အရည်အသွေးအာမခံချက်ရှိသည့် မြန်မာ့တိုင်းရင်းဆေးဝါးများကို နိုင်ငံတကာသို့တင်ပို့နိုင်အောင် မျှော်မှန်းဆောင်ရွက်ကြရန်လိုဟုဆို
ကျော်(NSS) - ဒီဇင်ဘာ ၂၂
ဘေးဥပဒ်ကင်းပြီး အရည်အသွေးအာမခံချက်ရှိသည့် မြန်မာ့တိုင်းရင်းဆေးဝါးများကို မြန်မာနိုင်ငံအတွင်းသာမက နိုင်ငံတကာသို့တင်ပို့နိုင်အောင် မျှော်မှန်းဆောင် ရွက်ကြရန် နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
ယမန်နေ့ (ဒီဇင်ဘာလ ၂၁ ရက်)က နေပြည်တော်၌ ကျင်းပသည့် (၂၂)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များညီလာခံနှင့်မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲသို့ နစက ဥက္ကဋ္ဌမှ ဂုဏ်ပြုမိန့်ခွန်းပေးပို့ရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားထားခြင်း ဖြစ်သည်။
ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင် ကိုဗစ်(၁၉)ရောဂါဖြစ်နေချိန် ၌ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီး ဌာနမှ မြန်မာ့တိုင်းရင်းဆေးကျမ်းလာ ဝိသမအဖျားပျောက်ဆေးကို စနစ်တကျ သုတေသနဆောင်ရွက်ခဲ့ကြောင်း ၎င်းကပြောသည်။
ထို့ကြောင့် ကိုဗစ်(၁၉)ရောဂါလက္ခဏာများကို သက် သာပျောက်ကင်းအောင်ကုသပေးနိုင်သည့် ကိုဗစ်(၁၉) ရောဂါကုသဆေးတစ်လက်ဖော်ထုတ်နိုင်ခဲ့ပြီး တိုင်းရင်းဆေးရုံ၊ ဆေးခန်းများတွင် ဝိသမအဖျားပျောက်ဆေးဖြင့် ကိုဗစ်(၁၉)ရောဂါအပြင် ရာသီတုပ်ကွေးရောဂါကိုပါကုသပေးလျက်ရှိကြောင်း ၎င်းကပြောသည်။
ထို့ကြောင့် ဝိသမအဖျားပျောက်ဆေးကဲ့သို့ မြန်မာ့တိုင်းရင်းဆေးဝါးများကို စနစ်တကျသုတေသနပြုလုပ်၍ အများပြည်သူ ယုံကြည်အားထားလာအောင် ဆောင် ရွက်ကြရန်လိုကြောင်း နစက ဥက္ကဋ္ဌက တိုက်တွန်းပြော ကြားခဲ့သည်။
"မြန်မာနိုင်ငံရဲ့ လူဦးရေ ၇၀ ရာခိုင်နှုန်းကျော်ဟာ ကျေး လက်ဒေသတွေမှာနေထိုင်ပြီး သူတို့ရဲ့ကျန်းမာရေးစောင့်ရှောက်မှုဆွေဟာ ဒီနေ့အထိ ရိုးရာတိုင်းရင်းဆေးဝါးတွေကို ယုံကြည်အား ထားသုံးစွဲနေကြတာကို တွေ့ရပါတယ်"ဟု နစက ဥက္ကဋ္ဌကပြောသည်။
မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်အမျိုးသားဆေးပညာဖြစ်သည့် မြန်မာ့တိုင်းရင်းဆေးပညာနှင့်တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးကို အပြည့်အဝစောင့်ရှောက်မှုပေးနိုင်ရန် နိုင်ငံတစ်ဝန်း၌ တိုင်းရင်းဆေးရုံ၊ ဆေးခန်းများကို တစ်နှစ်ထက်တစ်နှစ်တိုးမြှင့်ဖွင့်လှစ်ပေးလျက်ရှိကြောင်းသိရသည်။
ထို့ပြင် မြန်မာ့ရိုးရာတိုင်းရင်းဆေးပညာအဆင့် အတန်းပိုမိုမြင့်မားစေရန်နှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ခြင်း၊ နည်းပညာများသင်ယူလေ့လာခြင်း၊မျှဝေခြင်းတို့ကိုပြုလုပ်၍ ကမ္ဘာ့အလယ်တွင် "မြန်မာ့တိုင်းရင်းဆေးပညာ"ဟု ဂုဏ်ယူဝင့်ကြွားစွာရပ်တည်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပြီး နိုင်ငံတော်မှလည်း လိုအပ် ချက်များကို ပံ့ပိုးပေးသွားမည်ဟု နစက ဥက္ကဋ္ဌက တိုက်တွန်းပြောကြားခဲ့သည်။
တိုင်းရင်းဆေးပညာဦးစီးဌာနအနေဖြင့် အစွမ်းထက်သော မြန်မာ့တိုင်းရင်းဆေးပညာကုထုံးများ၊ ဆေးနည်းများ၊ ဆေးပင်များကို အတွေ့အကြုံအခြေပြုဆေးပညာမှသည် အထောက်အထားအခြေပြုဆေးပညာအဖြစ်သို့ရောက်ရှိအောင် သုတေသနများတိုးမြှင့်လုပ်ဆောင်ရမည်ဟုလည်း တိုက်တွန်းပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆီစက်လုပ်ငန်းရှင်များအတွက် ဒုတိယအကြိမ်ဆီစက်လုပ်ငန်းဖွံ့ဖြိုးရေးချေးငွေများ အမြန်ဆုံးထုတ်ချေးပေးရန် စီစဉ်နေ
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ