Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာနိုင်ငံရေးပြဿနာကိုဖြေရှင်းနိုင်ရေးအတွက် ထိုင်းနိုင်ငံက ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်သင့်ကြောင်း ထိုင်းဝန်ကြီးချုပ်ပြော

ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၁၃ 

မြန်မာနိုင်ငံရဲ့ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေကို ဖြေရှင်းနိုင်အောင် ကြိုးပမ်းရာမှာ ထိုင်းနိုင်ငံဟာ အဓိက အခန်းကဏ္ဍက ပါဝင်သင့်တယ်လို့ ထိုင်းဝန်ကြီးချုပ်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ 

ထိုင်းဝန်ကြီးချုပ်ဆာရက်သာတာဗီဆင်ဟာ ထိုင်းဝန်ကြီးချုပ်အဆောက်အဦးမှာ ကျင်းပတဲ့   Nikkei Asia သတင်းဌာနနဲ့ အင်တာဗျူးအစီအစဉ်မှာ အခုလိုမျိုးပြောဆိုခဲ့တာဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဆာရက်သာတာဗီဆင် က "အာဆီယံသဘောတူညီချက်ငါးချက်ကို လိုက်နာဆောင်ရွက်သွားမယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ မြန်မာနိုင်ငံနဲ့ အနီးစပ်ဆုံးရှိနေတဲ့နိုင်ငံဖြစ်တယ်။ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံနဲ့ ကီလိုမီတာ ၂ဝဝဝ ကျော် နယ်နိမိတ်ချင်းထိစပ်နေတယ်။ ဒါကြောင့် ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံရေး အငြင်းပွားမှုတွေကို စေ့စပ်ဆွေးနွေးရာမှာ ပါဝင်ဖို့ သင့်တော်မယ်လို့ထင်ပါတယ်" လို့ ပြောပါတယ်။ 


ထိုင်းဝန်ကြီးချုပ်က "မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးပြသာနာတွေက နေရာတိုင်းမှာစစ်ပွဲတွေအဖြစ် အရှိန်မြင့်တက် နေတယ်။ ဒါကြောင့် မြန်မာနိုင်ငံအတွင်းရှိ ပြည်တွင်းလက်နက်ကိုင်အဖွဲ့အစည်းတွေဟာ မူးယစ်ဆေးဝါးရောင်းချမှု ကနေ ဝင်ငွေရရှိဖို့ လိုအပ်တယ်။ ကျွန်တော်တို့ဟာ နယ်စပ်ဒေသကို ပိုမိုကောင်းမွန်စွာလုပ်ဆောင်ဖို့ လိုအပ်တယ်" လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်သူတွေနဲ့ နယ်စပ်ဖြတ်ကျော် မူးယစ်မှောင်ခိုတင်သွင်းမှုတွေကြောင့် ထိုင်းနဲ့ မြန်မာနယ်စပ်ဒေသကို ကာကွယ်ဖို့ လိုအပ်တယ်လို့လည်း ထိုင်းဝန်ကြီးချုပ် ဆာရက်သာတာဗီဆင်က ပြောပါတယ်။ မြန်မာနိုင်ငံမှာ ၂ဝ၂၁ ခုနှစ်က အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် အာဆီယံအဖွဲ့ကြီးဟာ မြန်မာနိုင်ငံရေးအခက်အခဲတွေကို ဖြေရှင်းနိုင်အောင် ကြားဝင်ဆောင်ရွက်ခဲ့ပြီး အာဆီယံသဘောတူညီချက် ငါးချက်ကို ရယူနိုင်ခဲ့ပါတယ်။ အဲဒီအာဆီယံသဘောတူညီချက်ငါးချက် အကောင်အထည်ဖော်ရေးဟာလည်း လက်ရှိအချိန်အထိ သိသာတိုးတက်မှုတွေမရှိဘူးလို့ ဝေဖန်မှုတွေ ရှိနေဆဲဖြစ်ပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကျေးရွာလမ်းပေါ်တွင် အမျိုးသားတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု မတ္တရာမြို့နယ်၌ဖြစ်ပွား

RELATED POSTS
RECENT POSTS
မနက်ဖြန်မှစ၍ စားအုန်းဆီ အိမ်အရောက်ပို့သည့်စနစ်၌ ဆီပိဿာချိန် နှင့် သယ်ယူပို့ဆောင်ခ အနည်းငယ် ပြောင်းလဲမည်
22 Sep 2024
ဒါဇင်နဲ့ချီတဲ့ အစ္စရေးစစ်လေယာဉ်တွေက လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ကြီးမားတဲ့လေကြောင်း တိုက်ခိုက်မှု ပြုလုပ်
22 Sep 2024
ဒုတိယအကြိမ်မြောက်စကားစစ်ထိုးပွဲ လုပ်ဆောင်ဖို့အတွက် ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်ရဲ့ တောင်းဆိုမှုကို ဒေါ်နယ်ထရမ့် ငြင်းဆန်ပယ်ချ
22 Sep 2024
နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၃ဝ ဘီလျံ သုံးစွဲရန် လျာထား
22 Sep 2024
မန္တလေးနဲ့ ငါးမိုင်အကွာက PDF အသိုက်ကို တပ်မတော် ဝင်ရှင်းပြီ၊ ထုတ်ပြန်ချက်အပြီးမှာ MNDAA တို့ စစ်သား အဓမ္မစုဆောင်းမှုလုပ်နေပြီ၊ ရထားရဲကို ရက်ရက်စက်စက် သတ်ခဲ့သူ ငါးဦးက နိုင်ငံရေးသမား/ဒီမိုကရေစီသမားတွေတဲ့လား၊ ရခိုင်မှာ အရက်ဘီယာ မရောင်းရဆိုတဲ့ AA (၂၁-၉-၂ဝ၂၄)
22 Sep 2024
ဂျပန်နိုင်ငံအလယ်ပိုင်း၊ အိုက်ရှီကာဝါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ပျောက်ဆုံး သေဆုံးသူများရှိနေ
22 Sep 2024
မိုးကုတ်-မိုးမိတ်မှာ သပြေပန်းတွေ အစွမ်းပြပြီ၊ တောင်ဒဂုံ အုပ်ကြီးတို့ သတ်ဖြတ်ခံရမှု နဲ့ အုပ်ကြီးတို့ သတိပြုစရာများ၊ KIA ၊ PDF ဖျက်ဆီးတဲ့ သင်္ဘော (၆) စင်း နဲ့ ဖားကန့် တိုက်ပွဲ၊ ရေ‌ဘေး သေဆုံး ပျက်စီးမှုစာရင်း (၂ဝ-၉-၂ဝ၂၄)
21 Sep 2024
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved