Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အမေရိကန်သမ္မတ လက်မှတ်ရေးထိုးလိုက်တဲ့ NDAA ကို လုံးဝဆန့်ကျင်ကြောင်း တရုတ်အစိုးရဆို

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၂၄

အမေရိကန်အစိုးရရဲ့ အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့် အက်ဥပဒေ (NDAA) ကို လုံးဝဆန့်ကျင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဥပဒေအဖြစ် အတည်ပြုနိုင်အောင် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်လက်မှတ်ရေးထိုးလိုက်တဲ့ NDAA အပေါ်ကျေနပ်နှစ်သက်မှုမရှိသလိုပြင်းထန်စွာကန့်ကွက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

အမေရိကန်ရဲ့ကာကွယ်ရေးအသုံးစရိတ်ကို အမေရိကန်ဒေါ်လာ (၈၅၈)ဘီလျံကျော်အထိ သုံးစွဲခွင့်ပြုထားတဲ့ NDAA မှာ ထိုင်ဝမ်ကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးရေးအတွက် အမေရိကန်ဒေါ်လာ (၁ဝ)ဘီလျံကူညီပေးမယ့် အစီအစဉ်လည်းပါဝင်လျက်ရှိနေကြောင်းသိရပါတယ်။

ထိုင်ဝမ်ကို လုံခြုံရေးအကူအညီများ ပံ့ပိုးပေးခြင်းဟာ ထိုင်ဝမ်ရေလက်ကြားရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို အကြီးအကျယ်ထိခိုက်ဖွယ်ရှိနေကြောင်း တရုတ်အစိုးရကဝေဖန်ထားပါတယ်။

တရုတ်အစိုးရက ထိုင်ဝမ်ဟာ ၎င်းတို့ပိုင်နက်ဖြစ်ပြီး ထိုင်ဝမ်ကိုပြန်လည်ထိန်းချုပ်နိုင်ဖို့ လိုအပ်မယ်ဆိုရင် အင်အားသုံးမှာဖြစ်ကြောင်း သတိပေးပြောဆိုဖူးပါတယ်။

NDAA အက်ဥပဒေထဲမှာ တရုတ်ကုမ္ပဏီများထုတ်လုပ်တဲ့ ကွန်ပျူတာသုံး chips များ ဝယ်ယူနေတဲ့အမေရိကန်အစိုးရရဲ့ဝယ်ယူမှုတွေကိုလည်း ကန့်သတ်သွားဖွယ်ရှိနေကြောင်းသိရပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက "တရုတ်နိုင်ငံရဲ့ခြိမ်းခြောက်မှုကို ချဲ့ကားပြောဆိုပြီးဖြစ်ရပ်မှန်ကို အမေရိကန်အစိုးရက မသိကျိုးကျွံပြုနေတယ်။ အမေရိကန်အစိုးရဟာ တရုတ်နိုင်ငံရဲ့ပြည်တွင်းရေးကို ကြားဝင်စွက်ဖက်ဖို့ လိုလားနေတယ်။ တရုတ်ကွန်မြူနစ်ပါတီအပေါ် နိုင်ငံရေးအရ ရန်စမှုတွေ၊ တိုက်ခိုက်မှုတွေလုပ်ဖို့ စီစဉ်ထားတာဖြစ်တယ်"လို့ပြောပါတယ်။

ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး တရုတ်နဲ့ အမေရိကန်နိုင်ငံကြားတင်းမာမှုအရှိန်မြင့်တက်ခဲ့ကြောင်း ၊ ထိုင်ဝမ်ကို အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုစီလာရောက်ခဲ့ပြီးနောက်ပိုင်း တရုတ်နဲ့အမေရိကန်နိုင်ငံကြား ဆက်ဆံရေးအဖုအထစ်များ ပိုမိုဖြစ်လာခဲ့ကြောင်းသိရပါတယ်။

 zawgyi version

အေမရိကန္သမၼတ လက္မွတ္ေရးထိုးလိုက္တဲ့ NDAA ကို လုံးဝဆန႔္က်င္ေၾကာင္း တ႐ုတ္အစိုးရဆို

ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၂၄

အေမရိကန္အစိုးရရဲ႕ အမ်ိဳးသားကာကြယ္ေရး လုပ္ပိုင္ခြင့္ အက္ဥပေဒ (NDAA) ကို လုံးဝဆန႔္က်င္ေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ဥပေဒအျဖစ္ အတည္ျပဳႏိုင္ေအာင္ အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္လက္မွတ္ေရးထိုးလိုက္တဲ့ NDAA အေပၚေက်နပ္ႏွစ္သက္မႈမရွိသလိုျပင္းထန္စြာကန႔္ကြက္ေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္လိုက္ပါတယ္။

အေမရိကန္ရဲ႕ကာကြယ္ေရးအသုံးစရိတ္ကို အေမရိကန္ေဒၚလာ (၈၅၈)ဘီလ်ံေက်ာ္အထိ သုံးစြဲခြင့္ျပဳထားတဲ့ NDAA မွာ ထိုင္ဝမ္ကို စစ္လက္နက္ပစၥည္းမ်ား ကူညီေထာက္ပံ့ေပးေရးအတြက္ အေမရိကန္ေဒၚလာ (၁ဝ)ဘီလ်ံကူညီေပးမယ့္ အစီအစဥ္လည္းပါဝင္လ်က္ရွိေနေၾကာင္းသိရပါတယ္။

ထိုင္ဝမ္ကို လုံၿခဳံေရးအကူအညီမ်ား ပံ့ပိုးေပးျခင္းဟာ ထိုင္ဝမ္ေရလက္ၾကားရဲ႕ ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္ေရးကို အႀကီးအက်ယ္ထိခိုက္ဖြယ္ရွိေနေၾကာင္း တ႐ုတ္အစိုးရကေဝဖန္ထားပါတယ္။

တ႐ုတ္အစိုးရက ထိုင္ဝမ္ဟာ ၎တို႔ပိုင္နက္ျဖစ္ၿပီး ထိုင္ဝမ္ကိုျပန္လည္ထိန္းခ်ဳပ္ႏိုင္ဖို႔ လိုအပ္မယ္ဆိုရင္ အင္အားသုံးမွာျဖစ္ေၾကာင္း သတိေပးေျပာဆိုဖူးပါတယ္။ NDAA အက္ဥပေဒထဲမွာ တ႐ုတ္ကုမၸဏီမ်ားထုတ္လုပ္တဲ့ ကြန္ပ်ဴတာသုံး chips မ်ား ဝယ္ယူေနတဲ့အေမရိကန္အစိုးရရဲ႕ဝယ္ယူမႈေတြကိုလည္း ကန႔္သတ္သြားဖြယ္ရွိေနေၾကာင္းသိရပါတယ္။

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက "တ႐ုတ္ႏိုင္ငံရဲ႕ၿခိမ္းေျခာက္မႈကို ခ်ဲ႕ကားေျပာဆိုၿပီးျဖစ္ရပ္မွန္ကို အေမရိကန္အစိုးရက မသိက်ိဳးကြၽံျပဳေနတယ္။ အေမရိကန္အစိုးရဟာ တ႐ုတ္ႏိုင္ငံရဲ႕ျပည္တြင္းေရးကို ၾကားဝင္စြက္ဖက္ဖို႔ လိုလားေနတယ္။ တ႐ုတ္ကြန္ျမဴနစ္ပါတီအေပၚ ႏိုင္ငံေရးအရ ရန္စမႈေတြ၊ တိုက္ခိုက္မႈေတြလုပ္ဖို႔ စီစဥ္ထားတာျဖစ္တယ္"လို႔ေျပာပါတယ္။

ထိုင္ဝမ္အေရးနဲ႔ပတ္သက္ၿပီး တ႐ုတ္နဲ႔ အေမရိကန္ႏိုင္ငံၾကားတင္းမာမႈအရွိန္ျမင့္တက္ခဲ့ေၾကာင္း ၊ ထိုင္ဝမ္ကို အေမရိကန္ ေအာက္လႊတ္ေတာ္ဥကၠ႒ နန္စီပီလိုစီလာေရာက္ခဲ့ၿပီးေနာက္ပိုင္း တ႐ုတ္နဲ႔အေမရိကန္ႏိုင္ငံၾကား ဆက္ဆံေရးအဖုအထစ္မ်ား ပိုမိုျဖစ္လာခဲ့ေၾကာင္းသိရပါတယ္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကုလသမဂ္ဂအကြီးတန်းအရာရှိတစ်ဦးကို ဘာကီနာဖာဆို အစိုးရ နှင်ထုတ်

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved