ပထမနှစ် အဝေးသင် သင်တန်းများကို လာမည့်နှစ်ရက်အတွင်း ကျောင်းအပ် လက်ခံသွားမည်
စော (NSS) - ဒီဇင်ဘာ ၂၄
ပထမနှစ် အဝေးသင် သင်တန်းများကို လာမည့်နှစ်ရက်အတွင်း ကျောင်းအပ်လက်ခံ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရသည်။
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနက ယခုရက်ပိုင်းအတွင်း အထက်ပါကဲ့သို့ ကြေညာထားခြင်းဖြစ်သည်။
ယခု ပညာသင်နှစ်အတွက် တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များ၏ ပထမနှစ် အဝေးသင် သင်တန်းများကို လာမည့် ဒီဇင်ဘာ ၂၆ ရက်မှ စတင်၍ ကျောင်းဝင်မှတ်ပုံတင်နိုင်ကြောင်း သိရသည်။
ထို့သို့ ကျောင်းဝင်မှတ်ပုံတင်ခြင်းကို ဒီဇင်ဘာ ၂၆ ရက်မှ လာမည့် မတ်လ ၃၁ ရက်အထိ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ဆိုသည်။
ထို့ပြင် ဒုတိယနှစ်နှင့် အထက် အဝေးသင် သင်တန်းများ၏ ကျောင်းဝင်မှတ်ပုံတင်ခြင်းကို လာမည့် ဖေဖော်ဝါရီလ ၅ ရက်မှ မေလ ၁၇ ရက်အထိ လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိနစက အစိုးရလက်ထက်၌ ပဋိပက္ခများကြောင့် ရက်အကန့်အသတ်မရှိ ပိတ်ခဲ့ရသည့် တက္ကသိုလ်များ ရှိသကဲ့သို့ ကျောင်းမဖွင့်ရန် ချိန်းခြောက်ခံနေရသည့် စာသင်ကျောင်းများလည်း ရှိနေသည်။
ပြီးခဲ့သော ကာလအတွင်း ကယားပြည်နယ်၊ လွိုင်ကော်ြမို့၌ တပ်မတော်နှင့် ကရင်နီလက်နက်ကိုင်အဖွဲ့များကြား ဖြစ်ပွားသောတိုက်ပွဲကြောင့် တတိယအသုတ် အဝေးသင် စာမေးပွဲဖြေဆိုရန် ပြင်ဆင်နေသည့် လွိုင်ကော် တက္ကသိုလ်သည်လည်း ရက်အကန့်အသတ်မရှိ ပိတ်ထားခဲ့ရသည်။
ထို့ပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ လားရှိုးတက္ကသိုလ်၌ တတိယအသုတ်ဖြစ်သည့် မြန်မာစာ နှင့် သမိုင်းအထူးပြုသင်တန်းနှစ်များ၏ အဝေးသင်စာမေးပွဲများကိုလည်း ပြီးခဲ့သည့် (နိုဝင်ဘာ ၁၆ ရက်) မွန်းလွဲပိုင်းမှ စတင်၍ ရက်အကန့်အသတ်မရှိရွှေ့ဆိုင်းခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြစ်ကြီးနားမြို့တွင် ကားနှင့်ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့ရာ အမျိုးသမီးတစ်ဦး ဒဏ်ရာပြင်းထန်ရ
RELATED POSTS
07 Sep 2024 | ပညာရေး,ပြည်တွင်း
29 Aug 2024 | ပညာရေး,ပြည်တွင်း