Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
စစ်မှုထမ်းရန် အတင်းအကြပ်စေခိုင်းခံခဲ့ရသူများက စစ်မြေပြင်တွင် ကောင်းမွန်စွာစွမ်းဆောင်နိုင်ခြင်းမျိုးမရှိကြောင်း ယူကရိန်းထောက်လှမ်းရေးအကြီးအကဲ ဝန်ခံပြောဆို

Pika (NSS) - ဒီဇင်ဘာ ၁၈ 

စစ်မှုထမ်းရန် အတင်းအကြပ်စေခိုင်းခံခဲ့ရသော ယူကရိန်းနိုင်ငံသားများသည် ရှေ့တန်းစစ်မြေမျက်နှာပြင်တွင် ကောင်းမွန်စွာ စွမ်းဆောင်နိုင်ခြင်းမျိုးမရှိကြကြောင်း ယူကရိန်း၏ စစ်ဘက်ဆိုင်ရာထောက်လှမ်းရေးအကြီးအကဲ ကီရေးဘူဒါနော့ဗ်က ဝန်ခံပြောဆိုခဲ့သည်။

သို့သော်လည်း ယူကရိန်းနိုင်ငံတွင် စစ်မှုထမ်းရန်အတွက် လူသစ်စုဆောင်းမှုများကို ဆက်လက်လုပ်ဆောင်ရမည် ဖြစ်ပြီး စစ်သားသစ်စုဆောင်းခြင်းမှ မည်သူကမှ လွတ်မြောက်နိုင်မည်မဟုတ်ကြောင်း ၎င်းက သတိပေးခဲ့သည်။ ၂ဝ၂၄ ခုနှစ် စိန်ခေါ်မှုများနှင့်အလားအလာများ ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတစ်ခုအတွင်း ကီရေးဘူဒါနော့ဗ်က ယခုကဲ့သို့ မှတ်ချက်ပြုပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ထို့အပြင် ယူကရိန်းစစ်တပ်တွင် အတင်းအကြပ်စစ်မှုထမ်းစေခိုင်းရန် စိတ်ကူးကို ကီရေးဘူဒါနော့ဗ်က ကျောထောက်နောက်ခံပြုခဲ့ကြောင်းလည်း သိရသည်။ အဆိုပါအချက်သည် ယူကရိန်းစစ်တပ်တွင်ရှိသော စစ်သား အရေအတွက်ကို ဆက်လက်ထိန်းသိမ်းထားနိုင်မည့် တစ်ခုတည်းသောနည်းလမ်းဖြစ်ကြောင်း ကီရေးဘူဒါနော့ဗ် က ပြောခဲ့သည်။

၎င်းက "စစ်သားသစ်စုဆောင်းခြင်းကနေ လွတ်မြောက်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ လက်ရှိအချိန်မှာ ယူကရိန်း စစ်တပ်မှာ လူပေါင်း(၁ ဒသမ ၁) သန်းခန့် တာဝန်ထမ်းဆောင်နေပါတယ်။ လက်တွေ့မှာတော့ အရာအားလုံးကို လုပ်ဆောင်ဖို့ဆန္ဒရှိတဲ့လူမျိုးတွေ ကျွန်တော်တို့မှာ မရှိပါဘူး။ ကျွန်တော်ပြောချင်တာက တိုက်ပွဲအကြောင်း မဟုတ်ပါဘူး။ ယူကရိန်းနိုင်ငံသားအများစုဟာ လက်နက်ကိုင်တပ်ဖွဲ့တွေကို ရှေ့တန်းစစ်မြေမျက်နှာပြင်ရဲ့ အဝေးကနေ ကူညီပံ့ပိုးမှုတွေလုပ်ဆောင်ပေးတာမျိုးကိုပဲ သဘောကျကြပါတယ်" ဟု ပြောခဲ့သည်။

၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှား-ယူကရိန်း ပဋိပက္ခစတင်ဖြစ်ပွားခဲ့ပြီးနောက်မကြာမီ ယူကရိန်းအစိုးရသည် စစ်သားသစ်စုဆောင်းမှုများကို စတင်လုပ်ဆောင်ခဲ့ပြီး အသက်(၁၈)နှစ်မှ (၆ဝ)နှစ်ကြားရှိ အမျိုးသားအများစုကို နိုင်ငံအတွင်းမှ ထွက်ခွာခြင်းအား တားမြစ်ပိတ်ပင်ခဲ့ကြောင်း သိရသည်။

သို့သော်လည်း အကျင့်ပျက်ခြစားမှုများနှင့် စစ်မှုထမ်းခြင်းမှ လွတ်မြောက်ရန် ရှောင်တိမ်းမှုများကြောင့် စစ်မှုထမ်း ခြင်းလုပ်ငန်းများတွင် အခက်အခဲများ နှင့် ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။ ထို့အပြင် နောက်ထပ် စစ်သားသစ် စုဆောင်းရန် လုပ်ငန်းစဉ်များသည် ရှုပ်ထွေးမှုများရှိလာနိုင်ကြောင်း ယူကရိန်းသမ္မတဇီလန်စကီး၏ ထိပ်တန်း လက်ထောက်တစ်ဦးဖြစ်သည့် မီခေးလ်ပိုဒိုလိယက်ခ်က ယခုလအစောပိုင်းတွင် ဝန်ခံပြောဆိုခဲ့သည်။

ယူကရိန်းအစိုးရသည် စစ်သားသစ်စုဆောင်းရန် ဆွဲဆောင်မှုများအတွက် ၎င်း၏ ဝါဒဖြန့်မှုအပိုင်းကို ပိုမိုအရှိန်မြှင့်ရန်လည်း လိုအပ်ကြောင်း မီခေးလ်ပိုဒိုလိယက်ခ်က အကြုံပြုခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရန်ကုန်မြို့လယ်ရှိ ဘာသာရေးကျောင်း၌ ကျောင်းသားကလေးငယ်များအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခဲ့သူ (၂)ဦးထွက် ပြေးလွတ်မြောက်နေ

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved