နေတိုးအဖွဲ့ကိုတိုက်ခိုက်ဖို့ အစီအစဉ်လည်းမရှိသလို စိတ်လည်းမဝင်စားကြောင်း ရုရှားသမ္မတပြော
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၁၇
ရုရှားသမ္မတပူတင်ဟာ နေတိုးအဖွဲ့ကို ရုရှားနိုင်ငံတိုက်ခိုက်ဖို့ စီစဉ်နေတယ်ဆိုတဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ရဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး တုံ့ပြန်ဝေဖန်ခဲ့ကြောင်းသိရပါတယ်။
အမေရိကန်သမ္မတက ရုရှားနိုင်ငံဟာ နေတိုးမဟာမိတ်အဖွဲ့ကိုတိုက်ခိုက်ဖို့ စီစဉ်နေကြောင်း မကြာသေးမီက ထုတ်ဖော်ပြောဆိုခဲ့ကြောင်း သိရပါတယ်။ ဒါပေမယ့် ရုရှားသမ္မတပူတင်က နေတိုးအုပ်စုကို တိုက်ခိုက်ဖို့ စီစဉ်နေတယ်ဆိုတဲ့ပြောဆိုချက်တွေက အခြေအမြစ်မရှိကြောင်း၊ ရုရှားနိုင်ငံဟာ နေတိုးမဟာမိတ်အုပ်စုကို တိုက်ခိုက်ဖို့ စိတ်မဝင်စားကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အမေရိကန်သမ္မတက ရုရှားဟာ ယူကရိန်းစစ်ပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် မကြာမီ နေတိုးအုပ်စုကို တိုက်ခိုက်ဖွယ် ရှိနေတယ်လို့ပြောဆိုခဲ့ပေမယ့် တိကျတဲ့သက်သေပြနိုင်ခြင်းမျိုး မရှိခဲ့ကြောင်း သိရပါတယ်။
ရုရှားသမ္မတ က "အခြေမြစ်လုံးဝမရှိတဲ့ ပြောဆိုချက်တွေပါ။ အမေရိကန်သမ္မတဟာ ရုရှားနိုင်ငံအပေါ်ထားရှိတဲ့ သူရဲ့မှားယွင်းတဲ့မူဝါဒတွေကို ကာကွယ်နိုင်ဖို့အတွက် ကြိုးပမ်းနေတာမျိုးဖြစ်တယ်။ ရုရှားနိုင်ငံဟာ နေတိုးအဖွဲ့ကို တိုက်ခိုက်ရမယ့်အကြောင်းလည်းမရှိသလို တိုက်ခိုက်ဖို့လည်း စိတ်မဝင်စားဘူး" လို့ ပြောပါတယ်။
ရုရှားနဲ့ ယူကရိန်းနိုင်ငံကြား စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း ရုရှားနဲ့ အမေရိကန်ဦးဆောင်တဲ့နေတိုးအုပ်စုကြား တင်းမာမှုအရှိန် ပိုမိုမြင့်တက်လာခဲ့ပြီး နေတိုးအုပ်စုနဲ့ ဥရောပသမဂ္ဂတို့ဟာ ရုရှားနိုင်ငံအပေါ် ပိတ်ဆို့မှုအမျိုးမျိုး ချမှတ်ခဲ့ကြောင်း သိရပါတယ်။ ရုရှားဟာ ပိတ်ဆို့မှုအမျိုးမျိုးခံခဲ့ရပေမယ့် စီးပွားရေးထိခိုက်တာမျိုး မရှိခဲ့သလို ယူကရိန်းစစ်ပွဲမှာ အရေးနိမ့်တာမျိုးလည်း မရှိခဲ့ပါဘူး။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(၈)လတာကာလအတွင်း ပြည်ပသို့ ငါး၊ ပုစွန် နှင့် ရေထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာသန်း (၅ဝဝ)နီးပါး ရရှိ ထား
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း