ဥပဒေရေးရာဝန်ကြီးဌာနနှင့် ဥပဒေရုံးအဆင့်ဆင့်တို့တွင် ဥပဒေအရာရှိ (၆၀)ဦး ခန့်အပ်သွားရန် ပြင်ဆင်နေ
စော (NSS) - ဒီဇင်ဘာ ၁၅
ဥပဒေရေးရာဝန်ကြီးဌာန နှင့် ဥပဒေရုံးအဆင့်ဆင့်တို့တွင် ဥပဒေအရာရှိအဆင့်(၄)ရာထူးဖြင့် ဝန်ထမ်း (၆၀)ဦး ခန့်အပ်သွားရန် ပြင်ဆင်နေကြောင်း သိရသည်။
ဥပဒေရေးရာဝန်ကြီးဌာနက ယနေ့(ဒီဇင်ဘာလ ၁၅ ရက်)တွင် အထက်ပါကဲ့သို့ ကြေညာထားခြင်းဖြစ်သည်။
အဆိုပါရာထူးနေရာအတွက် အမျိုးသား (၃၀)ဦး နှင့် အမျိုးသမီး (၃၀)ဦး စုစုပေါင်း(၆၀)ဦးကို ခန့်အပ်သွားမည်ဖြစ်ပြီး အနိမ့်ဆုံး ပညာအရည်အချင်းအဖြစ် ဥပဒေဘွဲ့(LL.B) ရရှိပြီး သူဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။
လျှောက်ထားလိုသူများအနေဖြင့် စာမေးပွဲဝင်ကြေးကို မြို့နယ်များရှိ သက်ဆိုင်ရာ မြန်မာ့စီးပွားရေးဘဏ်ခွဲများ၌ မြို့နယ်ဥပဒေရုံးငွေစာရင်းခေါင်းစဉ်နှင့် ရန်ကုန်မြို့တွင် မြန်မာ့ဘဏ်ခွဲ (၅)၌ ငွေစာရင်းအမှတ် အမ်ဒီ - ၀၂၃၅၆၆ တို့ကို ပေးသွင်းရမည်ဖြစ် ကြောင်း သိရသည်။ထို့ပြင် လျှောက်လွှာပုံစံတစ်စောင်ကို စာမေးပွဲအတွက် ငွေသွင်းချလန်မူရင်းပြ၍ ခရိုင်ဥပဒေရုံးများတွင် ငွေကျပ် (၁၀၀၀)ဖြင့် ဝယ်ယူရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လျှောက်လွှာများကို မိမိတို့ လျှောက်လွှာထုတ်ယူခဲ့သည့် ခရိုင်ဥပဒေရုံးသို့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက် နောက်ဆုံးထား၍ လူကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်ဖြင့်ဖြစ်စေ ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
စာမေးပွဲအောင်မြင်သူများကိုသာ လူတွေ့စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဒီဇင်ဘာလ ၁၅ ရက်အတွက် ပြည်တွင်းနှင့် ပြည်ပက သတင်းထူးများ
RELATED POSTS
21 Sep 2024 | အထွေထွေ,ပြည်တွင်း
21 Sep 2024 | အထွေထွေ,နိုင်ငံတကာ
20 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း