လူဦးရေ (၁)သန်းနီးပါးအတွက် ကျေးလက်ရေ ရရှိရေးလုပ်ငန်း (၁၂၀၀)ခန့်ကို ယခုဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည်
စော (NSS) - ဒီဇင်ဘာ ၂၂
လက်ရှိ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ကျေးလက်ရေရရှိရေးလုပ်ငန်း (၁၂၀၀) နီးပါးဆောင်ရွက်မည်ဖြစ်ကြောင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက ယမန်နေ့ (ဒီဇင်ဘာလ ၂၁ ရက်) တွင် နေပြည်တော်၌ ကျင်းပသော အစည်းအဝေးတွင် အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ယခုဘဏ္ဍာနှစ်တွင် ကျေးလက်ရေရရှိရေးလုပ်ငန်းပေါင်း (၁၁၉၅)ခုကို ဆောင်ရွက်သွားမည်ဖြစ်၍ ကျေးရွာ (၉၂၀) မှ လူဦးရေ (၀ ဒသမ ၇)သန်းခန့်ကို အကျိုးပြုစေမည်ဖြစ်ကြောင်း သိရသည်။
"ကျေးရွာတွေမှာ ရေရှားပါးရခြင်း အဓိကအကြောင်းအရင်းကို ဖော်ထုတ်ဖြေရှင်းနိုင်မယ့် ကာလတို/ကာလလတ်အစီအမံများ ရေးဆွဲဆောင်ရွက်ဖို့လိုအပ်ပါတယ်" ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အထိ ကျေးရွာပေါင်း (၃၀၂၉၈)ရွာ၌ ကျေး လက်ရေရရှိရေးလုပ်ငန်း (၄၁၅၂၄)ခုကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီး လူဦးရေ (၂၂)သန်းကို အကျိုးပြုခဲ့ကြောင်းသိရသည်။
လာမည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း အားကောင်း သော အယ်နီညိုအခြေအနေသို့ရောက်ရှိနိုင်သည့် အ တွက် မြန်မာနိုင်ငံတွင် နွေရာသီ၌ရေရှားပါးမှုများ ကြုံတွေ့နိုင်ခြင်းကြောင့် ရေကိုကြိုတင်သိုလှောင်ထားရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း အသိပေးတိုက်တွန်းထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ-တရုတ်နှစ်နိုင်ငံ အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်းစဉ်များ၌ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရန် တရုတ်ဘက်မှဆန္ဒရှိနေ
RELATED POSTS
21 Sep 2024 | အထွေထွေ,ပြည်တွင်း
21 Sep 2024 | အထွေထွေ,နိုင်ငံတကာ
20 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း