Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဘဏ်များပြိုလဲမှုမရှိစေရေးအတွက် နိုင်ငံတော်မှထိန်းသိမ်းဆောင်ရွက်ခဲ့ရကြောင်း တပ်ချုပ်ပြော

ရဲပြည့် (NP News) - ဒီဇင်ဘာ ၂၄

ဘဏ်များပြိုလဲမှုမရှိစေရေးအတွက် နိုင်ငံတော်မှထိန်းသိမ်းဆောင်ရွက်ခဲ့ရကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ဒီဇင်ဘာလ ၂၃ ရက်၌တွေ့ဆုံရာတွင် နစက ဥက္ကဋ္ဌက အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဘဏ်လုပ်ငန်းတွေအနေနဲ့ လုပ်ငန်းတွေကို မှန်မှန်ကန်ကန်နဲ့ စနစ်တကျ ဆောင် ရွက်ကြဖို့လိုတယ်။ နိုင်ငံတော်အတွက် ဘဏ်လုပ်ငန်းဟာအရေးကြီးတာမို့လို့ ဘဏ်များပြိုလဲမှုမရှိစေရေး နိုင်ငံတော်မှထိန်းသိမ်း ဆောင်ရွက်ခဲ့ရတယ်” ဟု ၎င်းကပြောသည်။

ဘဏ်လုပ်ငန်းနှင့်ပတ်သက်၍ မိမိတို့စတင်တာဝန်ယူချိန်တွင် အကြောင်းအမျိုးမျိုးကြောင့် ဘဏ်လုပ်ငန်းများ ရပ်တန့်ခဲ့ရသော်လည်း ယခုအခါဘဏ်လုပ်ငန်းများပြန် လည် လည်ပတ်လာပြီဖြစ်ကြောင်းလည်း နစက ဥက္ကဋ္ဌက ထည့်သွင်းပြောသည်။

တပ်မတော်မှ နိုင်ငံတော်အာဏာကိုစတင်ရယူခဲ့ချိန်တွင် ဘဏ်များမှ ငွေသားထုတ် ယူမှုများနှင့်ပတ်သက်ပြီး တစ်ဦးချင်းဖြစ်ပါက ငွေကျပ် သိန်း ၂ဝ ၊ ကုမ္ပဏီဖြစ်ပါက ငွေကျပ်သိန်း ၂ဝဝ စသည့် ကန့်သတ်ချက်များ၊ ATM စက်များမှာ ငွေသားထုတ်ယူ နိုင်မှုနှင့် သုံးစွဲနိုင်မှုပမာဏများကို ကန့်သတ်ခြင်းတို့ကိုလုပ်ဆောင်ခဲ့သည်။ ထို့အတွက်ကြောင့် ပြင်ပဈေးကွက်တွင် ဘဏ်မှငွေသားထုတ်ယူမှုအတွက် ရာခိုင်နှုန်းပေး ကာ ထုတ်ရသည့် အခြေအနေအထိကို ရောက်ရှိခဲ့ရသည်။

ယင်းနောက်ပိုင်းတွင် ဘဏ်များ၌ ငွေစာရင်းအသစ်ဖွင့်လှစ်ပါက ငွေသားထုတ်ယူမှုကို ကန့်သတ်တော့မည်မဟုတ်ကြောင်း ဗဟိုဘဏ်က အသိပေးကြေညာခဲ့သည်။ လက်ရှိအချိန်တွင် ငွေစာရင်းအဟောင်းများမှ ငွေသားထုတ်ယူမှုများတွင် ကန့်သတ် ချက်များ ဖြေလျော့ပေးမှုများလည်းရှိလာပြီဖြစ်သည်။

zawgyi version









Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အမေရိကန်သမ္မတ လက်မှတ်ရေးထိုးလိုက်တဲ့ NDAA ကို လုံးဝဆန့်ကျင်ကြောင်း တရုတ်အစိုးရဆို

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved