Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အမေရိကန်ဖျက်သင်္ဘော Laboon က ဟူသီလက်နက်ကိုင်အဖွဲ့၏ ဒရုန်းလေးစင်းကို ပင်လယ်နီအတွင်း ပစ်ချခဲ့

Pika (NSS) - ဒီဇင်ဘာ ၂၄ 

ဒီဇင်ဘာလ(၂၃)ရက်တွင် ပင်လယ်နီအတွင်းရှိ အမေရိကန်ရေတပ်ဖျက်သင်္ဘော Laboon သည် ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့ ပစ်လွှတ်ခဲ့သောဒရုန်းလေးစင်းကို ပစ်ချခဲ့ကြောင်း အမေရိကန်ဗဟိုကွပ်ကဲမှုဌာနချုပ် (CENTCOM) က ပြောကြားခဲ့သည်။

အဆိုပါဖြစ်ရပ်သည် အရှေ့အလယ်ပိုင်းဒေသတွင်ရှိသော အမေရိကန်စစ်သင်္ဘောများက ဟူသီလက်နက်ကိုင်အဖွဲ့ ပစ်လွှတ်ခဲ့သောဒုံးကျည်များ နှင့် ဒရုန်းများကို ကြားဖြတ်ဟန့်တားမှုများ လုပ်ဆောင်ခဲ့သည့် နောက်ဆုံးဖြစ်ရပ်တစ်ခုဖြစ်ကြောင်းလည်း သိရသည်။


ထို့အပြင် အမေရိကန်ရေတပ်ဖျက်သင်္ဘော Carney က ဒရုန်း(၁၄)စင်းကို ပင်လယ်နီအတွင်း ပစ်ချခဲ့ပြီးနောက် တစ်ပတ်အကြာတွင် ဖျက်သင်္ဘော Laboon က ယခုကဲ့သို့ပစ်ချမှုများ ထပ်မံလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ အမေရိကန်ဗဟိုကွပ်ကဲမှုဌာနချုပ် က "ဖျက်သင်္ဘော Laboon ဟာ ကုန်တင်သင်္ဘောတွေကို ကာကွယ်ပေးဖို့ အတွက် ပင်လယ်နီတောင်ပိုင်းမှာ ကင်းလှည့်မှုတွေ လုပ်ဆောင်နေချိန်အတွင်း တိုက်ခိုက်ခံခဲ့ရတာပါ။ အဲဒီ ဒရုန်းတွေဟာ ဖျက်သင်္ဘော Laboon ဆီကို ဦးတည်လာတဲ့အချိန်မှာ ပစ်ချခဲ့တာပါ။ အဲဒီဖြစ်ရပ်အတွင်း ထိခိုက် ပျက်စီးမှုတွေ ဒါမှမဟုတ် လူထိခိုက်ဒဏ်ရာရရှိတာမျိုးလည်း မရှိခဲ့ပါဘူး" ဟု ပြောခဲ့သည်။

အဆိုပါဒရုန်းများကို ပစ်ချပြီးနောက် ဖျက်သင်္ဘော Laboon သည် ဒရုန်းများ၏ တိုက်ခိုက်မှုကိုခံခဲ့ရသည့် ကုန်တင်သင်္ဘောနှစ်စီး၏ အကူအညီပေးရန်တောင်းဆိုမှုများကို ချက်ချင်းတုံ့ပြန်ခဲ့ကြောင်းလည်း သိရသည်။ 


CENTCOM က "နော်ဝေးအလံလွှင့်တင်ထားတဲ့ M/V BLAAMANEN ရေနံတင်သင်္ဘောဟာ ဟူသီလက်နက်ကိုင်အဖွဲ့ လွှတ်တင်ခဲ့တဲ့ဒရုန်းတစ်စင်းရဲ့ တိုက်ခိုက်မှုကိုခံခဲ့ရပေမယ့်လည်း သင်္ဘောထိခိုက်ပျက်စီးတာ ဒါမှမဟုတ် လူထိခိုက်ဒဏ်ရာရရှိတာမျိုးတော့ မရှိခဲ့ပါဘူး။ ပြီးတော့ အိန္ဒိယအလံလွှင့်တင်ထားတဲ့ ဂါဘွန်နိုင်ငံပိုင် ရေနံစိမ်းတင် သင်္ဘော M/V SAIBABA ဟာ ဒရုန်းနဲ့တိုက်ခိုက်မှုတွေကို ခံခဲ့ရပေမယ့်လည်း ထိခိုက်ပျက်စီးတာမျိုးတော့ မရှိခဲ့ပါဘူး။ ဖျက်သင်္ဘော Laboon ဟာ အဲ့ဒီသင်္ဘောနှစ်စီးလုံးရဲ့အကူအညီပေးဖို့တောင်းဆိုမှုတွေကို ချက်ချင်း သွားရောက်တုံ့ပြန်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုတွေဟာ အောက်တိုဘာလ(၁၇)ရက် နောက်ပိုင်းတည်းက ဟူသီ လက်နက်ကိုင်အဖွဲ့က သင်္ဘောတွေကို  (၁၄)ကြိမ်နဲ့ (၁၅)ကြိမ်မြောက်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်" ဟု ပြောခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဘရာဇီးလ်နိုင်ငံတွင် လေယာဉ်တစ်စင်းပျက်ကျခဲ့ပြီး အနည်းဆုံးလူ(၅)ဦး သေဆုံး

RECENT POSTS
စင်ကာပူနိုင်ငံ၏ ကိုယ်ပိုင်ကျောင်းများဆိုင်ရာ စံသတ်မှတ်ချက်များ၊ ဘဏ္ဍာရေးနှင့် ဘက်စုံစီမံခန့်ခွဲမှုများ (ဆောင်းပါး)
03 Oct 2024
အောင်ဘာလေအွန်လိုင်းထီကို တစ်လလျှင်နှစ်ကြိမ်ဖွင့်လှစ်မည်
03 Oct 2024
ရေဘေးအလွန် ပြန်လည်ထူထောင်ရေးမှာ ဆေးရုံတွေ ၊ ကျောင်းတွေ ၊ အရေးကြီးတဲ့ ဌာနဆိုင်ရာတွေအတွက် Township Plan သေချာဆွဲသင့်တယ် (အင်တာ‌ဗျူး)
03 Oct 2024
ရွေးကောက်ပွဲ အလွန် မြန်မာ့နိုင်ငံရေး (ဆောင်းပါး)
03 Oct 2024
အနောက်ကို စုစည်းရင်ဆိုင်မည့် ရုရှား-အီရန် မိတ်ဖက်ဆက်ဆံရေး (ဘာသာပြန်ဆောင်းပါး)
03 Oct 2024
စပိန်နိုင်ငံထုတ် ရထားတွဲဆိုင်းသစ်များဖြင့် ရန်ကုန်-ပဲခူးခရီးစဉ် စတင်ပြေးဆွဲ
03 Oct 2024
ယခုနှစ်အတွင်း ရေကြီးရေလျှံမှု(၂)ကြိမ်ဖြစ်ပွားခဲ့သော တောင်ငူမြို့တွင် အနိမ့်ပိုင်းရပ်ကွက်အချို့၌ ရေပြန်လည်ဝင်ရောက်နေ
03 Oct 2024
ကုန်ဈေးနှုန်းကြီးမြင့်ခြင်း နှင့် တိုးပွားလာသော လုယက်မှုများက ရန်ကုန်မြို့ရှိ အခြေခံနှင့်လူလတ်တန်းစားများအတွက် ရေနစ်သူကိုဝါးကူထိုးသကဲ့သို့ ဖြစ်နေ
03 Oct 2024
ပြည်လမ်းမကြီးပေါ်မှ တန်ဖိုးကြီးမြေကွက်များ (၁ဝ)ခုထက်မနည်းပြန်လည်ရောင်းထုတ်မှုရှိနေ
03 Oct 2024
နိုင်ငံကူးလက်မှတ်နှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာများထက်တွင် ပုံစံမျိုးစုံဖြင့် လိမ်လည်နေသူများကို ဖော်ထုတ်အရေးယူရန်လို
03 Oct 2024
နိုင်ငံတစ်ဝန်းအရေးပေါ်အများပြည်သူသတိပေးစနစ် စမ်းသပ်လေ့ကျင့်မှုတွေကို ရုရှားအစိုးရလုပ်ဆောင်
02 Oct 2024
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေမြင့်တက်လာမှုနဲ့အတူ အီရန်က အစ္စရေးကို ဒုံးကျည်အစင်းရေ(၂ဝဝ)ကျော်နဲ့ပစ်ခတ်တိုက်ခိုက်
02 Oct 2024
ထိုင်းအစွန်းရောက်လူနည်းစုက ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေကြသော ရွှေ့ပြောင်းလုပ်သားများကို ပစ်မှတ်ထားစီးပွားရေးပိတ်ပင်ရန် ကြိုးပမ်းလာခြင်းကြောင့် မြန်မာများ သတိထားနေထိုင်ရန် လိုအပ်လာ
02 Oct 2024
ပအိုဝ်းနယ်မြေအထူးဒေသ (၆)အတွင်း ဝင်ရောက်နေထိုင်သည့် KNDF ပူးပေါင်းအဖွဲ့များကို တိုက်ထုတ်သွားမည်ဟု PNA ဆို
02 Oct 2024
အကြမ်းဖက်အဖွဲ့များ ထိန်းချုပ်ရာဒေသများကို လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာဖွယ်ရှိ၍ ဒေသခံပြည်သူများက သတိပြုရှောင်ရှားရန် လိုအပ်
02 Oct 2024
တိုက်ပွဲများကြောင့် သွင်းကုန်များအပေါ် ရိုက်ခတ်မှုများရှိနေရာ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ ပိုအထိနာနေ
02 Oct 2024
မြန်မာနိုင်ငံတွင် အလုပ်လုပ်ရန်အကောင်းဆုံးကုမ္ပဏီအဖြစ် MAI မှ BCIM ဆုရရှိ
02 Oct 2024
တောင်ကိုရီးယားရုပ်ရှင်မင်းသမီး Park Ji-ah ဦးနှောက်သွေးကြောပေါက်ကာ ကွယ်လွန်
01 Oct 2024
သေမင်းတံခါးဝမှအပြန် (ဆောင်းပါး)
01 Oct 2024
နျူကလီးယားလက်နက်တွေအသုံးပြုခဲ့မယ်ဆိုရင် မြောက်ကိုရီးယားအစိုးရ အဆုံးသတ်သွားမယ်လို့ တောင်ကိုရီးယားအစိုးရသတိပေး
01 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved