ကျပ်သိန်း ၂၅၀ ကျော်ဖြင့် EV ကား ရရှိနိုင်မည့် ပြိုင်ပွဲပြုလုပ်မည်
Pearl (NP News) - ဒီဇင်ဘာ ၂၁
ငွေကျပ်သိန်း ၂၅၀ ကျော်ဖြင့် EV ကား ရရှိနိုင်မည့် Stand for LEAP ပြိုင်ပွဲပြုလုပ်မည်ဖြစ်ကြောင်း Leapmotor Myanmar ထံမှ သိရသည်။
အဆိုပါ Stand for LEAP ပြိုင်ပွဲအား ဒီဇင်ဘာလ(၂၅) ရက်တွင် နံနက် ၁၀ နာရီ မှ ည ၇ နာရီအထိ Myanmar Plaza (Promotion Area) ၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲဝင်လိုသူများအနေဖြင့် လာမည့် ဒီဇင်ဘာလ (၂၃) ရက် နောက်ဆုံးထား၍ https://tinyurl.com/ywsh23kr တွင် Register ပြုလုပ်၍ စာရင်းသွင်းနိုင်သည့်အပြင် မြန်မာပလာဇာ Ground Floor တွင် ခင်းကျင်းပြသထားသော Leapmotor Mall Display Showroom တွင်လည်း Register ပြုလုပ်နိုင်ကြောင်း သိရသည်။
ပြိုင်ပွဲဝင်များသည် နံနက် ၁၀ နာရီ မှ ည ၇ နာရီထိ (၉)နာရီကြာ ကားရှိ Sticker နှင့်ကပ်၍ မတ်တပ်ရပ်ကာနေရမည်ဖြစ်ပြီး အနိုင်ရရှိသူအနေဖြင့် ငွေသား ကျပ်သိန်း (၅၀) (သို့မဟုတ်) Leapmotor T03 EV Brandnew လျှပ်စစ်ကားသစ်ကို ကျပ်သိန်း ၂၅၀ ကျော်ဖြင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လျှပ်စစ်ကား Leapmotor T03 EV Brandnew သည် လက်ရှိ EV Car ဈေးကွက်၌ လူစိတ်ဝင်စားမှုများ သော ကားဖြစ်ပြီး ကာလတန်ဖိုးအနေဖြင့် ငွေကျပ်သိန်း (၆၀၀) ဝန်းကျင်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စက်သုံးဆီတင်သွင်းသော ကုမ္ပဏီများကို အမေရိကန်ဒေါ်လာ (၁၂)သန်းကျော် ထပ်မံရောင်းပေးမည်ဟု ဗဟိုဘဏ်ကြေညာ
RELATED POSTS
21 Sep 2024 | အထွေထွေ,ပြည်တွင်း
21 Sep 2024 | အထွေထွေ,နိုင်ငံတကာ
20 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း