Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာစီးပွားရေးလုပ်ငန်းရှင် ထွန်းမင်းလတ်နှင့်ဆက်နွယ်သည့် ထိုင်းလွှတ်တော်အမတ်ကို ငွေကြေးခဝါချမှု အပါအဝင် အခြားစွဲချက်များဖြင့် ထိုင်းအစိုးရတရားစွဲ

Pika (NSS) - ဒီဇင်ဘာ ၁၅ 

ထိုင်းအစိုးရရှေ့နေများသည် ငွေကြေးခဝါချမှု၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်အဖွဲ့အစည်းများကို ကူညီထောက်ပံ့မှုဖြင့် အထက်လွှတ်တော်အမတ် Upakit Pachariyangkun ကို ဒီဇင်ဘာလ(၁၄)ရက်က ရာဇဝတ်တရားရုံးတွင် တရားစွဲဆိုမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ရှေ့နေချုပ်ရုံး(OAG) သည် Upakit Pachariyangkun ကို ငွေကြေးခဝါချမှု၊ နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုဆိုင်ရာ အဖွဲ့အစည်းတွင် ပါဝင်မှု၊ တရားမဝင် မူးယစ်ဆေးဝါးကွန်ရက်တွင် ပူးပေါင်းကူညီမှု (သို့မဟုတ်) ပူးပေါင်းပါဝင်မှုတို့ ဖြင့် စွဲချက်တင်ခဲ့ပြီးနောက် ယခုကဲ့သို့  တရားစွဲဆိုမှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အထက်လွှတ်တော်အမတ် Upakit Pachariyangkun သည် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု၊ ငွေကြေး ခဝါချမှုတို့ဖြင့် ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် ဖမ်းဆီးခံခဲ့ရသော မြန်မာနိုင်ငံသားဦးထွန်းမင်းလတ် နှင့် ဆက်ဆံ ရေးများရှိသည်ဟု စွပ်စွဲခံခဲ့ရကြောင်းလည်း သိရသည်။

Upakit Pachariyangkun သည် ၎င်း၏ ရှေ့နေနှင့်အတူ ဒီဇင်ဘာလ(၁၄)ရက်တွင် တရားရုံးသို့ရောက်ရှိလာခဲ့ပြီး စွဲချက်အားလုံးကို ငြင်းဆန်ပယ်ချခဲ့ကြောင်းလည်း သိရသည်။ OAG ပြောရေးဆိုခွင့်ရှိသူ Prayut Phetkhun က "အစိုးရရှေ့နေတွေဟာ Upakit Pachariyangkun ကို တရားမဝင်မူးယစ်ဆေးဝါးများကွန်ရက်တွင် ပါဝင်မှု၊ ကတ်တမင်းဆေးပြားများ တရားမဝင်လက်ဝယ်ထားရှိမှု၊ ငွေကြေးခဝါချမှု၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်အဖွဲ့အစည်း များတွင် ပါဝင်မှုနဲ့ အခြားဆက်စပ်အမှုတွေ အပါအဝင် ပြစ်မှု(၆)မှုနဲ့ တရားစွဲဆိုထားပါတယ်။ ဒီအမှုကို တရားရုံးက လက်ခံခဲ့ပြီး လာမယ့်နှစ်မေလ(၁၃)ရက်မှာ သက်သေတွေကို စစ်ဆေးဖို့ စီစဉ်ထားပါတယ်" ဟု ပြောခဲ့သည်။

ပြီးခဲ့သည့်မတ်လ(၁၇)ရက်တွင် အသက်(၆၁)နှစ်အရွယ် Upakit Pachariyangkun သည် ၎င်းကို မြန်မာနိုင်ငံသား ဦးထွန်းမင်းလတ်နှင့်ဆက်စပ်သည်ဟု ပြောဆိုခဲ့သော ရှေ့သို့ချီပါတီလွှတ်တော်အမတ် Rangsiman Rome ၏ ပြောဆိုချက်များကို တုံ့ပြန်ပြောဆိုရန်အတွက် သတင်းစာရှင်းလင်းပွဲတစ်ခုကို ကျင်းပခဲ့ကြောင်းလည်း သိရသည်။

ထိုင်း-မြန်မာနယ်စပ်တွင် လည်ပတ်နေသော လျှပ်စစ်ဓါတ်အားပေးဝေရေးလုပ်ငန်းမှတစ်ဆင့် မူးယစ်ဆေးဝါး ရောင်းဝယ်မှုများလုပ်ကာ ငွေကြေးခဝါချမှုများ လုပ်ခဲ့သည်ဆိုသည့် စွပ်စွဲချက်များကို  Upakit Pachariyangkun က ငြင်းဆိုခဲ့ကြောင်းလည်း သိရသည်။ 

OAG သည် Upakit Pachariyangkun ၏ အမှုကို စစ်ဆေးရန်အတွက် အကြီးတန်းအစိုးရရှေ့နေ Watcharin Phanurat ဦးဆောင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ အဆိုပါအဖွဲ့မှ တွေ့ရှိချက်များ ကို တာဝန်ခံရှေ့နေများထံ တင်ပြကာ OAG ကို အစီရင်ခံစာတင်ပြခဲ့ပြီးနောက် စွဲချက်တင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ပြီးခဲ့သည့်လတွင် မူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့(ONCB) သည် မူးယစ်ဆေးဝါးကွင်းဆက်များတွင် ပါဝင်မှု၊ ငွေကြေးခဝါချမှုများကဲ့သို့သော စွပ်စွဲချက်များနှင့် ဆက်စပ်နေသော Upakit Pachariyangkun ၏ ပိုင်ဆိုင်မှု ဘတ်(၂၈၅) သန်းကို သိမ်းဆည်းခဲ့ကြောင်း သိရသည်။ ထို့အပြင် နိုဝင်ဘာလ(၃ဝ)ရက်တွင် (ONCB) သည် ဘတ်(၄၇၆ ဒသမ ၆) သန်း တန်ဖိုးရှိ နောက်ထပ်ပိုင်ဆိုင်မှုများကို ထပ်မံသိမ်းဆည်းခဲ့ကြောင်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရန်ကုန်တိုင်းရှိ မြို့နယ်(၂)ခု၌ မနက်ဖြန် ယာယီဓာတ်အားပြတ်တောက်မည်

RELATED POSTS
RECENT POSTS
မနက်ဖြန်မှစ၍ စားအုန်းဆီ အိမ်အရောက်ပို့သည့်စနစ်၌ ဆီပိဿာချိန် နှင့် သယ်ယူပို့ဆောင်ခ အနည်းငယ် ပြောင်းလဲမည်
22 Sep 2024
ဒါဇင်နဲ့ချီတဲ့ အစ္စရေးစစ်လေယာဉ်တွေက လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ကြီးမားတဲ့လေကြောင်း တိုက်ခိုက်မှု ပြုလုပ်
22 Sep 2024
ဒုတိယအကြိမ်မြောက်စကားစစ်ထိုးပွဲ လုပ်ဆောင်ဖို့အတွက် ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်ရဲ့ တောင်းဆိုမှုကို ဒေါ်နယ်ထရမ့် ငြင်းဆန်ပယ်ချ
22 Sep 2024
နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၃ဝ ဘီလျံ သုံးစွဲရန် လျာထား
22 Sep 2024
မန္တလေးနဲ့ ငါးမိုင်အကွာက PDF အသိုက်ကို တပ်မတော် ဝင်ရှင်းပြီ၊ ထုတ်ပြန်ချက်အပြီးမှာ MNDAA တို့ စစ်သား အဓမ္မစုဆောင်းမှုလုပ်နေပြီ၊ ရထားရဲကို ရက်ရက်စက်စက် သတ်ခဲ့သူ ငါးဦးက နိုင်ငံရေးသမား/ဒီမိုကရေစီသမားတွေတဲ့လား၊ ရခိုင်မှာ အရက်ဘီယာ မရောင်းရဆိုတဲ့ AA (၂၁-၉-၂ဝ၂၄)
22 Sep 2024
ဂျပန်နိုင်ငံအလယ်ပိုင်း၊ အိုက်ရှီကာဝါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ပျောက်ဆုံး သေဆုံးသူများရှိနေ
22 Sep 2024
မိုးကုတ်-မိုးမိတ်မှာ သပြေပန်းတွေ အစွမ်းပြပြီ၊ တောင်ဒဂုံ အုပ်ကြီးတို့ သတ်ဖြတ်ခံရမှု နဲ့ အုပ်ကြီးတို့ သတိပြုစရာများ၊ KIA ၊ PDF ဖျက်ဆီးတဲ့ သင်္ဘော (၆) စင်း နဲ့ ဖားကန့် တိုက်ပွဲ၊ ရေ‌ဘေး သေဆုံး ပျက်စီးမှုစာရင်း (၂ဝ-၉-၂ဝ၂၄)
21 Sep 2024
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved