M23 သူပုန်များ ကွန်ဂိုနိုင်ငံ အရှေ့ပိုင်းရှိ အဓိကနေရာမှ ဆုတ်ခွာရန် ကတိပြု
ရောင်နီ (NP News) - ဒီဇင်ဘာ ၂၄
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ(DRC) အရှေ့ဘက်ရှိ နယ်မြေအများအပြားကို သိမ်းပိုက်ထားတဲ့ M23 သူပုန်အုပ်စုဟာ ဗျူဟာမြောက် ရှေ့တန်းနေရာမှ ဆုတ်ခွာသွားမည်ဖြစ်ကြောင်း ကတိပြုထားပါတယ်။
သောကြာနေ့(ဒီဇင်ဘာလ ၂၃ ရက်)က ထုတ်ပြန်ချက်တစ်ခုမှာ M23 သူပုန်များဟာ ၎င်းတို့ ၂ဝ၁၂ ခုနှစ်က ပထမဆုံးသော ပုန်ကန်မှုကြီးအတွင်း သိမ်းပိုက်ခဲ့တဲ့ လူတစ် သန်းကျော်နေထိုင်ရာ စီးပွားရေးအချက်အချာ၊ ဂိုမာမှ ကီလိုမီတာ ၂ဝ (၁၂ မိုင်) ခန့်အကွာရှိ ကီဘမ်ဘာမြို့မှ ဆုတ်ခွာမည်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
ကီဘမ်ဘာ ဟာ M23 နဲ့ Congolese တပ်ဖွဲ့များကြားရှိ လက်ရှိ ရှေ့တန်းနေရာဖြစ်နေပြီး ဂိုမာမြို့ကို ဦးတည်တဲ့ အဓိကလမ်းမကြီးတစ်ခုပေါ်မှာ တည်ရှိပါတယ်။ အန်ဂိုလာနိုင်ငံမြို့တော် လွမ်ဒါမှာ မကြာသေးမီက ငြိမ်းချမ်းရေး ဆွေးနွေးပွဲများနဲ့အညီ အရှေ့အာဖရိက အသိုက်အဝန်းရဲ့ စစ်အင်အားကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း M23 က ဖော်ပြခဲ့ပါတယ်။
တက်ဆီဦးဆောင်တဲ့ အဖွဲ့တစ်ခုဖြစ်တဲ့ M23 သူပုန်အဖွဲ့ဟာ ယမန်နှစ်နှောင်းပိုင်းက ငြိမ်သက်နေရာမှ ပြန်လည်ပေါ်ပေါက်လာခဲ့ပြီး မြောက်ကီဗူပြည်နယ်ကို ဖြတ်ကျော်ဝင်ရောက်လာကာ ထောင်နဲ့ချီသော ပြည်သူများကို ကြောက်ရွံ့တုန်လှုပ်စေခဲ့ပါတယ်။
M23 ဟာ သေးငယ်သော ဗဟိုအာဖရိက အိမ်နီးချင်း ရဝမ်ဒါအဖွဲ့ကို ကျောထောက်နောက်ခံပြုနေတယ်လို့ DRC က ဆိုထားပြီး အခြားသော အနောက်နိုင်ငံများနဲ့ ကုလသမဂ္ဂ ကျွမ်းကျင်သူများကြား အမေရိကန်နဲ့ ပြင်သစ်တို့ကလည်း DRC ရဲ့ အကဲဖြတ်ချက်ကို သဘောတူခဲ့ပါတယ်။ ဘူရွန်ဒီနဲ့ ကင်ညာတို့ကလည်း ၎င်းတို့ရဲ့ တပ်ဖွဲ့တွေ စေလွှတ်ထားတဲ့ ဒေသတွင်း ငြိမ်းချမ်းရေး ထိန်းသိမ်းမှုမှာ ရဝမ်ဒါကို ဖယ်ထုတ်ထားပါတယ်။
အန်ဂိုလာမြို့တော် လွမ်ဒါမှာ DRC နဲ့ ရဝမ်ဒါတို့ကြား ဆွေးနွေးပွဲမှ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို နိုဝင်ဘာလ ၂၃ ရက်က အကောင်အထည်ဖော်ခဲ့ပါတယ်။ အဆိုပါ သဘောတူညီချက်အရ M23 ဟာ လက်နက်ချရဖို့ ရည်ရွယ်ပြီး သိမ်းပိုက်ထားတဲ့ နယ်မြေများမှ ပြန်လည်ဆုတ်ခွာခြင်းဖြစ်တယ်လို့ ယူဆရပါတယ်။
zawgyi version
M23 သူပုန္မ်ား ကြန္ဂိုႏိုင္ငံ အေရွ႕ပိုင္းရွိ အဓိကေနရာမွ ဆုတ္ခြာရန္ ကတိျပဳ
ေရာင္နီ (NP News) - ဒီဇင္ဘာ ၂၄
ကြန္ဂိုဒီမိုကရက္တစ္သမၼတႏိုင္ငံ(DRC) အေရွ႕ဘက္ရွိ နယ္ေျမအမ်ားအျပားကို သိမ္းပိုက္ထားတဲ့ M23 သူပုန္အုပ္စုဟာ ဗ်ဴဟာေျမာက္ ေရွ႕တန္းေနရာမွ ဆုတ္ခြာသြားမည္ျဖစ္ေၾကာင္း ကတိျပဳထားပါတယ္။
ေသာၾကာေန႔(ဒီဇင္ဘာလ ၂၃ ရက္)က ထုတ္ျပန္ခ်က္တစ္ခုမွာ M23 သူပုန္မ်ားဟာ ၎တို႔ ၂ဝ၁၂ ခုႏွစ္က ပထမဆုံးေသာ ပုန္ကန္မႈႀကီးအတြင္း သိမ္းပိုက္ခဲ့တဲ့ လူတစ္ သန္းေက်ာ္ေနထိုင္ရာ စီးပြားေရးအခ်က္အခ်ာ၊ ဂိုမာမွ ကီလိုမီတာ ၂ဝ (၁၂ မိုင္) ခန႔္အကြာရွိ ကီဘမ္ဘာၿမိဳ႕မွ ဆုတ္ခြာမည္ျဖစ္ေၾကာင္း ေၾကညာခဲ့ပါတယ္။
ကီဘမ္ဘာ ဟာ M23 နဲ႔ Congolese တပ္ဖြဲ႕မ်ားၾကားရွိ လက္ရွိ ေရွ႕တန္းေနရာျဖစ္ေနၿပီး ဂိုမာၿမိဳ႕ကို ဦးတည္တဲ့ အဓိကလမ္းမႀကီးတစ္ခုေပၚမွာ တည္ရွိပါတယ္။ အန္ဂိုလာႏိုင္ငံၿမိဳ႕ေတာ္ လြမ္ဒါမွာ မၾကာေသးမီက ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲမ်ားနဲ႔အညီ အေရွ႕အာဖရိက အသိုက္အဝန္းရဲ႕ စစ္အင္အားကို လႊဲေျပာင္းေပးအပ္ခဲ့ေၾကာင္း M23 က ေဖာ္ျပခဲ့ပါတယ္။
တက္ဆီဦးေဆာင္တဲ့ အဖြဲ႕တစ္ခုျဖစ္တဲ့ M23 သူပုန္အဖြဲ႕ဟာ ယမန္ႏွစ္ေႏွာင္းပိုင္းက ၿငိမ္သက္ေနရာမွ ျပန္လည္ေပၚေပါက္လာခဲ့ၿပီး ေျမာက္ကီဗူျပည္နယ္ကို ျဖတ္ေက်ာ္ဝင္ေရာက္လာကာ ေထာင္နဲ႔ခ်ီေသာ ျပည္သူမ်ားကို ေၾကာက္႐ြံ႕တုန္လႈပ္ေစခဲ့ပါတယ္။
M23 ဟာ ေသးငယ္ေသာ ဗဟိုအာဖရိက အိမ္နီးခ်င္း ရဝမ္ဒါအဖြဲ႕ကို ေက်ာေထာက္ေနာက္ခံျပဳေနတယ္လို႔ DRC က ဆိုထားၿပီး အျခားေသာ အေနာက္ႏိုင္ငံမ်ားနဲ႔ ကုလသမဂၢ ကြၽမ္းက်င္သူမ်ားၾကား အေမရိကန္နဲ႔ ျပင္သစ္တို႔ကလည္း DRC ရဲ႕ အကဲျဖတ္ခ်က္ကို သေဘာတူခဲ့ပါတယ္။ ဘူ႐ြန္ဒီနဲ႔ ကင္ညာတို႔ကလည္း ၎တို႔ရဲ႕ တပ္ဖြဲ႕ေတြ ေစလႊတ္ထားတဲ့ ေဒသတြင္း ၿငိမ္းခ်မ္းေရး ထိန္းသိမ္းမႈမွာ ရဝမ္ဒါကို ဖယ္ထုတ္ထားပါတယ္။
အန္ဂိုလာၿမိဳ႕ေတာ္ လြမ္ဒါမွာ DRC နဲ႔ ရဝမ္ဒါတို႔ၾကား ေဆြးေႏြးပြဲမွ အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ကို ႏိုဝင္ဘာလ ၂၃ ရက္က အေကာင္အထည္ေဖာ္ခဲ့ပါတယ္။ အဆိုပါ သေဘာတူညီခ်က္အရ M23 ဟာ လက္နက္ခ်ရဖို႔ ရည္႐ြယ္ၿပီး သိမ္းပိုက္ထားတဲ့ နယ္ေျမမ်ားမွ ျပန္လည္ဆုတ္ခြာျခင္းျဖစ္တယ္လို႔ ယူဆရပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘဏ်များပြိုလဲမှုမရှိစေရေးအတွက် နိုင်ငံတော်မှထိန်းသိမ်းဆောင်ရွက်ခဲ့ရကြောင်း တပ်ချုပ်ပြော
RELATED POSTS
17 Sep 2023 | နိုင်ငံတကာ,ပြည်တွင်း
28 Aug 2023 | နိုင်ငံတကာ,ပြည်တွင်း
29 May 2023 | နိုင်ငံတကာ,ပြည်တွင်း
18 Feb 2023 | နိုင်ငံတကာ,ပြည်တွင်း