Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
Facebook သုံးစွဲသူများရဲ့ကိုယ်ပိုင်အချက်အလက်များပေါက်ကြားမှုနဲ့ပတ်သက်ပြီး Meta ကုမ္ပဏီက ဒေါ်လာသန်းရာချီပေးပြီး အမှုကျေအေးဖို့ သဘောတူ

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၂၄

ကမ္ဘာကျော်လူမှုကွန်ရက် Facebook ရဲ့မိခင်ကုမ္ပဏီဖြစ်တဲ့ Meta ဟာ Facebook သုံးစွဲသူများရဲ့ကိုယ်ပိုင်အချက်အလက်များကို အချက်အလက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Cambridge Analytica ထံပေါက်ကြားစေမှုနဲ့ပတ်သက်ပြီး တရားလိုများကို အမေရိကန်ဒေါ်လာ (၇၂၅)သန်းပေးကာ အမှုကျေအေး ပိတ်သိမ်းဖို့ သဘောတူညီခဲ့ကြောင်း သိရပါတယ်။

အဆိုပါ Cambridge Analytica ကုမ္ပဏီဟာ အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့် မဲဆွယ်စည်းရုံးရေးကာလအတွင်းအသုံးပြုခဲ့ဖူးတဲ့ဒေတာ ကုမ္ပဏီတစ်ခုဖြစ် ကြောင်းသိရပါတယ်။

Facebook သုံးစွဲသူပေါင်း (၈၇)သန်းရဲ့အချက်အလက်များကို တတိယအဖွဲ့စည်းတစ်ခုဖြစ်တဲ့ Cambridge Analytica ကုမ္ပဏီထံပေါက်ကြားခဲ့မှုနဲ့ပတ်သက်ပြီး ၂ဝ၁၈ ခုနှစ်တုန်းက တရားစွဲဆိုမှုများဖြစ်ပွားခဲ့ကြောင်း တရားလိုဖြစ်တဲ့ နစ်နာသူများဘက်မှလိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေတွေကပြောပါတယ်။

Meta ကုမ္ပဏီကတော့ အမှားအယွင်းလုပ်မိခဲ့ကြောင်း ဝန်ခံပြောဆိုခြင်းမရှိသလို Facebook သုံးစွဲသူများအမှန်တကယ် ထိခိုက်နစ်နာမှုမရှိအောင် လုပ်ဆောင်လျက်ရှိနေကြောင်းသိရပါတယ်။ Meta ရဲ့ပြောရေးဆိုခွင့်ရှိသူ ဒီနာအယ်ကက်ဆာဘိုင်က အမှုကျေအေးဖို့ကြိုးပမ်းခဲ့ခြင်းဟာ ရှယ်ယာပိုင်ရှင်များနဲ့ Facebook သုံးစွဲသူများအတွက်အကောင်းဆုံး အကျိုးစီးပွားကို လုပ်ဆောင်လိုက်ခြင်းဖြစ်ကြောင်းသိရပါတယ်။ ၎င်းတို့ကုမ္ပဏီအနေနဲ့ Facebook သုံးစွဲသူအတွက် privacy ပိုင်းမှာ ပြန်လည်ပြင်ဆင်မွမ်းမံမှုများပြုလုပ်သွားမှာဖြစ်ကြောင်း Meta ရဲ့ပြောရေးဆိုခွင့်ရှိသူ ဒီနာအယ်ကက်ဆာဘိုင်ကပြောပါတယ်။

တရားလိုရှေ့နေတွေက အမှုကျေအေး ပိတ်သိမ်းမှုအစိတ်အပိုင်းအဖြစ် Facebook သုံးစွဲသူပေါင်း သန်း ၂၅ဝ မှ သန်း ၂၈ဝ အထိ ငွေကြေးရဖွယ်ရှိနေကြောင်း၊ တစ်ဦးချင်းရမယ့် နစ်နာမှုငွေကြေးဟာ နစ်နာမှုရှိကြောင်းခိုင်လုံတဲ့ အကြောင်းပြချက်များ ပိုမိုပြနိုင်သူအရေအတွက်အပေါ် မူတည်ပြီး အဓိကပေးသွားမှာဖြစ်ကြောင်း ဆိုပါတယ်။

Facebook သုံးစွဲသူများအချက်အလက်ဒေတာများ Cambridge Analytica ထံပေါက်ကြားခဲ့ပြီးနောက် ကမ္ဘာတဝှမ်း ဝေဖန်မှုများမြင့်တက်ခဲ့ပြီး ပြီးခဲတဲ့နှစ်များအတွင်း အမေရိကန်အစိုးရရဲ့စုံစမ်းရေးအရာရှိများဟာ Facebook ရဲ့ privacy များကို စုံစမ်းစစ်ဆေးခဲ့ကြောင်းသိရပါတယ်။

zawgyi version

Facebook သုံးစြဲသူမ်ားရဲ႕ကိုယ္ပိုင္အခ်က္အလက္မ်ားေပါက္ၾကားမႈနဲ႔ပတ္သက္ၿပီး Meta ကုမၸဏီက ေဒၚလာသန္းရာခ်ီေပးၿပီး အမႈေက်ေအးဖို႔ သေဘာတူ

ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၂၄

ကမာၻေက်ာ္လူမႈကြန္ရက္ Facebook ရဲ႕မိခင္ကုမၸဏီျဖစ္တဲ့ Meta ဟာ Facebook သုံးစြဲသူမ်ားရဲ႕ကိုယ္ပိုင္အခ်က္အလက္မ်ားကို အခ်က္အလက္ကုမၸဏီတစ္ခုျဖစ္တဲ့ Cambridge Analytica ထံေပါက္ၾကားေစမႈနဲ႔ပတ္သက္ၿပီး တရားလိုမ်ားကို အေမရိကန္ေဒၚလာ (၇၂၅)သန္းေပးကာ အမႈေက်ေအး ပိတ္သိမ္းဖို႔ သေဘာတူညီခဲ့ေၾကာင္း သိရပါတယ္။

အဆိုပါ Cambridge Analytica ကုမၸဏီဟာ အေမရိကန္သမၼတေဟာင္းေဒၚနယ္ထရမ့္ မဲဆြယ္စည္း႐ုံးေရးကာလအတြင္းအသုံးျပဳခဲ့ဖူးတဲ့ေဒတာ ကုမၸဏီတစ္ခုျဖစ္ ေၾကာင္းသိရပါတယ္။

Facebook သုံးစြဲသူေပါင္း (၈၇)သန္းရဲ႕အခ်က္အလက္မ်ားကို တတိယအဖြဲ႕စည္းတစ္ခုျဖစ္တဲ့ Cambridge Analytica ကုမၸဏီထံေပါက္ၾကားခဲ့မႈနဲ႔ပတ္သက္ၿပီး ၂ဝ၁၈ ခုႏွစ္တုန္းက တရားစြဲဆိုမႈမ်ားျဖစ္ပြားခဲ့ေၾကာင္း တရားလိုျဖစ္တဲ့ နစ္နာသူမ်ားဘက္မွလိုက္ပါေဆာင္႐ြက္ေနတဲ့ ေရွ႕ေနေတြကေျပာပါတယ္။

Meta ကုမၸဏီကေတာ့ အမွားအယြင္းလုပ္မိခဲ့ေၾကာင္း ဝန္ခံေျပာဆိုျခင္းမရွိသလို Facebook သုံးစြဲသူမ်ားအမွန္တကယ္ ထိခိုက္နစ္နာမႈမရွိေအာင္ လုပ္ေဆာင္လ်က္ရွိေနေၾကာင္းသိရပါတယ္။ Meta ရဲ႕ေျပာေရးဆိုခြင့္ရွိသူ ဒီနာအယ္ကက္ဆာဘိုင္က အမႈေက်ေအးဖို႔ႀကိဳးပမ္းခဲ့ျခင္းဟာ ရွယ္ယာပိုင္ရွင္မ်ားနဲ႔ Facebook သုံးစြဲသူမ်ားအတြက္အေကာင္းဆုံး အက်ိဳးစီးပြားကို လုပ္ေဆာင္လိုက္ျခင္းျဖစ္ေၾကာင္းသိရပါတယ္။ ၎တို႔ကုမၸဏီအေနနဲ႔ Facebook သုံးစြဲသူအတြက္ privacy ပိုင္းမွာ ျပန္လည္ျပင္ဆင္မြမ္းမံမႈမ်ားျပဳလုပ္သြားမွာျဖစ္ေၾကာင္း Meta ရဲ႕ေျပာေရးဆိုခြင့္ရွိသူ ဒီနာအယ္ကက္ဆာဘိုင္ကေျပာပါတယ္။

တရားလိုေရွ႕ေနေတြက အမႈေက်ေအး ပိတ္သိမ္းမႈအစိတ္အပိုင္းအျဖစ္ Facebook သုံးစြဲသူေပါင္း သန္း ၂၅ဝ မွ သန္း ၂၈ဝ အထိ ေငြေၾကးရဖြယ္ရွိေနေၾကာင္း၊ တစ္ဦးခ်င္းရမယ့္ နစ္နာမႈေငြေၾကးဟာ နစ္နာမႈရွိေၾကာင္းခိုင္လုံတဲ့ အေၾကာင္းျပခ်က္မ်ား ပိုမိုျပႏိုင္သူအေရအတြက္အေပၚ မူတည္ၿပီး အဓိကေပးသြားမွာျဖစ္ေၾကာင္း ဆိုပါတယ္။

Facebook သုံးစြဲသူမ်ားအခ်က္အလက္ေဒတာမ်ား Cambridge Analytica ထံေပါက္ၾကားခဲ့ၿပီးေနာက္ ကမာၻတဝွမ္း ေဝဖန္မႈမ်ားျမင့္တက္ခဲ့ၿပီး ၿပီးခဲတဲ့ႏွစ္မ်ားအတြင္း အေမရိကန္အစိုးရရဲ႕စုံစမ္းေရးအရာရွိမ်ားဟာ Facebook ရဲ႕ privacy မ်ားကို စုံစမ္းစစ္ေဆးခဲ့ေၾကာင္းသိရပါတယ္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

စပါးခွံလောင်စာသုံး Gastifire ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းကို လက်တွေ့အသုံးချနိုင်မည်ဆိုပါက အားပေးဆောင်ရွက်သွားမည်ဟုဆို

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved