Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ယခင် အစိုးရဟောင်း၏ ခြောက်လှန့်မှုများကြားမှ ဖီဂျီနိုင်ငံ ဝန်ကြီးချုပ်အဖြစ် စစ်တပ် အကြီးအကဲဟောင်း ရွေးချယ်ခံရ

Htay Oung (NP News) - ဒီဇင်ဘာ ၂၄

ယခင် ဖီဂျီစစ်တပ်အကြီးအကဲဟောင်း သြဇာအရှိန်အဝါကြီးမားသူ စီတီဗီနီ ရာဘူကာဟာ ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခြင်းခံရကြောင်း စနေနေ့ (ဒီဇင်ဘာလ ၂၄ ရက်)မှာ အတည်ပြုချက်ထွက်ပေါ်လာတယ်လို့ Reuters က ယနေ့(ဒီဇင်ဘာလ ၂၄ ရက်)မှာရေးသားပါတယ်။

၂ဝဝ၆ ခုနှစ် စစ်တပ်အာဏာသိမ်းမှုနဲ့ အစိုးရကို ဖြုတ်ချခဲ့ဖူးသူ ရေတပ်အကြီး အကဲဟောင်း ဖရန့်ဘိုင်နီမာရန်မာရဲ့တစ်နှစ်ကြာ ဝန်ကြီးချုပ်နေရာမှာ ရာဘူကာက တာဝန်ယူရမှာဖြစ်ပါတယ်။ ပါလီမန်မှာ သမ္မတအဖြစ် ကျမ်းသစ္စာကြိမ်ဆိုဖို့ ရည်ရွယ်ထားရာက ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရခြင်းဟာ မာန်စွယ်တွေကို ချိုးလိုက်သလို ခံစားမိကြောင်း အသက် (၇၄)နှစ်အရွယ် ရာဘူကာက ပြောဆိုပါတယ်။


ပစိတ်သမုဒ္ဒရာတောင်ပိုင်း နယူးဇီလန် အရှေ့မြောက်ဖက် မိုင် ၁၁ဝဝ ကျော် ကွာဝေးတဲ့ ဖီဂျီသမ္မတနိုင်ငံဟာ လူဦးရေ (၁)သန်းပင်မပြည့်တဲ့ ကျွန်းနိုင်ငံဖြစ်ပါတယ်။ (၁၇)ရာစုနှစ်မှာ ဥရောပတိုက်သားများ ရောက်ရှိလာပြီး ၁၈၇၄ ခုနှစ်မှ ၁၉၇ဝ ခုနှစ် လွတ်လပ်ရေးရရှိချိန်အထိ ဗြိတိသျှကိုလိုနီလက်အောက် နှစ် ၁ဝဝ နီးပါးကျရောက်ခဲ့ပါတယ်။

နိုင်ငံရဲ့ ၂၇ ရာခိုင်နှုန်းဟာ အိန္ဒိယနွယ်ဖွား ဟိန္ဒူများဖြစ်ပြီး ကျွန်းဇာတိဖွား ခရစ်ယာန်ဘာသာဝင်တို့က အများစုဖြစ်ပါတယ်။ ဖီဂျီသမ္မတနိုင်ငံ တပ်မတော်မှာ ရေတပ် တပ်ဖွဲ့ဝင် ၃ဝဝ အပါအဝင် ကြည်းတပ်အင်အား ၃၅ဝဝ နဲ့ အရန်တပ်သား ၆ဝဝဝ ရှိပါတယ်။ နိုင်ငံအရွယ်အစားထက်စာလျှင် ကြီးမားတဲ့ စစ်တပ်ရှိနေတဲ့အတွက် ကုလသမဂ္ဂ ငြိမ်းချမ်းရေး မစ်ရှင်များမှာ တာဝန်ထမ်းဆောင်နေပါတယ်။

၁၉၈၇ ခုနှစ်နောက်ပိုင်း စစ်အာဏာသိမ်းမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး ၂ဝဝ၆ ခုနှစ်မှာအစိုးရကို ဖြုတ်ချပြီး သမ္မတဖြစ်ကြောင်း ကြေညာခဲ့သူ ရေတပ်အကြီးအကဲဟောင်း ဖရန့်ဘိုင်နီမာရန်မာဟာ ဥပဒေနဲ့ မညီညွတ်ဖူး လို့ ဖီဂျီတရားရုံးချုပ်က ၂ဝဝ၉ ခုနှစ်မှာ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ အမည်ခံ အကြီးအကဲအဖြစ် စစ်တပ်က တင်မြှောက်ထားတဲ့ သမ္မတ ရာတူးဂျိုစီဖာက ဖီဂျီဖွဲ့စည်းပုံဥပဒေကို ဖျက်သိမ်းပြီး ဖရန့် ဘိုင်နီမာရန်မာကို ယာယီဝန်ကြီးချုပ် အဖြစ် ခန့်အပ်ခဲ့ပါတယ်။

၂ဝ၁၄ ခုနှစ်မှာ ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်ပွဲများ ပြုလုပ်ခဲ့ပြီး အာဏာ သိမ်းရာမှာ (၂)ကြိမ်တိုင်ဦး ဆောင်ခဲ့ဖူးသူ ဖရန့်ဘိုင်နီမာရန်မာရဲ့ပါတီက ၅၉ ဒသမ ၂ ရာခိုင်နှုန်းနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ရွေးကောက်ပွဲဟာ တရားမျှတတယ်လို့ သြစတြေးလျ၊ အိန္ဒိယ၊ အင်ဒိုနီးရှားနဲ့ နိုင်ငံတကာတို့က ယုံကြည်လက်ခံခဲ့ကြပါတယ်။ အဲ့ဒီနောက်ပိုင်း ဘိုင်နီမာရန်မာက ၂ဝ၂၂ ခုနှစ်အထိ အာဏာရရှိခဲ့ပါတယ်။

ယခု နိုင်ငံအကြီးအကဲအဖြစ် ရွေးကောက်ခံရသူ စီတီဗီနီ ရာဘူကာဟာ အိန္ဒိယစစ်တက္ကသိုလ်နဲ့ သြစတြေးလျ စစ်ကျောင်းဆင်းဖြစ်ပြီး ၁၉၈၇ ခုနှစ် ဖီဂျီနိုင်ငံ နှစ်ကျော့ပြန် စစ်အာဏာသိမ်းရာမှာ ဦးဆောင်ခဲ့သူ ဝန်ကြီးချုပ်ဟောင်း ဖြစ်ပါတယ်။

ပါလီမန် လျှို့ဝှက်မဲပေးကြရာမှာ ရာဘူကာဟာ ဘိုင်နီမာရန်မာ အပေါ် (၂၈)မဲ ၊ (၂၇)မဲနဲ့ ပွတ်ကာသီကာ အနိုင်ရရှိခဲ့ပါတယ်။ မြို့တော် ဆူဗာရှိ ပါလီမန် အဆောက်အအုံကို ဖြတ်ကျော်မောင်းနှင်လာတဲ့ မော်တော်ကားများက ကျယ်လောင်တဲ့ ဟွန်းတီးသံနဲ့ သြဘာပေးခဲ့ကြပါတယ်။ ပစိဖိတ်ဒေသဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီးကလည်း ရာဘီကာအတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း သူ့ရဲ့တွစ်တာစာမျက်နှာမှာ ရေးသားပါတယ်။

ကျင်းပဖို့အတွက် လပေါင်းအတော်ကြာ လိပ်ခဲတင်းလင်းဖြစ်ခဲ့ရတဲ့ အထွေထွေ ရွေးကောက်ပွဲအပြီး ရာဘူကာရော ဘိုင်နီမာရန်မာတို့ပါ ညွန့်ပေါင်းအစိုးရဖွဲ့စည်းနိုင်ရေးအတွက် အပြိုင်အဆိုင် ကြိုးပမ်းနေကြစဉ် ဆူဗာမြို့လမ်းများပေါ်မှာ စစ်တပ်များက တပ်ဖြန့်ချထားခဲ့ပါတယ်။

ဖီဂျီစစ်တပ်အနေနဲ့ တရား ဥပဒေစိုးမိုးရေးကို ထိန်းသိမ်းရန် လိုအပ်၍ ဖြစ်ကြောင်း အထောက်အထားမရှိတဲ့ လူမျိုးရေးအကြမ်းဖက်မှုဆိုင်ရာ သတင်းများကို ကိုးကားပြီး အဲ့ဒီအချိန် အာဏာရ ဘိုင်နီမာရန်မာက ပြောပါတယ်။ ဒါပေမဲ့ ၁၉၉၂ ခုနှစ်မှ ၁၉၉၉ ခုနှစ်အတွင်း ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖီဂျီစစ်ဦးစီးချုပ်ဟောင်း ရာဘူကာကလည်း ဘိုင်နီမာရန်မာ အစိုးရဟာ လူ့အဖွဲ့ အစည်းအတွင်း အကြောက်တရားနဲ့ ပရမ်းပတာ ဖြစ်အောင် လုပ်ဆောင်နေကြောင်း နိုင်ငံကို လူမျိုးရေးခွဲခြားမှု မီးတောက်အတွင်း ပစ်ထည့်ဖို့ ကြိုးပမ်းနေကြောင်း ပြန်လှန် ချေပခဲ့ပါတယ်။

လူမျိုးရေးအကြမ်းဖက်မှုလို့ အကြောင်းပြချက်နဲ့ နောက်ဆက်တွဲ စစ်တပ်များ ဖြန့်ချနေခြင်းဟာ ဘိုင်နီမာရန်မာ အစိုးရရဲ့ အာဏာသိမ်းဖို့အတွက် အရွေ့တစ်ခု ဖြစ်လာမှာကို ဖီဂျီနိုင်ငံသား အများအပြားက စိုးရိမ်နေကြပါတယ်။ အဲ့ဒီအချက်ကပဲ ရာဘူကာကို နိုင်ငံရေးမှာ ပြန်လည်နေရာရရှိလာဖို့ ထူးခြားမှု ဖြစ်ပါတယ်။

ဖီဂျီ ရပ်ဘီလက်ရွေးစင်ဟောင်းဖြစ်သူ ရာဘူကာဟာ ညွန့်ပေါင်းအစိုးရဖွဲ့စည်းဖို့အတွက် SODELPA ပါတီကို သောကြာနေ့မွန်းလွဲပိုင်းမှာ အောင်မြင်စွာ စည်းရုံးနိုင်ခဲ့ပါတယ်။ စောစောပိုင်း SODELPA ပါတီရဲ့ ဘိုင်နီမာရန်မာအပေါ် ထောက်ခံမဲတွေကို ပယ်မဲများ အဖြစ် ဖီဂျီရွေးကောက်ပွဲကြီးကြပ်ရေးကော်မတီက သတ်မှတ်လိုက် ပါတယ်။

လွန်ခဲ့တဲ့ ၃၅ နှစ်အတွင်း ဖီဂျီနိုင်ငံမှာ စစ်အာဏာသိမ်းမှု လေးကြိမ်တိုင် ကြုံတွေခဲ့ရပြီး ယခု အနိုင်ရရှိသူအဖြစ် ဂုဏ်ပြုနေကြသူ ရာဘူကာက နှစ်ကြိမ်၊ လက်ရှိအစိုးရ ဘိုင်နီမာရန်မာက တစ်ကြိမ်စီ အသီးသီး ပါဝင်ခဲ့ကြပါ တယ်။

(Reuters., 24 December 2022,” Ex-army strongman Rabuka confirmed as Fiji PM” ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

zawgyi version

ယခင္ အစိုးရေဟာင္း၏ ေျခာက္လွန႔္မႈမ်ားၾကားမွ ဖီဂ်ီႏိုင္ငံ ဝန္ႀကီးခ်ဳပ္အျဖစ္ စစ္တပ္ အႀကီးအကဲေဟာင္း ေ႐ြးခ်ယ္ခံရ

Htay Oung (NP News) - ဒီဇင္ဘာ ၂၄

ယခင္ ဖီဂ်ီစစ္တပ္အႀကီးအကဲေဟာင္း ၾသဇာအရွိန္အဝါႀကီးမားသူ စီတီဗီနီ ရာဘူကာဟာ ဝန္ႀကီးခ်ဳပ္အျဖစ္ ေ႐ြးေကာက္ျခင္းခံရေၾကာင္း စေနေန႔ (ဒီဇင္ဘာလ ၂၄ ရက္)မွာ အတည္ျပဳခ်က္ထြက္ေပၚလာတယ္လို႔ Reuters က ယေန႔(ဒီဇင္ဘာလ ၂၄ ရက္)မွာေရးသားပါတယ္။

၂ဝဝ၆ ခုႏွစ္ စစ္တပ္အာဏာသိမ္းမႈနဲ႔ အစိုးရကို ျဖဳတ္ခ်ခဲ့ဖူးသူ ေရတပ္အႀကီး အကဲေဟာင္း ဖရန႔္ဘိုင္နီမာရန္မာရဲ႕တစ္ႏွစ္ၾကာ ဝန္ႀကီးခ်ဳပ္ေနရာမွာ ရာဘူကာက တာဝန္ယူရမွာျဖစ္ပါတယ္။

ပါလီမန္မွာ သမၼတအျဖစ္ က်မ္းသစၥာႀကိမ္ဆိုဖို႔ ရည္႐ြယ္ထားရာက ဝန္ႀကီးခ်ဳပ္အျဖစ္ ေ႐ြးခ်ယ္ခံရျခင္းဟာ မာန္စြယ္ေတြကို ခ်ိဳးလိုက္သလို ခံစားမိေၾကာင္း အသက္ (၇၄)ႏွစ္အ႐ြယ္ ရာဘူကာက ေျပာဆိုပါတယ္။ ပစိတ္သမုဒၵရာေတာင္ပိုင္း နယူးဇီလန္ အေရွ႕ေျမာက္ဖက္ မိုင္ ၁၁ဝဝ ေက်ာ္ ကြာ ေဝးတဲ့ ဖီဂ်ီသမၼတႏိုင္ငံဟာ လူဦးေရ (၁)သန္းပင္မျပည့္တဲ့ ကြၽန္းႏိုင္ငံျဖစ္ပါတယ္။

(၁၇)ရာစုႏွစ္မွာ ဥေရာပတိုက္သားမ်ား ေရာက္ရွိလာၿပီး ၁၈၇၄ ခုႏွစ္မွ ၁၉၇ဝ ခုႏွစ္ လြတ္လပ္ေရးရရွိခ်ိန္အထိ ၿဗိတိသွ်ကိုလိုနီလက္ေအာက္ ႏွစ္ ၁ဝဝ နီးပါးက်ေရာက္ခဲ့ပါတယ္။ ႏိုင္ငံရဲ႕ ၂၇ ရာခိုင္ႏႈန္းဟာ အိႏၵိယႏြယ္ဖြား ဟိႏၵဴမ်ားျဖစ္ၿပီး ကြၽန္းဇာတိဖြား ခရစ္ယာန္ဘာသာဝင္တို႔က အမ်ားစုျဖစ္ပါတယ္။

ဖီဂ်ီသမၼတႏိုင္ငံ တပ္မေတာ္မွာ ေရတပ္ တပ္ဖြဲ႕ဝင္ ၃ဝဝ အပါအဝင္ ၾကည္းတပ္အင္အား ၃၅ဝဝ နဲ႔ အရန္တပ္သား ၆ဝဝဝ ရွိပါတယ္။ ႏိုင္ငံအ႐ြယ္အစားထက္စာလွ်င္ ႀကီးမားတဲ့ စစ္တပ္ရွိေနတဲ့အတြက္ ကုလသမဂၢ ၿငိမ္းခ်မ္းေရး မစ္ရွင္မ်ားမွာ တာဝန္ထမ္းေဆာင္ေနပါတယ္။

၁၉၈၇ ခုႏွစ္ေနာက္ပိုင္း စစ္အာဏာသိမ္းမႈမ်ား ဆက္တိုက္ျဖစ္ေပၚခဲ့ၿပီး ၂ဝဝ၆ ခုႏွစ္မွာအစိုးရကို ျဖဳတ္ခ်ၿပီး သမၼတျဖစ္ေၾကာင္း ေၾကညာခဲ့သူ ေရတပ္အႀကီးအကဲေဟာင္း ဖရန႔္ဘိုင္နီမာရန္မာဟာ ဥပေဒနဲ႔ မညီၫြတ္ဖူး လို႔ ဖီဂ်ီတရား႐ုံးခ်ဳပ္က ၂ဝဝ၉ ခုႏွစ္မွာ ဆုံးျဖတ္ခဲ့ပါတယ္။ ဒါေပမဲ့ အမည္ခံ အႀကီးအကဲအျဖစ္ စစ္တပ္က တင္ေျမႇာက္ထားတဲ့ သမၼတ ရာတူးဂ်ိဳစီဖာက ဖီဂ်ီဖြဲ႕စည္းပုံဥပေဒကို ဖ်က္သိမ္းၿပီး ဖရန႔္ ဘိုင္နီမာရန္မာကို ယာယီဝန္ႀကီးခ်ဳပ္ အျဖစ္ ခန႔္အပ္ခဲ့ပါတယ္။

၂ဝ၁၄ ခုႏွစ္မွာ ဒီမိုကေရစီနည္းလမ္းက် ေ႐ြးေကာက္ပြဲမ်ား ျပဳလုပ္ခဲ့ၿပီး အာဏာ သိမ္းရာမွာ (၂)ႀကိမ္တိုင္ဦး ေဆာင္ခဲ့ဖူးသူ ဖရန႔္ဘိုင္နီမာရန္မာရဲ႕ပါတီက ၅၉ ဒသမ ၂ ရာခိုင္ႏႈန္းနဲ႔ အႏိုင္ရရွိခဲ့ပါတယ္။ ေ႐ြးေကာက္ပြဲဟာ တရားမွ်တတယ္လို႔ ၾသစေၾတးလ်၊ အိႏၵိယ၊ အင္ဒိုနီးရွားနဲ႔ ႏိုင္ငံတကာတို႔က ယုံၾကည္လက္ခံခဲ့ၾကပါတယ္။ အဲ့ဒီေနာက္ပိုင္း ဘိုင္နီမာရန္မာက ၂ဝ၂၂ ခုႏွစ္အထိ အာဏာရရွိခဲ့ပါတယ္။

ယခု ႏိုင္ငံအႀကီးအကဲအျဖစ္ ေ႐ြးေကာက္ခံရသူ စီတီဗီနီ ရာဘူကာဟာ အိႏၵိယစစ္တကၠသိုလ္နဲ႔ ၾသစေၾတးလ် စစ္ေက်ာင္းဆင္းျဖစ္ၿပီး ၁၉၈၇ ခုႏွစ္ ဖီဂ်ီႏိုင္ငံ ႏွစ္ေက်ာ့ျပန္ စစ္အာဏာသိမ္းရာမွာ ဦးေဆာင္ခဲ့သူ ဝန္ႀကီးခ်ဳပ္ေဟာင္း ျဖစ္ပါတယ္။ ပါလီမန္ လွ်ိဳ႕ဝွက္မဲေပးၾကရာမွာ ရာဘူကာဟာ ဘိုင္နီမာရန္မာ အေပၚ (၂၈)မဲ ၊ (၂၇)မဲနဲ႔ ပြတ္ကာသီကာ အႏိုင္ရရွိခဲ့ပါတယ္။

ၿမိဳ႕ေတာ္ ဆူဗာရွိ ပါလီမန္ အေဆာက္အအုံကို ျဖတ္ေက်ာ္ေမာင္းႏွင္လာတဲ့ ေမာ္ ေတာ္ကားမ်ားက က်ယ္ေလာင္တဲ့ ဟြန္းတီးသံနဲ႔ ၾသဘာေပးခဲ့ၾကပါတယ္။ ပစိဖိတ္ေဒသဆိုင္ရာ ဥေရာပသမဂၢသံအမတ္ႀကီးကလည္း ရာဘီကာအတြက္ ဂုဏ္ယူဝမ္းေျမာက္ပါေၾကာင္း သူ႔ရဲ႕တြစ္တာစာမ်က္ႏွာမွာ ေရးသားပါတယ္။

က်င္းပဖို႔အတြက္ လေပါင္းအေတာ္ၾကာ လိပ္ခဲတင္းလင္းျဖစ္ခဲ့ရတဲ့ အေထြေထြ ေ႐ြးေကာက္ပြဲအၿပီး ရာဘူကာေရာ ဘိုင္နီမာရန္မာတို႔ပါ ၫြန႔္ေပါင္းအစိုးရဖြဲ႕စည္းႏိုင္ေရးအတြက္ အၿပိဳင္အဆိုင္ ႀကိဳးပမ္းေနၾကစဥ္ ဆူဗာၿမိဳ႕လမ္းမ်ားေပၚမွာ စစ္တပ္မ်ားက တပ္ျဖန႔္ခ်ထားခဲ့ပါတယ္။

ဖီဂ်ီစစ္တပ္အေနနဲ႔ တရား ဥပေဒစိုးမိုးေရးကို ထိန္းသိမ္းရန္ လိုအပ္၍ ျဖစ္ေၾကာင္း အေထာက္အထားမရွိတဲ့ လူမ်ိဳးေရးအၾကမ္းဖက္မႈဆိုင္ရာ သတင္းမ်ားကို ကိုးကားၿပီး အဲ့ဒီအခ်ိန္ အာဏာရ ဘိုင္နီမာရန္မာက ေျပာပါ တယ္။ ဒါေပမဲ့ ၁၉၉၂ ခုႏွစ္မွ ၁၉၉၉ ခုႏွစ္အတြင္း ဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သူ ဖီဂ်ီစစ္ဦးစီးခ်ဳပ္ေဟာင္း ရာဘူကာကလည္း ဘိုင္နီမာရန္မာ အစိုးရဟာ လူ႔အဖြဲ႕ အစည္းအတြင္း အေၾကာက္တရားနဲ႔ ပရမ္းပတာ ျဖစ္ေအာင္ လုပ္ေဆာင္ေနေၾကာင္း ႏိုင္ငံကို လူမ်ိဳးေရးခြဲျခားမႈ မီးေတာက္အတြင္း ပစ္ထည့္ဖို႔ ႀကိဳးပမ္းေနေၾကာင္း ျပန္လွန္ ေခ်ပခဲ့ပါတယ္။

လူမ်ိဳးေရးအၾကမ္းဖက္မႈလို႔ အေၾကာင္းျပခ်က္နဲ႔ ေနာက္ဆက္တြဲ စစ္တပ္မ်ား ျဖန႔္ခ်ေနျခင္းဟာ ဘိုင္နီမာရန္မာ အစိုးရရဲ႕ အာဏာသိမ္းဖို႔အတြက္ အေ႐ြ႕တစ္ခု ျဖစ္လာမွာကို ဖီဂ်ီႏိုင္ငံသား အမ်ားအျပားက စိုးရိမ္ေနၾကပါတယ္။ အဲ့ဒီအခ်က္ကပဲ ရာဘူကာကို ႏိုင္ငံေရးမွာ ျပန္လည္ေနရာရရွိလာဖို႔ ထူးျခားမႈ ျဖစ္ပါတယ္။

ဖီဂ်ီ ရပ္ဘီလက္ေ႐ြးစင္ေဟာင္းျဖစ္သူ ရာဘူကာဟာ ၫြန႔္ေပါင္းအစိုးရဖြဲ႕စည္းဖို႔အတြက္ SODELPA ပါတီကို ေသာၾကာေန႔မြန္းလြဲပိုင္းမွာ ေအာင္ျမင္စြာ စည္း႐ုံးႏိုင္ခဲ့ပါတယ္။ ေစာေစာပိုင္း SODELPA ပါတီရဲ႕ ဘိုင္နီမာရန္မာအေပၚ ေထာက္ခံမဲေတြကို ပယ္မဲမ်ား အျဖစ္ ဖီဂ်ီေ႐ြးေကာက္ပြဲႀကီးၾကပ္ေရးေကာ္မတီက သတ္မွတ္လိုက္ ပါတယ္။

လြန္ခဲ့တဲ့ ၃၅ ႏွစ္အတြင္း ဖီဂ်ီႏိုင္ငံမွာ စစ္အာဏာသိမ္းမႈ ေလးႀကိမ္တိုင္ ႀကဳံေတြခဲ့ရၿပီး ယခု အႏိုင္ရရွိသူအျဖစ္ ဂုဏ္ျပဳေနၾကသူ ရာဘူကာက ႏွစ္ႀကိမ္၊ လက္ရွိအစိုးရ ဘိုင္နီမာရန္မာက တစ္ႀကိမ္စီ အသီးသီး ပါဝင္ခဲ့ၾကပါ တယ္။

(Reuters., 24 December 2022,” Ex-army strongman Rabuka confirmed as Fiji PM” ကို ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အမေရိကန်နိုင်ငံရေးအကွဲအပြဲကို စိတ်ဆိုးဒေါသဖြစ်မိကြောင်း အမေရိကန်သမ္မတပြော

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved