Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မော်လမြိုင်တောင်ဝိုင်းတောင်တက်ကားလမ်းအား နံနက် ၆ နာ ရီ မှ ညနေ ၆ နာရီအထိသာ ဖြတ်သန်းခွင့်ပြု

ကျော် (NSS) - ဒီဇင်ဘာ ၁၃

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ မော်လမြိုင်တောင်ဝိုင်းတောင်တက်ကားလမ်းအား မော်လမြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဖြတ်သန်းသွား လာခွင့်ပေးမည်ဖြစ်ကြောင်း မော်လမြိုင်မြို့အခြေစိုက်လူမှုကူညီရေးအသင်းများထံမှ သိရသည်။


ထို့ကြောင့် မော်လမြိုင်တောင်ဝိုင်းတောင်တက်ကားလမ်းအား လမ်းလျှောက်တက်ရောက်၍ နံနက်ခင်း နှင့် ညနေပိုင်းအလှများအား ကြည့်ရှုလိုသူများ၊ ကျန်းမာရေးအရလမ်းလျှောက်လိုသူများအနေဖြင့် အဆိုပါအချိန်အတွင်းသာ လမ်းလျှောက်ခွင့်ရတော့မည်ဖြစ်ကြောင်း သိရသည်။

မော်လမြိုင်မြို့ရှိ မော်လမိုင်တောင်ဝိုင်းတောင်တက်ကားလမ်း၏ တောင်တက်လမ်းလျှောက်ရာသီအား တောင်တက်လမ်းလျှောက်လိုသူများ၊ တောင်တက်လမ်းလျှောက်ဘုရားဖူးသူများအတွက် ယခုနှစ် ဒီဇင်ဘာလမှစတင်၍ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ လအထိ (၃)လသတ်မှတ်ထားသည်။

"တောင်တက်လမ်းလျှောက် ရာသီစဖွင့်ခါစက မနက် ၄ နာရီကနေ ည ၈ နာရီအထိ လမ်းလျှောက်တက်ခွင့်ရတယ်။ ပြီးခဲ့တဲ့ရက် ပိုင်းကမှစပြီး မော်လမြိုင်မြို့နယ်ထွေအုပ်က တောင်တက်ကားလမ်းပေါ်မှာ ည ၆ နာရီကနေ မနက် ၆ နာရီအထိ ဖြတ်သန်းခွင့်မပြုဘူးလို့ အမိန့်ထုတ်တယ်ဆိုတဲ့ ဗီနိုင်းလာချိတ်သွားတာ။ ဒေသန္တရအမိန့်လို့ပြောတယ်"ဟု မော်လမြိုင်မြို့အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

အဆိုပါ မော်လမြိုင်တောင်ဝိုင်းတောင်တက်ကားလမ်း၏ တောင်တက်လမ်းလျှောက်ရာသီစတင်ဖွင့်လှစ်ချိန်က နံနက် ၄ နာရီမှစ၍ ည ၈ နာရီအထိ လမ်းလျှောက်ခွင့်ပြုခဲ့သဖြင့် နံနက်ပိုင်းနေထွက်ချိန်အလှအားကြည့်ရှုသူများ နှင့် ညပိုင်းနေဝင်ချိန်အလှအားကြည့်ရှုရန် လမ်းလျှောက်လာသူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။

"အရင်ကဆိုရင် တောင်တက်လမ်းလျှောက်ရာသီစဖွင့်ချိန် ကျွန်တော်တို့အဖွဲ့က စက်ဘီးတွေနဲ့သွားကြတယ်။ ကားနဲ့ဆိုင်ကယ်တွေကို အဲဒီ(၃)လအတွင်းမှာ တက်ခွင့်မပေးပေမယ့် စက်ဘီးတွေနဲ့တော့တက်လို့ရတယ်။ မနက်ပိုင်းဆိုရင် အရမ်းပျော်ဖို့ကောင်းတာ သူငယ်ချင်းတွေစုပြီး လမ်းလျှောက်တဲ့လူတွေ မိသားစုလိုက်လမ်းလျှောက်တဲ့လူတွေ အများကြီးပဲ။ မနက်ပိုင်းအချိန်နဲ့ညပိုင်းက ရှုခင်းတွေကြည့်လို့အကောင်းဆုံးအချိန်လေ"ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။

ထိုသို့ တောင်တက်လမ်းလျှောက်ရာသီဖွင့်လှစ်ချိန်မှစတင်၍ နေ့စဥ်လမ်းလျှောက်သူများပြားလျက်ရှိရာမှ မော်လမြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက လတ်တလောဖြစ်ပေါ်နေ သည့် အခြေအနေများကြောင့် လုံခြုံရေးအခြေအနေအရ ည ၆ နာရီမှ နံနက် ၆ နာရီအထိ တောင်တက်ကားလမ်းအား ဖြတ် သန်းတက်ရောက်ခွင့်မပြုကြောင်း အမိန့်ထုတ်ပြန်ခဲ့သဖြင့် လာရောက်လမ်းလျှောက်သူနည်းပါးသွားကြောင်း သိရသည်။

"ဖြတ်သန်းခွင့်ပိတ်တဲ့အချိန်က လမ်းလျှောက်လို့အကောင်းဆုံးအချိန်တွေပါ ည ၆ နာရီဆိုတာ တောင်ပေါ်လမ်းမှာအေးအေးလေးနဲ့လမ်းလျှောက်လို့ကောင်းတယ်။ နောက်မနက် ၄ နာရီဆိုရင်လည်း ဒီဇင်ဘာလရဲ့အအေးဓာတ်လေးနဲ့ လမ်းလျှောက်လို့ကောင်းတယ်။ မနက်ခင်းအစောပိုင်းရဲ့အရသာအပြည့်ရတယ်။ အခုကြတော့ လမ်းလျှောက်ခွင့်ပေးတဲ့အချိန်က အဆင်မပြေဘူး"ဟု မော်လမြိုင်မြို့အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ထိုသို့ ဖြတ်သန်းခွင့်ပိတ်ထားသဖြင့် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက တောင်တက်လမ်းလျှောက်သူများဖြင့်စည်ကားခဲ့သော မော်လမြိုင်တောင်ဝိုင်းတောင်တက်ကားလမ်းသည် လက်ရှိအချိန်၌ သွားလာသူနည်းပါးသွားခဲ့သဖြင့် လမ်းလျှောက်သူများနှင့်ဘုရား ဖူးများကို အဓိကဦးတည်ရောင်းချနေရသည့် စျေးရောင်းသူများသည် အခက်အခဲများကြုံတွေ့နေရကြောင်း သိရသည်။

မော်လမြိုင်တောင်ဝိုင်းတောက်တက်ကားလမ်းအား လမ်း လျှောက်တက်ရောက်သူများအနေဖြင့် ဆေးလိပ်သောက်သုံးခြင်းမပြုရန်နှင့် အမှိုက်များကို အမှိုက်ပုံးများအတွင်းသို့ စည်းကမ်းတကျစွန့်ပစ်ပေးရန်၊ စျေးရောင်းသူများအနေဖြင့် လမ်းလျှောက်သူ များ စိတ်အနှောင့်အယှက်မဖြစ်စေရန် ကွန်ကရစ်လမ်းပေါ်သို့တက်ရောက်၍ စျေးရောင်းချခြင်း၊ ညှော်နံ့ထွက်သော အစားအ သောက်များ၊ အရက်၊ ဘီယာရောင်းချခြင်းများမပြုလုပ်ရန် တောင်တက်လမ်းအားဦးဆောင်ပြုလုပ်ခဲ့သည့် သာသနာ့နွယ်ဖောင်ဒေးရှင်းမှ မေတ္တာရပ်ခံတားမြစ်ထားကြောင်း သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရွှေတိဂုံစေတီတော်မြတ်ကြီးအား ၂ဝ၂၅ ခုနှစ် နှစ်စပိုင်း၌ လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်မည်

RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved