Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဘားအံခရိုင်အတွင်း၌ စစ်ဘေးရှောင်ပြည်သူ (၁၀၀၀၀) ကျော်ရောက်ရှိခိုလှုံနေ

ကျော်(NSS) - ဒီဇင်ဘာ ၂၂

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းဖြစ်ပွားလျက်ရှိသည့်တိုက်ပွဲများကြောင့် ဘားအံခရိုင်အတွင်း၌ စစ်ဘေးရှောင်ပြည်သူ (၁၀၀၀၀)ကျော်ရောက်ရှိ ခိုလှုံလျက်ရှိကြောင်း KNU ဗဟို နှင့် ဘားအံမြို့အခြေစိုက်လူမှုကူညီရေးအသင်းများထံမှ သိရသည်။


ဘားအံခရိုင်အတွင်းရှိ နဘူးမြို့နယ်တွင်(၄၄၈၉) ဦး၊ ပိုင်ကျုံမြို့နယ်တွင်(၂၆၇၉)ဦး နှင့် ဒုံရင်းမြို့နယ်တွင် (၃၅၂၀) ဦး စုစုပေါင်း စစ်ဘေးရှောင်ပြည်သူ (၁၀၆၈၈) ဦးခိုလှုံနေထိုင်လျက်ရှိကြောင်း သိရသည်။

"အခု စစ်ဘေးရှောင်အရေအတွက်က ဒီဇင်ဘာလဝက် ကကောက်ထားတဲ့စာရင်းပါ။ ဒီအချိန်ဆိုရင် ထပ်တိုးလာဖို့ပဲရှိတယ်။ လျော့သွားဖို့ဆိုတာမရှိပါဘူး။ အခုစစ်ဘေးရှောင်တွေက ကော့ကရိတ်ဘက်ကပါ အဲဒီမှာတိုက်ပွဲတွေဖြစ်နေတာကြောင့် ဘားအံဘက်ကိုစစ်ဘေးရှောင်တွေအနေနဲ့ပြေးလာကြတာပါ"ဟု ဘားအံမြို့အခြေစိုက် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြော သည်။

အဆိုပါ စစ်ဘေးရှောင်ပြည်သူများအား ကရင်ဒုက္ခသည်များဆိုင်ရာကော်မတီ(C.I.D.K.P)ဗဟို နှင့် တာဝန်ရှိသူများကသွားရောက်တွေ့ဆုံ၍ အခြေခံစားသောက် ကုန်များနှင့်အသုံးအဆောင်ပစ္စည်းများကို ထောက်ပံ့ပေးခဲ့ကြကြောင်း သိရသည်။

"လတ်တလောအရေးပေါ်လိုအပ်တာတွေကို ထောက်ပံ့ပေးသွားတာပါ။ စစ်ဘေးရှောင်တွေထဲမှာ ကျန်းမာရေးမကောင်းတဲ့လူတွေလည်းပါတဲ့အတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေလုပ်ပေးဖို့လည်း လိုအပ်ချက်တွေရှိနေတယ်။ လူမှုကူညီရေးအသင်းဝင်တွေက ကူညီပေးနေပေမယ့် တကယ့်အရေးပေါ်ကျန်းမာရေးအခြေအနေကြတော့ အခက်အခဲဖြစ်နိုင်တယ်"ဟု ဘားအံမြို့အခြေ စိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

C.I.D.K.P ဗဟိုမှ စစ်ဘေးရှောင်များအတွက် အခြေခံစားသောက်ကုန်များ နှင့် စောင်၊ ခြင်ထောင်၊ ခေါင်းအုံး၊အခင်းများ၊ ဆေးဝါးပစ္စည်းများ၊ အဝတ်အထည်များကို ထောက်ပံ့ပေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့မှုများအပြင် ဘားအံမြို့နယ်အခြေစိုက်လူမှုကူညီရေးအသင်းများမှလည်း စစ်ဘေးရှောင်ပြည်သူများအတွက်လိုအပ်သည့် စားသောက်ကုန်များ၊အဝတ်အထည်များနှင့်အခြားလိုအပ်သည်များကို အလှူရှင်များနှင့်ပူးပေါင်းကာ လိုက်လံလှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် ကော့ရိတ်မြို့နယ်အတွင်း၌ လုံခြုံရေးအဖွဲ့များ နှင့် KNU ၊ PDF ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရက်(၆ဝ) ရှိလာပြီဖြစ်တဲ့ ရှမ်းမြောက်တိုက်ပွဲတွေမှာ နစကရဲ့တပ်မတော်က ရှုံးနေသလား (သို့) နစက ရှုံးသွားနိုင်သလား...?

RECENT POSTS
မနက်ဖြန်မှစ၍ စားအုန်းဆီ အိမ်အရောက်ပို့သည့်စနစ်၌ ဆီပိဿာချိန် နှင့် သယ်ယူပို့ဆောင်ခ အနည်းငယ် ပြောင်းလဲမည်
22 Sep 2024
ဒါဇင်နဲ့ချီတဲ့ အစ္စရေးစစ်လေယာဉ်တွေက လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ကြီးမားတဲ့လေကြောင်း တိုက်ခိုက်မှု ပြုလုပ်
22 Sep 2024
ဒုတိယအကြိမ်မြောက်စကားစစ်ထိုးပွဲ လုပ်ဆောင်ဖို့အတွက် ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်ရဲ့ တောင်းဆိုမှုကို ဒေါ်နယ်ထရမ့် ငြင်းဆန်ပယ်ချ
22 Sep 2024
နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၃ဝ ဘီလျံ သုံးစွဲရန် လျာထား
22 Sep 2024
မန္တလေးနဲ့ ငါးမိုင်အကွာက PDF အသိုက်ကို တပ်မတော် ဝင်ရှင်းပြီ၊ ထုတ်ပြန်ချက်အပြီးမှာ MNDAA တို့ စစ်သား အဓမ္မစုဆောင်းမှုလုပ်နေပြီ၊ ရထားရဲကို ရက်ရက်စက်စက် သတ်ခဲ့သူ ငါးဦးက နိုင်ငံရေးသမား/ဒီမိုကရေစီသမားတွေတဲ့လား၊ ရခိုင်မှာ အရက်ဘီယာ မရောင်းရဆိုတဲ့ AA (၂၁-၉-၂ဝ၂၄)
22 Sep 2024
ဂျပန်နိုင်ငံအလယ်ပိုင်း၊ အိုက်ရှီကာဝါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ပျောက်ဆုံး သေဆုံးသူများရှိနေ
22 Sep 2024
မိုးကုတ်-မိုးမိတ်မှာ သပြေပန်းတွေ အစွမ်းပြပြီ၊ တောင်ဒဂုံ အုပ်ကြီးတို့ သတ်ဖြတ်ခံရမှု နဲ့ အုပ်ကြီးတို့ သတိပြုစရာများ၊ KIA ၊ PDF ဖျက်ဆီးတဲ့ သင်္ဘော (၆) စင်း နဲ့ ဖားကန့် တိုက်ပွဲ၊ ရေ‌ဘေး သေဆုံး ပျက်စီးမှုစာရင်း (၂ဝ-၉-၂ဝ၂၄)
21 Sep 2024
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved