်ရန် NSPNC ဖိတ်ကြားခဲ့ကြောင်း သိရသည်။

“စာထဲမှာပါလာတဲ့ ဆွေးနွေးရမယ့်အချက်တွေအနေနဲ့ကတော့ ကျွန်တော်တို့နား လည်တာက ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက ပြင်ဆင်ချင်တဲ့အချက်တွေကို ညှိနှိုင်းဆွေးနွေးဖို့ ရှိသလိုပေါ့လေ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဘက်က သီးခြားဆွေးနွေးချင်တဲ့အ ချက်တွေရှိရင်လည်း ဆွေးနွေးလို့ရအောင် ဖိတ်ကြားလိုက်ခြင်းဖြစ်ပါတယ်” ဟု EAO (၇)ဖွဲ့၏အလွတ်သဘောဆွေးနွေးညှိနှိုင်းရေးအဖွဲ့မှ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က NP News ကိုပြောသည်။

ထိုသို့ ဖိတ်ခေါ်ကမ်းလှမ်းမှုသည် EAO (၇)ဖွဲ့စလုံးအား တစ်စုတစ်စည်းတည်း တက်ရောက်နိုင်သည့်အခင်းအကျင်းကို နစကအနေဖြင့် စတင်လမ်းဖွင့်လာသည့်အရွေ့တစ်ခုဖြစ်ကြောင်း ဗိုလ်မှူးကြီးစောကျော်ညွန့်က မှတ်ချက်ပြုထားသည်။

NSPNC ၏ဖိတ်ခေါ်မှုနှင့်ပတ်သက်၍ EAO (၇)ဖွဲ့အနေဖြင့် ဒီဇင်ဘာလ ၂၃ ရက်တွင် အရေးပေါ်အစည်းအဝေးပြုလုပ်ခဲ့ပြီး သဘောထားမှတ်ချက်ကို ပြန်လည်အကြောင်းပြန်ထားကြောင်း သိရသည်။

“သို့သော်လည်းပဲ ဒီအချိန်မှာက EAO (၇)ဖွဲ့ထဲမှာရှိတဲ့ တစ်ချို့ခေါင်းဆောင်ကြီးတွေက ကျန်းမာရေးအခြေအနေကြောင့် ခရီးလွန်နေတာတို့၊ ဘာတို့ရှိတယ်။ နောက်ပြီးတော့ ဒီဇင်ဘာလကလည်း နှစ်သစ်ကူးတို့၊ ခရစ္စမတ်တို့ ဒါကိုယ်အဖွဲ့အစည်း အတွင်းမှာပေါ့လေ အလုပ်ရှုပ်နေတဲ့ကာလဖြစ်တဲ့အတွက်ကြောင့်မိုလို့ ကျွန်တော်တို့ကတော့ ဒီညှိနှိုင်းဆွေးနွေးပွဲကိုတော့ စုံစုံလင်လင်တက်ရောက်ဖို့ကတော့ အခက်အခဲရှိတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ထို့ကြောင့် EAO (၇)ဖွဲ့၏ ညှိနှိုင်းဆုံးဖြတ်ချက်အရ NSPNC က ပြန်လည်ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအပေါ် မတက်ရောက်နိုင်သေးသည့်အကြောင်းကို စာပြန်ထားကြောင်း ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောသည်။

“ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၇)ဖွဲ့အနေနဲ့ကတော့ ဒီအခင်းအကျင်းထက်ပေါ့လေ နှစ်ဖက်စလုံးက အဆင်ပြေတဲ့ လမ်းကြောင်း၊ နှစ်ဖက်စလုံးက လူးသာလွန့်သာဖြစ်နေတဲ့ win win အခင်းအကျင်းတစ်ခုကို ဖော်ဆောင် နိုင်ဖို့အတွက် ကျွန်တော်တို့ လက်ရှိကြိုးပမ်းနေတဲ့ အလွတ်သဘောတွေ့ဆုံညှိနှိုင်းဆွေးနွေးမှုကနေတစ်ဆင့် ဖြတ်သန်းပြီးမှ အဲဒီလိုမျိုး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ၊ ဘာတွေ ကျွန်တော်တို့ တရားဝင်လုပ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ဖို့ပေါ့လေ။ မနေ့ကပဲ (၇)ဖွဲ့ရဲ့ တက်ရောက်လာတဲ့ ခေါင်းဆောင်တွေရဲ့ ဆွေးနွေးဆုံးဖြတ်မှုနဲ့ပဲ ကျွန်တော်တို့ စာပြန်ထားတာရှိပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ရေးထိုးထားသည့် RCSS၊ PNLO၊ ALP၊ DKBA၊ KNU/KNLA PC၊ LDU နှင့် NMSP လက် နက်ကိုင်(၇)ဖွဲ့သည် ပြီးခဲ့သောလပိုင်းအတွင်းက နစက၏ NSPNC နှင့် အလွတ်သဘောတွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းခဲ့သည်။

အဆိုပါကမ်းလှမ်းချက်အပေါ် NSPNC က အသိအမှတ်ပြုခဲ့သော်လည်း လတ်တ လော၌ ဆွေးနွေးရန် အဆင်သင့်မဖြစ်သေးကြောင်း ပြန်လည်အကြောင်းပြန်ခဲ့သည်ဟု သိရသည်။

zawgyi version

နစက၏ NSPNC က ျပန္လည္ဖိတ္ေခၚသည့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲအေပၚ တက္ေရာက္ႏိုင္ျခင္းမရွိေသးဟု EAO(၇)ဖြဲ႕ အေၾကာင္းျပန္

မ်ိဳးႀကီး (NP News) - ဒီဇင္ဘာ ၂၄

နစက၏ NSPNC က ျပန္လည္ဖိတ္ေခၚသည့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲအေပၚ တက္ေရာက္ႏိုင္ျခင္းမရွိေသးေၾကာင္း EAO (၇)ဖြဲ႕မွ အေၾကာင္းျပန္ထားေၾကာင္း သတင္း ရရွိသည္။

ဒုတိယဗိုလ္ခ်ဳပ္ႀကီးရာျပည့္ဦးေဆာင္သည့္ NSPNC က ဒီဇင္ဘာလ ၁၉ ရက္ ရက္စြဲျဖင့္ NCA ေရးထိုးထားသည့္ EAO (၇)ဖြဲ႕ႏွင့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးရန္ ဖိတ္ေခၚခဲ့ေၾကာင္း သိရသည္။

အဆိုပါေဆြးေႏြးပြဲကို ေနျပည္ေတာ္၌ ဒီဇင္ဘာလ ၂၇၊ ၂၈၊ ၂၉ ရက္တို႔တြင္ ျပဳလုပ္ရန္ပါရွိၿပီး တိုင္းရင္းသားလက္နက္ကိုင္ (၇)ဖြဲ႕မွ တစ္ဖြဲ႕ခ်င္းစီ၏ ဥကၠ႒အပါအဝင္ အဖြဲ႕ဝင္(၃)ဦးျဖင့္ တက္ေရာက္ရန္ NSPNC ဖိတ္ၾကားခဲ့ေၾကာင္း သိရသည္။

“စာထဲမွာပါလာတဲ့ ေဆြးေႏြးရမယ့္အခ်က္ေတြအေနနဲ႔ကေတာ့ ကြၽန္ေတာ္တို႔နား လည္တာက ၂ဝဝ၈ ဖြဲ႕စည္းပုံအေျခခံဥပေဒမွာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းေတြက ျပင္ဆင္ခ်င္တဲ့အခ်က္ေတြကို ညႇိႏႈိင္းေဆြးေႏြးဖို႔ ရွိသလိုေပါ့ေလ။ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းေတြဘက္က သီးျခားေဆြးေႏြးခ်င္တဲ့အ ခ်က္ေတြရွိရင္လည္း ေဆြးေႏြးလို႔ရေအာင္ ဖိတ္ၾကားလိုက္ျခင္းျဖစ္ပါတယ္” ဟု EAO (၇)ဖြဲ႕၏အလြတ္သေဘာေဆြးေႏြးညႇိႏႈိင္းေရးအဖြဲ႕မွ ေျပာခြင့္ရ ဗိုလ္မႉးႀကီး ေစာေက်ာ္ၫြန႔္က NP News ကိုေျပာသည္။

ထိုသို႔ ဖိတ္ေခၚကမ္းလွမ္းမႈသည္ EAO (၇)ဖြဲ႕စလုံးအား တစ္စုတစ္စည္းတည္း တက္ေရာက္ႏိုင္သည့္အခင္းအက်င္းကို နစကအေနျဖင့္ စတင္လမ္းဖြင့္လာသည့္အေ႐ြ႕တစ္ခုျဖစ္ေၾကာင္း ဗိုလ္မႉးႀကီးေစာေက်ာ္ၫြန႔္က မွတ္ခ်က္ျပဳထားသည္။

NSPNC ၏ဖိတ္ေခၚမႈႏွင့္ပတ္သက္၍ EAO (၇)ဖြဲ႕အေနျဖင့္ ဒီဇင္ဘာလ ၂၃ ရက္တြင္ အေရးေပၚအစည္းအေဝးျပဳလုပ္ခဲ့ၿပီး သေဘာထားမွတ္ခ်က္ကို ျပန္လည္အေၾကာင္းျပန္ထားေၾကာင္း သိရသည္။

“သို႔ေသာ္လည္းပဲ ဒီအခ်ိန္မွာက EAO (၇)ဖြဲ႕ထဲမွာရွိတဲ့ တစ္ခ်ိဳ႕ေခါင္းေဆာင္ႀကီးေတြက က်န္းမာေရးအေျခအေနေၾကာင့္ ခရီးလြန္ေနတာတို႔၊ ဘာတို႔ရွိတယ္။ ေနာက္ၿပီးေတာ့ ဒီဇင္ဘာလကလည္း ႏွစ္သစ္ကူးတို႔၊ ခရစၥမတ္တို႔ ဒါကိုယ္အဖြဲ႕အစည္း အတြင္းမွာေပါ့ေလ အလုပ္ရႈပ္ေနတဲ့ကာလျဖစ္တဲ့အတြက္ေၾကာင့္မိုလို႔ ကြၽန္ေတာ္တို႔ကေတာ့ ဒီညႇိႏႈိင္းေဆြးေႏြးပြဲကိုေတာ့ စုံစုံလင္လင္တက္ေရာက္ဖို႔ကေတာ့ အခက္အခဲရွိတယ္” ဟု ၎က ဆက္လက္ေျပာသည္။

ထို႔ေၾကာင့္ EAO (၇)ဖြဲ႕၏ ညႇိႏႈိင္းဆုံးျဖတ္ခ်က္အရ NSPNC က ျပန္လည္ဖိတ္ေခၚသည့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲအေပၚ မတက္ေရာက္ႏိုင္ေသးသည့္အေၾကာင္းကို စာျပန္ထားေၾကာင္း ဗိုလ္မႉးႀကီးေစာေက်ာ္ၫြန႔္က ေျပာသည္။

“ကြၽန္ေတာ္တို႔ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္း(၇)ဖြဲ႕အေနနဲ႔ကေတာ့ ဒီအခင္းအက်င္းထက္ေပါ့ေလ ႏွစ္ဖက္စလုံးက အဆင္ေျပတဲ့ လမ္းေၾကာင္း၊ ႏွစ္ဖက္စလုံးက လူးသာလြန႔္သာျဖစ္ေနတဲ့ win win အခင္းအက်င္းတစ္ခုကို ေဖာ္ေဆာင္ ႏိုင္ဖို႔အတြက္ ကြၽန္ေတာ္တို႔ လက္ရွိႀကိဳးပမ္းေနတဲ့ အလြတ္သေဘာေတြ႕ဆုံညႇိႏႈိင္းေဆြးေႏြးမႈကေနတစ္ဆင့္ ျဖတ္သန္းၿပီးမွ အဲဒီလိုမ်ိဳး ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြ၊ ဘာေတြ ကြၽန္ေတာ္တို႔ တရားဝင္လုပ္ႏိုင္ေအာင္ ႀကိဳးပမ္းေဆာင္႐ြက္ဖို႔ေပါ့ေလ။ မေန႔ကပဲ (၇)ဖြဲ႕ရဲ႕ တက္ေရာက္လာတဲ့ ေခါင္းေဆာင္ေတြရဲ႕ ေဆြးေႏြးဆုံးျဖတ္မႈနဲ႔ပဲ ကြၽန္ေတာ္တို႔ စာျပန္ထားတာရွိပါတယ္” ဟု ၎က ဆက္လက္ေျပာသည္။

တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္(NCA) ေရးထိုးထားသည့္ RCSS၊ PNLO၊ ALP၊ DKBA၊ KNU/KNLA PC၊ LDU ႏွင့္ NMSP လက္ နက္ကိုင္(၇)ဖြဲ႕သည္ ၿပီးခဲ့ေသာလပိုင္းအတြင္းက နစက၏ NSPNC ႏွင့္ အလြတ္သေဘာေတြ႕ဆုံေဆြးေႏြးရန္ ကမ္းလွမ္းခဲ့သည္။

အဆိုပါကမ္းလွမ္းခ်က္အေပၚ NSPNC က အသိအမွတ္ျပဳခဲ့ေသာ္လည္း လတ္တ ေလာ၌ ေဆြးေႏြးရန္ အဆင္သင့္မျဖစ္ေသးေၾကာင္း ျပန္လည္အေၾကာင္းျပန္ခဲ့သည္ဟု သိရသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

Facebook သုံးစွဲသူများရဲ့ကိုယ်ပိုင်အချက်အလက်များပေါက်ကြားမှုနဲ့ပတ်သက်ပြီး Meta ကုမ္ပဏီက ဒေါ်လာသန်းရာချီပေးပြီး အမှုကျေအေးဖို့ သဘောတူ

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved