တရုတ်နိုင်ငံတွင် အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး လူ(၁၂ဝ)နီးပါး သေဆုံး
Pika (NSS) - ဒီဇင်ဘာ ၁၉
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းတွင် ဒီဇင်ဘာလ(၁၈)ရက် ညပိုင်းက အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့ခြင်းကြောင့် အဆောက်အဦးများပြိုကျခဲ့ပြီး အနည်းဆုံးလူ(၁၂ဝ)နီးပါး သေဆုံးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ဒီဇင်ဘာလ(၁၉)ရက်တွင် ဖော်ပြခဲ့သည်။
ကယ်ဆယ်ရေးသမားများသည် အေးခဲနေသည့်အခြေအနေများတွင် အဆောက်အဦးအပျက်အစီးများကို တူးဖော် ကာ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။ အဆိုပါငလျင်လှုပ်ခတ်မှု ကြောင့် ဂန်ဆူပြည်နယ်တွင် အနည်းဆုံးလူ(၁ဝ၅)ဦးသေဆုံးခဲ့ပြီး၊ အခြားလူ(၄ဝဝ)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း ဒေသတွင်းတာဝန်ရှိသူများက ပြောကြားခဲ့သည်။
ထို့အပြင် အိမ်နီးချင်းကွင်ဟိုင်းပြည်နယ် ဟိုင်ဒေါင်မြို့တွင် အနည်းဆုံးလူ(၁၃)ဦးသေဆုံးခဲ့ပြီး အခြားလူ(၁ဝဝ) ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း CCTV သတင်းဌာနက ဖော်ပြခဲ့သည်။ ငလျင်လှုပ်ခတ်မှုကြောင့် နေအိမ်အများ အပြား ပြိုကျပျက်စီးခဲ့ပြီး လူအများအပြားသည် ဘေးလွတ်ကင်းရာ လမ်းမများပေါ်သို့ထွက်ပြေးခဲ့ရကြောင်း ဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
အသက်(၃ဝ)နှစ်အရွယ် အမျိုးသမီးတစ်ဦးက "ကျွန်မ အတော်ကို ကြောက်သွားခဲ့တာပါ။ ကျွန်မလက်တွေနဲ့ ခြေထောက်တွေက အခုထိတုန်နေတုန်းပါပဲ။ ကျွန်မ ကလေးကိုချီပြီးတော့ အိမ်ထဲကနေ ပြေးထွက်လိုက်ချိန်မှာပဲ အဆောက်အဦးတွေ လှုပ်ခါရမ်းနေပြီး ပြိုကျပျက်စီးသွားတာတွေကို တွေ့ခဲ့ရပါတယ်" ဟု ပြောခဲ့သည်။
ကယ်ဆယ်ရေးလုပ်ငန်းများကို ဒီဇင်ဘာလ(၁၉)ရက် နံနက်ပိုင်းအထိ ဆက်လက်လုပ်ဆောင်နေပြီး ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများကို အစွမ်းကုန်ကြိုးပမ်းလုပ်ဆောင်ကြရန်နှင့် အမြင့်ပိုင်းဧရိယာများတွင် အပူချိန်များ အလွန်ကျဆင်းနေပြီး ကယ်ဆယ်ရေးသမားများသည် နောက်ဆက်တွဲဘေးအန္တရာယ်များကို သတိထားသင့် ကြောင်း တရုတ်သမ္မတရှီကျင့်ဖျင့်က တိုက်တွန်းခဲ့ပြောကြားခဲ့သည်။
အဆိုပါငလျင်သည် ပြင်းအား (၅ ဒသမ ၉) မဂ္ဂနီကျုရှိပြီး ကွင်ဟိုင်းပြည်နယ် နယ်စပ်နှင့်နီးသော ဂန်ဆူပြည်နယ်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ဘူမိဗေဒလေ့လာရေးဌာနက ပြောကြားခဲ့သည်။
ထို့အပြင် ငလျင်ဗဟိုချက်သည် ဂန်ဆူပြည်နယ်မြို့တော် Lanzhou ၏ အနောက်မြောက်ဘက် ကီလိုမီတာ (၁ဝဝ)ခန့်အကွာတွင် တည်ရှိကြောင်း အမေရိကန်ဘူမိဗေဒလေ့လာရေးဌာနက ထုတ်ပြန်ခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်း၌ ရာနှုန်းပြည့်ပြီးစီးရန်ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်-ဒလမြစ်ကူးတံတားစီမံကိန်း (၆၃)ရာခိုင်နှုန်းကျော်ပြီးစီး
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း